စစ်ကောင်စီ နှင့် ဆက်နွယ် လူပုဂ္ဂိုလ် ၆ ဦး နှင့် သတ္တုတွင်းလုပ်ငန်း EU ထပ်မံ ဒဏ်ခတ်

စစ်ကောင်စီ နှင့် ဆက်နွယ် လူပုဂ္ဂိုလ် ၆ ဦး နှင့် သတ္တုတွင်းလုပ်ငန်း EU ထပ်မံ ဒဏ်ခတ်

စစ်ကောင်စီ၏ ဝန်ကြီး ၃ ဦး နှင့် စစ်ကောင်စီ နှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ် ၆ ဦး တို့အပြင် အမှတ် (၂) သတ္တု တွင်း လုပ်ငန်းကို ဥရောပသမဂ္ဂ (EU)  က ထပ်မံ ဒဏ်ခတ်လိုက်ကြောင်း ဇူလိုင် ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဥရောပသမဂ္ဂမှ ထပ်မံ အရေးယူလိုက်သည့် သူများမှာ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး  ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်း နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကောင်စီ အဖွဲ့ဝင်များ ဖြစ် သည့် ဦးအောင်ကျော်မင်း နှင့် Porel အောင်သိန်း တို့အပြင် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့ ဖြစ်ကြသည်။

ထို့အပြင်  နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်း ဌာနသည် မြန်မာစစ်တပ်အတွက် ဝင်ငွေရအောင် လုပ်ဆောင်ပေးနေ ခြင်းဖြစ်သည့် အတွက်ကြောင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုအရေးယူမှုသည် သတ္တမအကြိမ်မြောက် အရေးယူခြင်း ဖြစ်ပြီး၊ ထိုအရေးယူခံရသူများသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံ့တည်ငြိမ်အေးချမ်းမှုအတွက် ခြိမ်းခ ြောက်မှုများ ဆက်လက်ဖြစ်ပေါ်စေသည့်အတွက် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီမှ အရပ်သားပြည်သူများကို နှိပ်စက်ညှဉ်းပန်းမှု၊ လိင် နှင့် ကျားမ အခြေပြုအကြမ်းဖက်မှု၊ အရပ် ဘက် လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် သတင်းသမားများကို ဖမ်းဆီးနှိပ် ကွပ်နေမှုများလည်း ဆက်တိုက်ရှိနေသည်။

ထို့အပြင် ဧပြီ (၁၀) ရက်နေ့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပစ်ခတ်မှုရှိနေသည့် အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့်လည်း အရပ်သား ၂၀၀ နီးပါး သေဆုံးမှု ဖြစ်ပွားသည့်အတွက် စစ်ကောင်စ၏ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို EU က ရှုပ်ချကြောင်းလည်း ဆိုသည်။

ယခုကဲ့သို့  အရေးယူ ဒဏ်ခတ်ထားသူများ၏ ပိုင်ဆိုင်မှုများကို (EU) မှ ထိန်းချုပ်မှာဖြစ်ပြီး ခရီးသွားခွင့် နှင့် EU အဖွဲ့ဝင်နိုင်ငံသားများ ငွေကြေး ဆက်သွယ် ထောက်ပံ့မှုများကိုပါ ပိတ်ပင် တားမြစ်လိုက်သည်။

ဇွန်လ ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဝင်၊ အထွက် နှင့် ငွေပေးချေမှုတို့တွင် အရေးပါ သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

Most read this week

November 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ...
October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...