မွန်ပြည်နယ်မှာ ရော်ဘာသယ်ယူခွင့် ကန့်သတ်ခံရ၊ ငွေမပေးရင် သယ်ယူခွင့်မရ

မွန်ပြည်နယ်မှာ ရော်ဘာသယ်ယူခွင့် ကန့်သတ်ခံရ၊ ငွေမပေးရင် သယ်ယူခွင့်မရ

မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က အကြောင်းပြချက်မရှိ ကန့်သတ်မှုတွေ လုပ်ဆောင်

နေပြီး စစ်ဆေးရေးဂိတ်တွေမှာလည်း သယ်ယူခွင့်အတွက် ငွေကြေးပေးဆောင်နေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ရော်ဘာတွေကို သယ်ယူ ပို့ဆောင်တဲ့နေရာမှာ အထောက်အထားတောင်းခံတာတွေရှိသလို အထောက်အထား မရှိရင်  သယ်ယူပို့ဆောင်ခွင့် ကန့်သတ်နေပါတယ်။

ရော်ဘာတွေဟာ လယ်ယာထွက်ကုန်တွေ ဖြစ်တဲ့အတွက် တည်ဆဲ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ ၊ နည်းဥပဒေအရ လွတ်လပ်စွာ သယ်ယူခွင့်နဲ့ရောင်းချခွင့်ရှိတယ်လို့ ဆိုထားပေမယ့် စစ်ကောင်စီလက်ထက်မှာ မလိုလားတဲ့ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ရော်ဘာသယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီ လက်အောက်ခံဂိတ်တွေက သယ်ယူပို့ဆောင်ခွင့်တောင်းခံပြီး မပေးနိုင်ပါက ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“အဓိက ခွင့်ပြုချက်တောင်းတယ်။ မပေးနိုင်လို့ရှိရင် ပိုက်ဆံတောင်းတာပေါ့။ အခုကျတော့ ခွင့်ပြု ချက်ဆိုတဲ့ဥစ္စာက မွန်ပြည်နယ်ထဲမှာ ဘာခွင့်ပြုချက်မှလည်း ကျွန်တော်တို့ကို ပေးထားတာမရှိဘူးပေါ့နော်။ လိုလည်းမလိုအပ်ဘူးပေါ့။ ရော်ဘာဟာ စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့အတွက် လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့်ရှိတဲ့အတွက်ကြောင့်မို့ မွန်ပြည်နယ်က ဘာမှမပေးထားဘူး။ သို့ပေမယ့် ဂိတ်တွေမှာ ရော်ဘာအတွက်ကိုရော ဒီမျှောစာတွေဘာတွေ တောင်းနေတဲ့သဘောရှိတဲ့အတွက် သယ် ဆောင်တဲ့နေရာမှာ အခက်အခဲရှိနေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာတွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ ခွင့်ပြုချက်ပြရမယ်လို့ ပြောဆိုနေပေမယ့် ဘယ်ဌာနဆိုင်ရာရဲ့ ခွင့်ပြုချက် လိုအပ်တယ်ဆိုတာကို တိတိကျကျပြောဆိုတာမရှိသလို ဌာနဆိုင် ရာတွေကလည်း ရော်ဘာသယ်ယူပို့ဆောင်ခွင့် လုပ်ရမယ်ဆိုပြီး တရားဝင်ထုတ်ပြန်ထားတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ရော်ဘာလုပ်ငန်းရှင် နောက်တစ်ဦးကလည်း မွန်ပြည်နယ်ထွက် ရော်ဘာတွေကို ကရင်ပြည်နယ်ဘက် သယ်ယူခွင့်မပြုဘဲ ဖမ်းဆီးနေသလို ကရင်ပြည်နယ်ဘက်

ကတင်ပို့ပါက ဖြတ်သန်းခွင့် လုပ် ဆောင်ရတာတွေရှိတယ်လို့ ပြောပါတယ်။

“ဘုရားသုံးဆူ နယ်စပ်ကိုပို့မယ်ပေါ့။ ဘုရားသုံးဆူတို့ ဘာတို့ဆို အဖမ်းအဆီးရှိတယ်။ မြဝတီပို့မယ်ဆိုရင် အဖမ်းအဆီးရှိတယ်။ အဲဒီလိုမျိုးတွေပေါ့။ အဲဒီဘားအံကပစ္စည်းကို မုဒုံထိဝင်လို့ရတယ်။  မုဒုံကပစ္စည်း ဘားအံထွက်လို့မရဘူး။ ပြီးတော့ အခုဘာဖြစ်လဲဆိုရင် ပစ္စည်းသွားတင်တာပေါ့နော်။ မွန် ပြည်နယ်

တို့ ၊ ဘားအံဘက်ကနေပြီးတော့ မော်လမြိုင်ဘက်ကို ပြန်တင်မယ်ဟေ့ဆိုရင် ဖြတ်သန်းခွင့်ဆိုပြီး လုပ်ရတယ်တဲ့။ ဒါမှမဟုတ်လို့ဆိုရင်လည်း ရောင်းဝယ်ခွင့်

သိုလှောင်ခွင့်ရဲ့ လက်မှတ်လေ။ အဲဒီလက်မှတ်လေး ပြပေးရင်တော့ ဖြတ်သန်းခွင့် ရှိတယ်ပေါ့နော်”လို့ ဆိုပါတယ်။

ရော်ဘာတွေဟာ ဒေသထွက်ကုန်ဖြစ်ပေမယ့် လွတ်လပ်စွာ သယ်ယူပို့ဆောင်ခွင့်မရတဲ့အတွက် အချိန်ကြန့်ကြာမှုရှိတဲ့အပြင် ငွေကြေးပေးဆောင်နေရတာကြောင့် နစ်နာမှုတွေရှိပြီး ကုန်ကျစရိတ် ပိုမိုများပြားလာတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ရော်ဘာတွေဟာ လက်ရှိရာသီအစမှာ တစ်ပေါင်ကို ကျပ် ၃၀၀၀ ကျော်နဲ့ ဈေးကောင်း ရနေပေမယ့် စစ်ကောင်စီဘက်က ရော်ဘာ သယ်ယူပို့ဆောင်တဲ့နေရာမှာ တင်းကျပ်မှုတွေ ရှိနေတဲ့အတွက် ရော် ဘာရောင်းချတဲ့နေရာမှာလည်း အခက်ကြုံနေရတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဒေသတွင်းက ရော်ဘာတွေကို တရားမဝင် ပို့ဆောင်တဲ့ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ်

ကစပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို ရော်ဘာလုပ်ငန်းရှင်တွေကိုလည်း တရားမဝင်မပို့နိုင်အောင် ခံဝန်လက်မှတ် ထိုးခိုင်းတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအအရ ရော်ဘာအများဆုံး စိုက်ပျိုးထွက်ရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေကာ ထွက်ရှိလာတဲ့ ရော်ဘာတွေကို တ ရုတ်အပါအဝင် ပြည်ပနိုင်ငံတချို့ထံ တင်ပို့ရောင်းချနေပါတယ်။

December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...
December 21, 2024
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက...
December 19, 2024
မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို...
December 18, 2024
စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ် ဆိုက်လာချိန်တိုင်း...