ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုရပ်တန့်ရေး ရွှေကျင်ဒေသခံများ အာဇာနည်နေ့တွင် ဆန္ဒထုတ်ဖော်

ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုရပ်တန့်ရေး ရွှေကျင်ဒေသခံများ အာဇာနည်နေ့တွင် ဆန္ဒထုတ်ဖော်

အရပ်သား ပြည်သူလူထုများကို ပစ်မှတ်ထားကာ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုများ ရပ်တန့်စေရေး အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင် (ဆောထိ) မြို့နယ်ထဲရှိ ဒေသခံ လူထုများသည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည် နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဒေသအတွင်း တည်ငြိမ်မှုရရှိစေရေးနှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များကို ပြန် လွှတ်ပေးရေးအတွက် ဒေသခံလူထုများသည် တောင်းဆိုချက်များနှင့်အတူ ယခုကဲ့သို့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက ”အခုဒေသမှာဆိုရင် မထင်ရင်မထင်သလို သူတို့ လက်နက်ကြီးနဲ့ပစ်တယ်။ ဒေသခံလူထုတွေ က ဒီအချိန်ဆို စပါးတွေစိုက်တယ်။ ဒါပေမယ့် လက်နက်ကြီးတွေ ပစ်ရင်ပြေးရတယ်။ နောက်ပြီးအခု ဒေသ အတွင်းမှာ ဆန်တွေ၊ စားစရာ သယ်ဆောင်တာတွေ တားမြစ်ပိတ်ပင်တယ်။ သိမ်းဆည်းတာတွေ လုပ်တော့ လူထုတွေ အခက်အခဲအရမ်းဖြစ်ရတယ်။ အဲဒါကြောင့် ရပ်တန့်ပေးဖို့ ကျနော်တို့ ရွှေကျင်လူထုတွေက ဆန္ဒထုတ် ဖော်ရတာဖြစ်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လူထုများ ဆန္ဒထုတ်ဖော်ရာတွင် ဒေသအတွင်း တည်ငြိမ်ရေးအတွက် အဓိက အချက်များဖြစ်သည့် ပြည် သူများအတွက် စစ်မဲ့ဇုန် နေရာသတ်မှတ်ထားရှိပေးရေး၊ ပြည်သူများကို ပစ်မှတ်ထားကာ ကျေးရွာအတွင်း လက် နက်ကြီး ပစ်ခတ်မှုများ ရပ်တန့်ရေးနှင့် သွားလာနေသည့် လူထုများကို နှောင့်ယှက်ခြင်းများ ရပ်တန့်ပေးရေး စသည့် တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြသည်။

ထို့အပြင် အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ရွှေကျင်ဒေသခံလူထု ၂၀၀ ကျော်ပါဝင်ကာ အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ ၂၀၀၈ ဥပဒေဖျက်သိမ်းရေး၊ ဖယ်ဒရယ်ဥပဒေပေါ်ထွန်းရေး၊ ပြည်သူအာဏာထူထောင်ရေး တောင်းဆိုချက်အပြင် လွတ်လပ်စွာ ကျောင်းတက်ချင်တယ်၊ လွတ်လပ်စွာ နေချင်တယ်နှင့် လူမှုဘဝလုံ ခြုံမှု ပေးရန် ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

“အခုဆိုရင် ကျနော်တို့ ကလေးငယ်တွေက လွတ်လွတ်လပ်လပ် ကျောင်းမတက်ရဘူး။ တိုက်ပွဲကြောင့် ကျောင်းတွေပိတ်ရတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေက သူတို့ကလေးတွေကိုမြို့မှာ ကျောင်းသွားထား နိုင်ပေမယ့်လည်း တချို့က မတတ်နိုင်လို့ ကလေးတွေကို ကျောင်းမထားနိုင်ဘူး။ ကလေးတွေလည်း ဒုက္ခဖြစ် တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ယခုဆန္ဒထုတ်ဖော် တောင်းဆိုသည့် ကြွေးကြော်ချက်များကို ၎င်းဒေသထဲရှိ ကရင်ရွာသူ ရွာသားများကလည်း ဇူလိုင် ၁၆ ရက်နေ့က ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့တွင် အလားတူ တောင်းဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...