လက်ခတ်တောင်အနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ တပ်ဖွဲ့ဝင် ၅ဦးဒဏ်ရာရဟု ကော်ဘရာထုတ်ပြန်

လက်ခတ်တောင်အနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ တပ်ဖွဲ့ဝင် ၅ဦးဒဏ်ရာရဟု ကော်ဘရာထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက်ခြမ်းရှိ လတ်ခတ်တောင်အနီးတွင် စစ်ကောင်စီနှင့် ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက တိုက်ပွဲအပြီး သတင်းထုတ်ပြန်ထား သည်။

ယနေ့ ဇူလိုင်လ ၁၈ရက် နံနက် ၇ နာရီ အချိန်တွင် စစ်ကောင်စီနှင့် ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၏ ကော်ဘရာစစ် ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း နှင့် Federal Wings ဒရုန်း တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရပ်ဝတ်ဖြင့် ဗိုက်ကြီးတစ်ဦးသေဆုံးကာ ခြေမြန်တပ်ရင်း (ခမရ-၁၁၈) မှ တပ်သား ၅ဦးဒဏ်ရာ ရရှိခဲ့ ကြောင်းလည်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအပြင် MA3 (၁)လက်၊ RPG (၃)လုံး၊ 60mm (၃)လုံး၊ အီနာဂါ(၄)လုံး၊ မိုဘိုင်းဖုန်း(၇)လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်း က ဓါတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

အလားတူ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်ဆည်းခံရမှုရှိသ လို တော်လှန်ရေးပူးပေါင်း တပ်ဘက်မှလည်း တပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ကော်ဘရာ စစ် ကြောင်းက ထုတ်ပြန်ဖော်ပြထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးပစ်ခတ်မှုအသံများကို မြဝတီမြို့ အပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထိ ရှင်းရှင်းလင်းလင်း ကြားခဲ့ရကြောင်း မြဝတီမြို့နှင့် မဲဆောက်မြို့ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုများနှင့် သိမ်းဆည်းရမိသည့် လက် နက်ခဲယမ်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီ တပ် ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိကြောင်းတွေ့ ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း မြဝတီမြို့ လက်ခတ်တောင်အနီးတွင် စစ်ကောင်စီတပ်များနှင့် တော် လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်တိုက်ပွဲအပြီးတွင် နှစ်ဖက် ပစ်ခတ်မှု ပြန်လည် ငြိမ်သက်သွားကြောင်း ဒေသခံများက ဆိုသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...