တအာင်းတပ်နှင့် စစ်ကောင်စီ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်ဖြစ်နေ

တအာင်းတပ်နှင့် စစ်ကောင်စီ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်ဖြစ်နေ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ မူဆယ်မြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်နှင့် PSLF/TNAL တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အချိန်အတန်အကြာ ရပ်တန့်နေရာမှ ဇူလိုင်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် တိုက်ပွာများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဇူလိုင်လ ၁၁ ရက်နေ့ (ယနေ့) တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ PSLF/TNLA ပြောရေးဆို ခွင့်ရှိ သူ ရုံးတာဝန်ခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

၎င်းက “ဒီနေ့ကတော့ မူဆယ်မြို့ နမ့်တောင်းရွာဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု ပြောသည်။

သို့သော် မူဆယ်နှင့် မိုင်းငေါ့မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍  အသေး စိတ် အချက်အလက်ကိုမူ မသိသေးဘူးဟု ဆိုသည်။

မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့  ဇူလလိုင် ၁၀ ရက်နေ့ကလည်း မိုင်းငေါ့မြို့နယ်ထဲတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု အဆိုပါ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက ဆက်ပြောသည်။

“ဇူလိုင်လ ၁၀ ရက်နေ့က မိုင်းငေါ့မြို့ နယ် ဒီနမ့်တွေ ကြားမှာ တိုက်ပွဲဖြစ်သွားခဲ့တယ်။ အချိန်က ၂ နာရီ ၃ နာရီ ဝန်းကျင်ပေါ့ လေ။ ၉ နာရီကနေ ၁၂ နာရီဆို တော့ ၂ နာရီကျော်ကျော် အကြာပေါ့လေ။ ခလရ ၂၅၇ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ တယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်း အရင်းက ပြီးခဲ့တဲ့ ရက် တိုက်ပွဲမတိုင်ခင်မှာ မြန်မာစစ်တပ်က ထိုး စစ်ဆင်တဲ့ အတွက်ကြောင့်မို့လို့လေ” ဟု ပြောသည်။

ဇူလိုင်အတွင်းတွင် စစ်ကောင်စီတပ်က PSLF/TNLA လှုပ်ရှားရာ ဒေသဖက်သို့ စစ်အင်အား ပိုမိုတိုးချဲ့ လှုပ်ရှား လာနေသည်ဟု PSLF/TNLA  က ဆိုသည်။

အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ် မိုင်းငေါ့မြို့ကနေ PSLF/TNLA လှုပ်ရှားရာ ဒေသဖက်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည် ဟု PSLF/TNLA က ပြောသည်။

တိုက်ပွဲအတွင်း PSLF/TNLA ဖက်က ထိခိုက်ကျဆုံးမှု မရှိသလို စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှု အခြေအနေ ကိုလည်း မသိရသေးဟု ဆိုသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် စစ်ရေးတင်းမာလျက်ရှိနေပြီး နှစ်ဖက်စလုံးက အခြေအနေကို စောင့်ကြည့်နေသည်ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများထဲတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် PSLF/TNLA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်တပ် တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အပြင် တိုင်းဒေသကြီးများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ပြင်း ပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေချိန် စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA လှုပ်ရှားရာ၊ ထိန်းချုပ်ရာ ဒေသများဖက်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လျော့ချလိုက် သည့် အတွက် ထိတွေ့မှုများ ရပ်တန့်ခဲ့သည်။

သို့သော် ဇူလိုင်လထဲတွင် TNLA လှုပ်ရှားရာ ဒေသဖက်ကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အတွက် အချိန်အတန်အကြာ ရပ်တန့်နေသည့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

Most read this week

November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...
November 21, 2024
မူဆယ်မြို့မှ နမ့်ခမ်းမြို့သို့ ကုန်ပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီက ပိတ်ထားသည်ဟု မူဆယ်ဒေသခံက...
November 21, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေး၊ ရေဘေးနှင့်...