တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိတဲ့ ကရင်နီပြည်နယ်ထဲက နေရာနှစ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက် ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွအပြင် ဘာသာရေးအဆောက်အအုံ၊ ဆေးပေး ခန်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့၊ ည ၁၂ နာရီ သန်းခေါင်ယံအချိန်မှာ ဖားဆောင်းမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားခြင်း မရှိ တဲ့ နေရာတစ်ခုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၁ နှစ်အရွယ် အရပ်သားတစ်ဦး သေဆုံးပြီး ဘာ သာရေး အဆောက်အအုံနဲ့ လူနေအိမ် ခြောက်လုံး ထိမှန်ပျက်စီးသွားတယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လေယာဉ်နဲ့ ဗုံးသုံးကြိမ် လာကြဲသွားတယ်ပေါ့နော်။ ခရစ်ယာန် ဘုရားကျောင်း ပျက်စီးသွားတယ်။ နေအိမ် ခြောက်လုံး ပျက်စီးသွားတယ်။ ပြီးရင် အသက် ဆယ်နှစ်ကျော်၊ ဆယ့်တစ်နှစ်အရွယ် ယောကျာ်းလေးပေါ့နော။ ကလေးတစ်ဦး သေဆုံးသွားတယ်ပေါ့နော။ နှစ်ဦးထိခိုက်ဒဏ်ရာ ရသွားတယ်ပေါ့နော်။ ဒါပေမယ့် စိုးရိမ်ရတာ မျိုးတော့ မရှိဘူးပေါ့” လို့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၂ ရက်နေ့ ဒီနေ့ မနက်အစော တစ်နာရီဝန်းကျင်မှာလည်း ကရင်နီပြည်နယ် နယ်စပ် တစ် နေရာကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာတော့ စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို သေဆုံးမှုအပြင် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ လူနေအိမ်အများအပြားနဲ့ စစ်ဘေးရှောင်စခန်းက ဆေး ခန်း အပါအဝင် စစ်ဘေးရှောင် ဆယ်ကျော်သက် လူငယ်တွေ တက်ရောက်နေကြတဲ့ ဆယ်သဲကျောင်း ထိခိုက် ပျက်စီးသွားပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာကို ရောက်ရှိနေတဲ့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်က “လေ ယာဉ်လာတာတော့ တစ်စီးပဲ၊ ကြဲချတာတော့ ၆ လုံးကြဲတယ်။ အဲဒီမှာ ကျောင်းတွေ၊ ဆယ်သဲကျောင်း ပျက်စီး သွားတယ်။ ရွာသူရွာသားတွေရဲ့ နေအိမ်တွေ ပျက်စီးသွားတာက လေး၊ ငါးလုံးလောက်ရှိမယ်။ ရွာသူရွာသားတွေ ကတော့ ထိခိုက်တာလည်း လေး၊ ငါးယောက်လောက် ရှိနေတယ်။ နောက်ပြီးတော့ ဆေးခန်းတစ်လုံးကိုလည်း ထိသွားတယ်။ ဆေးခန်းကတော့ အသစ်ဆောက်ထားတာပေါ့နော်။ ဆေးခန်းကတော့ ပျက်စီးသွားတဲ့ ဒေသခံ တွေရဲ့ အိမ်နဲ့ နီးတာပေါ့” လို့ သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီတပ်က အကြောင်းမဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ သူတို့အနေနဲ့ ရှုံးမဲ မဲ နေ တာဖြစ်သလို ဒီလိုကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာက အရေးယူပေးဖို့ကိုလည်း ဖားဆောင်းပြည်သူ့ ကာကွယ် ရေးတပ် တာဝန်ရှိသူက ပြောဆိုထားပါတယ်။
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက “တမင်သက်သက်ကို အရပ်သားပြည်သူတွေရဲ့ အိုးအိမ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ အဲ့နေ ရာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ တကယ်တမ်းတော့ နိုင်ငံတကာရဲ့ အနေအထားအရ ဆိုရင်တော့ ကျနော်တို့ အရပ်သားပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် တွေကို ရည်ရွယ်ချက်ရှိရှိ မင်းအောင်လှိုင်စစ်အုပ်စုက တိုက် ခိုက်လာတယ်ပေါ့နော။ ဒီအနေအထားက သူတို့တွေ ရှုံးမဲ မဲနေပြီလို့ ပြောလို့ရသလို လုံးဝ မလုပ်သင့်၊ မလုပ် ထိုက်တဲ့ ကိစ္စကိုလည်းဘဲ လုပ်တဲ့ လုပ်ရပ်ကြီးကို လုပ် နေတာပေါ့။ ဒီဟာအပေါ်မှာလည်းဘဲ နိုင်ငံတကာက အရေးယူသင့်တာတွေ ယူပေးဖို့ ကျနော်တို့ တိုက်တွန်းပါ တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေတပ်ကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာ နှစ်နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ အဲ့ဒီနေရာဒေသတွေက စစ်ရှောင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။
မနေ့က လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲခံရတဲ့ ဖားဆောင်းမြို့နယ် အတွင်းက နေရာဟာ သာမာန် အရပ်သား ပြည်သူတွေပဲ နေထိုင်တဲ့ ရွာတစ်ရွာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်း လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ နယ်စပ် နေရာကလည်း လက်နက်ကိုင်တွေမရှိဘဲ စစ်ဘေးရှောင်လူထုတွေသာ ခိုလှုံနေထိုင်ကြတဲ့ နေရာတွေ ဖြစ်ပါတယ်။