စစ်ကောင်စီတပ် လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းမှု စျေးကွက်သဖွယ် ခေတ်စားနေ

စစ်ကောင်စီတပ် လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းမှု စျေးကွက်သဖွယ် ခေတ်စားနေ

အာဏာသိမ်း စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ခဲယမ်း ရောင်းချမှုများ စျေးကွက် သဖွယ်ဖြစ်လာနေသည်ဟု အမည်မဖော်လိုသူ ကရင်ပြည်နယ်အတွင်း အခြေစိုက်တပ်ရင်းများမှ စစ်တပ်တွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

“ဒီလိုဖြစ်နေကြတာ ကြာပါပြီ။ အထိုင်တပ်တွေ ဆိုတော့ တပ်ရင်းတွေထဲမှာ အပြင်က အပစ်ရပ် လက်နက်ကိုင် တွေ၊ BGF အဖွဲ့တွေ၊ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့နဲ့ နီးစပ်တဲ့သူတွေက စစ်တပ်တွင်းက လက်နက်ခဲယမ်း တွေ အပြင်ကို ခိုးထုတ်ရောင်းတဲ့ ဖြစ်စဥ်တွေရှိတယ်။ တိုက်ပွဲဖြစ်စဥ်တွေမှာ အသုံးပြု ခဲယမ်းစာရင်းတွေ အထက်ကို ပိုပြီးတင်ပြပြီးတော့ အပြင်ကို စျေးပေါပေါနဲ့ ထုတ်ရောင်းနေတာကို ပွဲစားပြန်ဝယ်ကြပြီး တော်လှန် ရေးအဖွဲ့တွေဆီကို ပြန်ရောင်းစားတဲ့ စျေးကွက်က ကရင်ဒေသထဲမှာ အလုပ်ဖြစ်နေတယ်” ဟု စစ်တပ် သတင်း အရင်းအမြစ်က ပြောသည်။

ထိုကဲ့သို့ လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းနေမှုနှင့် ပတ်သက်၍ အထက်အရာရှိများက သိရှိနေသော် လည်း တပ်ဖွဲ့ဝင်များ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်၍ အရေးယူခြင်း မရှိခဲ့ကြောင်းကိုလည်း ထိုသတင်းအရင်းအမြစ်က ပြောသည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူး ပေါင်းတပ်ဖွဲ့၊ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း ရရှိရေးအတွက် ကူညီထောက်ပံ့ကြသည့် အလှူရှင်များ စုပေါင်း လှူဒါန်းသည့် ငွေကြေးများဖြင့် ဖြည့်တင်းဝယ်ယူကာ တိုက်ခိုက်နေကြရသည့် အခြေအနေမှ လက်ရှိတွင် ကိုယ် ပိုင် ထုတ်လုပ် အသုံးပြုနိုင်သည့် အခြေအနေကို ရောက်ရှိလာနေပြီ ဖြစ်ကြောင်း KNLA ပူးပေါင်း စစ်ကြောင်း များထံမှ သိရသည်။

KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက “အခုက စစ်တပ်ကျည်တို့၊ လက်နက်ကြီးကျည်တို့က စျေး သက်သာတယ်၊ တခြားစျေးကွက်က ဝယ်ရတာထက် စာရင်ပေါ့။ အခုကတော့ တချို့နေရာတွေမှာ ကိုယ်ပိုင် ထုတ်လုပ်ရေးတွေက နေထုတ်တဲ့လက်နက်ခဲယမ်း တွေ အသုံးပြု တိုက်ပွဲဝင်နိုင်ပြီ။ စစ်တပ်က သူတို့ပစ္စည်းတွေ ချိတ်ဆက်ပြီး ခိုးရောင်း၊ ခိုးဝယ်လုပ်ကြတာတွေ က တော့ ရှိနေတုန်းပဲ” ဟု ပြောသည်။

လက်ရှိတွင် ဖားအံမြို့၊ လှိုင်းဘွဲမြို့နယ်များမှ အပ ကျန်မြို့နယ် ၅ ခုတွင် KNLA ပူးပေါင်း စစ်ကြောင်းများနှင့် စစ် ကောင်စီတပ်တို့ အကြား တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီး ဒေသအတွင်း ကျေးရွာချင်းဆက် လမ်းပိုင်းများအား စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ပစ်သည့် အတွက် ဝင်ထွက်သွားလာရေး ပိုမိုခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ KNLA ပူးပေါင်းတပ်များဘက်မှလည်း နယ်စပ်ကုန်စည် စီးဆင်းနေသည့် ဖားအံ – ရန်ကုန် ကားလမ်းမ ကြီးတွင် စစ်တပ်တပ်စွဲပြီး စစ်ဆေးနေသည့် ဂိတ်များ တံတားများအား တိုက်ခိုက်မှုများ ရှိနေကြောင်း စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...