အမျိုးသမီး တပ်ဖွဲ့ဝင်များ ထားဝယ်-ရန်ကုန် လမ်းမကြီး ထိန်းချုပ်ရာတွင် ပါဝင်

အမျိုးသမီး တပ်ဖွဲ့ဝင်များ ထားဝယ်-ရန်ကုန် လမ်းမကြီး ထိန်းချုပ်ရာတွင် ပါဝင်

တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ် - ရန်ကုန် ကားလမ်းမကြီးကို နယ်မြေ စိုးမိုး ထိန်းချုပ်နိုင်ရန် ထားဝယ်အခြေစိုက် အမျိုးသမီးတပ်ဖွဲ့ဝင်များ ပါဝင်သည့် PDF တပ်ဖွဲ့များ ပူးပေါင်းကာ  ကြိုး ပမ်းလုပ်ဆောင်ခဲ့ကြသည်။

ထားဝယ် - ရန်ကုန် ကားလမ်းမကြီး တလျှောက် နယ်မြေစိုးမိုးရေးနိုင်ရေးအတွက် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို သိရှိစေရန် ခရီးသည်တင်ကားများ၊ ကုန်တင်ယာဉ်များ၊ အိမ်စီးကားများနှင့် ဆိုင်ကယ်များအား လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကို ဇူလိုင်လ ပထမပတ်မှ စတင်ကာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

လုံခြုံရေးအတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များကလည်း အမျိုးသားများနည်းတူ ရှေ့ တန်း စစ်မျက်နှာအထိပင် ပါဝင်၍ တာဝန်ထမ်းဆောင်ခဲ့ကြပြီး တိုက်ပွဲ အတွေ့အကြုံများမှာလည်း အတော် အသင့် ရရှိနေပြီ ဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF မှ တာဝန်ရှိသူတစ်ဦးက “နယ်မြေစိုးမိုးရေးက အဓိကပါပဲ။ အမှတ် ၈ လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို အဓိက ဖြတ်တောက်ဖို့ နဲ့ အိမ် အပြန် လမ်းဟာ မဝေးတော့ပါဘူးဆိုတာ ဒီလမ်းမကြီးပေါ်ကနေ သက်သေ ထူပြချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်” ဟု ပြောသည်။

ထားဝယ် - ရန်ကုန် ကားလမ်းမကြီးပေါ် စစ်ဆေးမှုများကို  ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် - (T1)၊ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ - KBDF၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -TPDF၊ ရေဖြူအလယ်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် - DNLA တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြသည်။

ထားဝယ်အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကို ဆက်လက် လုပ် ဆောင်သွားမည် ဖြစ်ပြီး ခရီးသွားပြည်သူများ အနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများကို ပူးပေါင်းပါဝင်ပေးကြ ပါရန်နှင့် ပူးပေါင်းပါဝင်ပေးခဲ့ကြသည့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပူးပေါင်းတပ်ဖွဲ့က ထုတ် ပြန်ထားသည်။

အလားတူ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် - ထားဝယ်ကားလမ်းကိုလည်း KNLA နှင့် ဒေသခံ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်၍ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများ ဆောင်ရွက်နေ ကြသည်။

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...