ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း သိမ်းဆည်းခံလယ်မြေများအရေး တရားစွဲဆိုမှု လယ်သမားများ အမှုရှုံးနိမ့်

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း သိမ်းဆည်းခံလယ်မြေများအရေး တရားစွဲဆိုမှု လယ်သမားများ အမှုရှုံးနိမ့်
ကျောက်ဖြူ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ၂ဝ၁၅ ခု၊ ဒီဇင်ဘာလက တွေ့ရစဉ်။
ကျောက်ဖြူ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ၂ဝ၁၅ ခု၊ ဒီဇင်ဘာလက တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအတွင်း သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီး နစ်နာခဲ့သည့် လယ်သမားများက POSCO International ကိုရီးယားကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ လယ် သမားများဘက်က အမှုရှုံးနိမ့်သဖြင့် လျော်ကြေးငွေ မြန်မာကျပ် သိန်း ၈၀၀ ကျော် ပေးလိုက်ရသည်။

နစ်နာခဲ့သည့် လယ်သမားများက POSCO International ကိုရီးယားကုမ္ပဏီကို မြန်မာကျပ်သိန်း ၈၀၀ နှင့် ညီမျှ သည့် ကိုရီးယားဝမ်သိန်း ၂၇ဝ ကျော် ပေးလိုက်ရခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ ဦးခင်မောင်မြင့်က “ကျနော်တို့ဘက်ကတော့ မပေးလိုက်ရဘူး။ ကိုးရီးယား ရှေ့နေ အဖွဲ့ကနေပြီးတော့ လျော်ကြေး ပေးလိုက်ပါတယ်။ အခုကျနော်တို့မှာ ပိုက်ဆံလည်း ပြန်မရလိုက်ဘူး။ လယ်မြေလည်း ပြန်မရလိုက်ဘူး” ဟု ပြောသည်။

လယ်သမားများဘက်က အမှုရှုံးနိမ့်ခဲ့သဖြင့် တရားရုံး ကုန်ကျစရိတ်အဖြစ် POSCO International ကုမ္ပဏီဘက် က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်ဗဟိုခရိုင်တရားရုံးမှတဆင့် ကျောက်ဖြူမြို့နယ် တရားရုံးထံလိပ်မူကာ နစ်နာ သည့ ်လယ်သမားများဘက်က လျော်ကြေးငွေ ပေးဆောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က တောင်းလာ ခဲ့ ခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ယင်းနောက် မြန်မာငွေ ကျပ်သိန်း ၈ဝဝ ကျော်နှင့် ညီမျှသည့် ကိုရီးယားဝမ်သိန်း ၂၇ဝ ကျော်ကို လယ်ယာမြေ သိမ်းဆည်းခံလိုက်ရသည့် လယ်သမားများအတွက် အမှုလိုက်ပေးခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ Lgong Law Firm အကျိုးဆောင် ရှေ့နေအဖွဲ့က POSCO ကုမ္ပဏီထံ ဆိုးလ်ဗဟိုခရိုင် တရားရုံးမှ တဆင့် မကြာသေးခင်က ပေး လျော်ခဲ့ခြင်း ဖြစ်သည်ဟု တရားလို လယ်သမားများက ပြောသည်။

လက်ရှိတွင် အဆိုပါလျော်ကြေးငွေများကို ဆိုးလ် ဗဟို ခရိုင်တရားရုံးသို့ ပေးဆောင်ထားပြီ ဖြစ်သော်လည်း POSCO ကုမ္ပဏီက လက်ခံ၊ မခံကို မသိရှိရသေးကြောင်း လယ်သမားများနှင့် ကိုးရီးယားရှေ့နေအဖွဲ့ အကြား ကူညီဆောင်ရွက်ပေးခဲ့သူ ဦးထွန်းလွင်က ပြောသည်။

"ဒီဟာကမြန်မာ့ရေနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE နဲ့သာ ဆိုင်တာဖြစ်လို့ ဒီအမှုကို တရားစွဲလို့မရဆိုပြီး နောက်ဆုံးမှာ ဆုံးဖြတ် လိုက်တယ်။ ဒါကြောင့် POSCO ဘက်ကနေ တရားရုံးကုန်ကျစရိတ်ကိုတောင်းတယ်။ လယ်သမားတွေကတော့ ပိုက်ဆံလျော်ရမယ်ဆိုတော့ စိုးရိမ်စိတ် ရှိကြတယ်ပေါ့နော်။ အခုတော့ ရှေ့နေအဖွဲ့ ကနေ တရားရုံးကိုပေးလိုက်ပြီ။ တရားရုံးကနေ POSCO ကုမ္ပဏီက လက်ခံယူလိုက်ပြီလား၊ မယူ ရသေးဘူး လားတော့ မသိသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် အသုံးချရန် အတွက် ကျောက်ဖြူမြို့နယ်မှ အုန်း တော၊ ဂုံးချွိန်၊ မလကျွန်းကျေးရွာမှ တောင်သူလယ်သမား ၁၀၀ ကျော်ပိုင်ဆိုင်သည့် လယ်ဧက ၉၀ ကျော်ကို တစ်ဧကလျှင် မြန်မာငွေကျပ် သိန်း ၂၀ ကျော်ဝန်းကျင်ဖြင့် သိမ်းဆည်းခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လယ်ယာမြေ သိမ်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ နစ်နာကြေး ရရှိသည့်အပေါ် တောင်သူလယ်သမား ၂၀ ဦးက Lgong Law Firm အကျိုးဆောင်ရှေ့နေအဖွဲ့၏ အကူအညီဖြင့် တရားလိုပြုလုပ်ကာ ၂၀၁၆ ခုနှစ်က ဆိုးလမြို ့ရှိ ဗဟိုခရိုင်တရားရုံးတွင် အမှုဖွင့်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဆိုးလ် ဗဟို ခရိုင်တရားရုံးက လယ်ယာမြေ သိမ်းဆည်းမှုမှာ POSCO ကုမ္ပဏီနှင့် သက်ဆိုင်မှုမရှိဘဲ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း( MOGE) နှင့်သာ သက်ဆိုင်သည်ဟု ဆိုကာ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ် အမိန့်ချမှတ်လိုက်သဖြင့် တရားစွဲဆိုခဲ့သည့် လယ်သမားများ ဘက်က အမှုရှုံးနိမ့်ခဲ့ရသည်။

လက်ရှိတွင် ဒေသခံလယ်သမားများမှာ လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့် အပြင် အမှုရှုံးနိမ့်ခဲ့ရသည့် အတွက် လည်း ၎င်းတို့၏ နစ်နာကြေးအတွက် ဆက်လက် အမှုဖွင့်ရင်ဆိုင်ရန် မျှော်လင့်ချက်များ ပျောက်ဆုံးနေကြ သည်  ဟု လယ်သမားများက ပြောသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...