ပလက်ဝတွင် နယ်မြေတည်ငြိမ်နေပြီဖြစ်သော်လည်း ခရီးသွားလာခွင့်နှင့် ကုန်စည်သယ်ယူခွင့်ကို စစ်တပ်က ဆက်လက်ပိတ်ထား

ပလက်ဝတွင် နယ်မြေတည်ငြိမ်နေပြီဖြစ်သော်လည်း ခရီးသွားလာခွင့်နှင့် ကုန်စည်သယ်ယူခွင့်ကို စစ်တပ်က ဆက်လက်ပိတ်ထား
ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။
ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။

နယ်မြေဒေသ အခြေအနေ တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များက ဒေသခံပြည်သူများ၏  ခရီး သွားလာခွင့်နှင့် စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ဆက်လက် ကန့်သတ် ပိတ်ပင်ထား သည့် အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများမှာ မြင့်တက်မြဲ မြင့်တက်နေသည်။

ထို့ကြောင့် ဒေသခံပြည်သူများ၏ ဘ၀ရပ်တည်နေထိုင်ရေး အခြေအနေမှာ ဆက်လက် အခက်ကြုံနေရသည်ဟု ပလက်ဝမြို့ခံများက ပြောသည်။ ပလက်၀မြို့ပေါ်တွင် လက်ရှိ ပေါ်ဆန်းမွှေးတစ်အိတ် ၁၃၅၀၀၀ ကျပ်ထိ စျေး မြင့်တက်နေပြီး သာမန် ဆန်ကြမ်း တစ်အိတ်မှာ ၈၅၀၀၀ ထိ စျေးရှိနေသည်။

ပလက်၀ မြို့ခံတစ်ဦးက “ပေါ်ဆန်းမွေးက ကျပ် ၁၃၅၀၀၀ ခန့်ရှိတယ်။ ရိုးရိုး ဆန်ကြမ်းတွေကတော့ ၈၀၀၀၀ က နေ ၈၅၀၀၀ အကြားမှာရှိ တယ်။ ငရုပ်အစိမ်းကတော့ အစိတ်( ၂၅၀ ဂရမ်)ကို ကျပ် ၁၅၀၀ ဆိုတော့ တစ်ပိဿ ၆၀၀၀ ဖြစ်သွားပြီးပေါ့။ တခြား ပစ္စည်းတွေကလည်း အားလုံးတက်နေတယ်” ဟု နိရဉ္စရာကို ပြောသည်။

လက်ရှိကာလသည် မိုးတွင်းကာလ ဖြစ်သဖြင့် ပလက်ဝမြို့နယ် အနေဖြင့် ကုန်ပစ္စည်းများ တင်သွင်းမှုကို  ရခိုင် ပြည် ကျောက်တော်မြို့ တစ်ခုတည်းကိုသာ အဓိကထားကာ တင်သွင်းနေရပြီး ကုလားတန်မြစ်ကြောင်း တစ်လျှောက်ကို စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ထားသည်။

ယခုနှစ် အစပိုင်းတွင် သာမန်ဆန်တစ်အိတ်ကို ၈၀၀၀၀ ခန့်နှင့် စားအုန်းဆီ တစ်လီတာကို ၁၅၀၀ ကျပ်ခန့်သာ ရှိခဲ့ သော်လည်း ယခုအခါ ဆန်တစ်အိတ် တစ်သိန်းနီးပါး ကပ်သွားပြီဖြစ်ကာ စားဆီ တစ်လီတာကိုတော့ ၈၀၀၀ ကျပ်၊ ဓါတ်ဆီ တစ်လီတာ ၁၄၀၀ ထိ ရှိနေပြီး ကုန်စျေးနှုန်းမှာ မြင့်တက်မြဲ မြင့်တက်နေသည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“စားဆီ တစ်လီတာကိုတော့ ၈၀၀၀ ရှိတယ်။ ဓါတ်ဆီကတော့ ၁၄၀၀၀ ပေါ့ တစ်လီတာကို အားလုံးကတော့ အခက်အခဲပါဘဲ။ အခုက ကျောက်တော်က ဝယ်ကတည်းကဈေမြင့်ပြီး ဒီမှာလည်ကလည်း လမ်းစရိတ်တွေ ပေါင်းပြီး ဈေးတင်လိုက်ကြတာပေါ့။  လူတွေကတော့ ဒီတိုင်းရုန်းကန်နေကြရတယ်။ ဘာလုပ်ပြီး ထမင်း နပ်မှန် အောင် စားရမယ်ဆိုတာ စဉ်းစားမရ ဖြစ်နေတယ်။”

ပလက်ဝမြို့နယ်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ကျောက်တော်မြို့မှ ကုလားတန်မြစ် ရေလမ်းခရီးဖြင့် သယ်ယူရသော် လည်း ဒေသခံ စက်လှေများသွားလာခွင့်ရဖို့ စစ်ကောင်စီတပ်မှ ခွင့်ပြုချက်ရယူရပြီး ပစ္စည်း သယ်ယူခွင့်ကိုလည်း ခွင့်ပြုသည့်အတိုင်းသာ တင်ဆောင်နေကြရသည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်နေခြင်းမှာ တစ်ဘက်တွင်လည်း ကျောက်တော်မြို့ ဈေးများမှ ကုန်ပစ္စည်းများကို စျေးကြီးပေး၍ ဝယ်လာရသည့်အပြင် လမ်းတလျှောက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များတွင်လည်း ပစ္စည်း အမျိုးအစားအလိုက် ငွေပေးနေရ၍ ဖြစ်သည်ဟု အဆိုပါ မြို့ခံက ပြောသည်။

လက်ရှိအချိန် စစ်ကောင်စီပိုင် ဇက်ရေယာဉ်ဖြင့် ကျောက်တော် - ပလက်ဝ အကြား ကုလားတန်မြစ်ကြောင်း အတိုင်း  တစ်ပတ်လျှင် စနေနှင့် အင်္ဂါ နှစ်ရက် ပြေးဆွဲနေသည်။ အဆိုပါ ရေယာဉ်တွင် ပစ္စည်းတင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး  ခွင့်ပြုသည့် အတိုင်းသာ တင်ဆောင်ရပြီး လမ်းခရီးရှိ စစ်တပ်ဂိတ်များကို ငွေကြေးပေးဆောင်ရခြင်းများလည်း ရှိသည်ဟုဆိုသည်။

လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ကန့်သတ်မှု၊ ကုန်ပစ္စည်းသယ်ယူခွင့်များကို ကာလရှည် ကြာစွာတား ဆီးထားသည့်အတွက် ကုန်ပစ္စည်းရှားပါးလာပြီး မလိုအပ်ဘဲ စျေးကြီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပလက်၀ ဒေသခံတစ်ဦးက “ပြည်သူတွေ ခရီးသွားလာမယ်ဆိုရင် သူတို့ဆီက ထောက်ခံစာလိုတယ်။ ထောက်ခံ စာမရရင် သွားလာခွင့် မပြု ဘူး။ ကုန်ပစ္စည်းတွေဆိုလည်း ဟိုပစ္စည်းမသယ်ရဘူး။ ဒီပစ္စည်းမသယ်ရဘူး။  ကန့် သတ်ထားတယ်။ သယ်ရတဲ့ ပစ္စည်းတွေကျတော့လည်း ကုန်ပစ္စည်းအနည်းအများပေါ်မူတည်ပြီး  စစ်တပ်ဂိတ် တွေကို ငွေပေးရတယ်။ ဒီလို ပြည်သူတွေ အခက်အခဲဖြစ်ပြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ စစ်တပ်က ဒီလိုမျိုး လုပ်နေတာကတော့ ကိုယ့်ပြည် သူကို ကိုယ်နှိပ်စက်နဲ့တာနဲ့ အတူတူဘဲ။ ချင်းဘဲဖြစ်ဖြစ်၊ ရခိုင်ဘဲဖြစ်ဖြစ်၊ ခူမီး ဘဲဖြစ်ဖြစ် အားလုံး ဒီနိုင်ငံသားတွေ ပဲလေ။ ခုလို လုပ်ရပ်တွေကြောင့် လူထုက ကျွန်တော်တို့ ဒေသမှာ အထူး ဒုက္ခရောက်နေကြရတယ်လေ” ဟု ပြောသည်။

ဆေးဝါးနှင့် သံထည်ပစ္စည်းများသယ်ယူ ခွင့်ကိုလည်း စစ်ကောင်စီက လုံးဝပိတ်ပင်ထားဆဲ ဖြစ်ကြောင်းလည်း ပလက်ဝဒေသခံများက ပြောသည်။ ၂၀၁၉ ခုနှစ်က ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံများသွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ယူခွင့်များကို စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ယခုအချိန်အထိ အင်တာနက်ဆက်သွယ်မှုများကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...