တစ်လအတွင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ မတရားပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၈၁) ဦးရှိ

တစ်လအတွင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ မတရားပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၈၁) ဦးရှိ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာအနေဖြင့် စစ်ကောင်စီက မတရားပုဒ်မများချမှတ်၍ ထောင်ဒဏ် ချမှတ် ခြင်း ခံထားရသူ အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၆၆) ဦး စုစုပေါင်း (၈၁) ဦးရှိနေကြောင်း နိုင်ငံရေးအကျဥ်း သားများကူညီ စောင့်ရှောက်ရေး အသင်း-AAPP က ထုတ်ပြန်ထားသည်။

အဆိုပါ (၈၁) ဦးတွင် ရာဇသတ်ကြီးပုဒ်မ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ အစရှိသဖြင့် နှစ်ရှည် ထောင်ဒဏ်ချ မှတ်ခံရသူ ၄ ဦးလည်းပါဝင်နေသည်ဟု AAPP က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုအထဲမှ အယောက် ၇၀ ဦးမှာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး ကျန်သူများမှာ နေပြည်တော်၊ မွန်ပြည်နယ်၊ ချင်းပြည် နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူအများစုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များသို့ ထောက်ပို့ လုပ်ဆောင်ခြင်း အပြင် ဓားစာခံအနေဖြင့် ဖမ်းဆီးခံရခြင်းမျိုးပါရှိကြောင်း AAPP က ဆိုထား သည်။

ထို့အတူ စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်းရှိကျေးရွာများအပြင် မြို့ပြများတွင်လည်း လူငယ်များအား ပစ်မှတ် ထားကာ စစ်ဆေးခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်သူများ၊ ပဋိပက္ခအတွင်း စစ်ဘေးတိမ်း ရှောင်ပြည်သူများကို ထောက်ပံ့သူများအား ဖမ်းဆီးခြင်း စသောလူ့ အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန် နေကြောင်း AAPP က ပြောဆိုထားသည်။

AAPP ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်တပ်က အငြိုးတကြီးနဲ့ ဖမ်းဆီးထောင်ချ နေတာတွေက အခု အာဏာလုယူပြီးနောက်မှာ အများဆုံးနဲ့အရက်စက်ဆုံးပါ။ နိုင်ငံရေးနည်းနဲ့ အာဏာကို မထိန်းထားနိုင်တာကြောင့် လူထုကိုအကြောက်တရားသွတ်သွင်းပြီး အာဏာထိန်းနိုင်အောင် ကြိုးစားနေတာပါ” ဟု ပြောသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုများပြားလာခြင်းနှင့်အညီ စစ်ကောင်စီသည် ၎င်း၏ အာ ဏာသက်ရောက်မှု ရှိသေးကြောင်းပြသလို၍ မြို့ပြများတွင် ယခုကဲ့သို့ စစ်ဆေးရေး တင်းကြပ်ကာ ဖမ်းဆီး ထောင်ချမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးနှင့်ပ တ်သက်ဆက်နွယ်နေသူများအား အဓိကထား ဖမ်းဆီး သတ်ဖြတ်ခြင်းသည် ပြည် သူတစ်ရပ်လုံး ပါဝင်သော တော်လှန်ရေးမဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲများဖြစ်ပွားပြီး နောက်တွင်လည်း ပြည်သူလူထုအား PDF ထောက်ပံ့သူ (သို့မဟုတ်) PDF အဖြစ် စွပ်စွဲ ဖမ်းဆီးသတ်ဖြတ်ခြင်းကလည်း လုပ်ရိုးလုပ်စဥ်တစ်ခု ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ မွန်ပြည်ဖွံ့ ဖြိုးရေးစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်က ပြောသည်။

၎င်းက “မြို့ပြမှာဆိုရင်လည်း မြို့ပြပျောက်ကြားတွေရဲ့ထိုးဖောက်မှုတွေ ပိုရှိလာတဲ့ အခါကျတော့ လူထုနဲ့မြို့ ပြ က တော်လှန်ရေးအင်အားစုတွေနဲ့ မချိတ်ဆက်မိအောင် မထောက်ပံ့ရဲအောင် ဖမ်းဆီး နှိပ်စက်ပြတဲ့သဘောပေါ့။ ဟိုအရင် ကိုဂျင်မီတို့ကို ဖမ်းဆီးတဲ့ကာလတုန်းကလည်း ဒီလိုပဲ မြို့ပြ ပျောက်ကြားတွေပေါ်လာတဲ့အတွက် အဖမ်းပြတယ်။ ဒါ သူတို့ရဲ့ဗျူဟာပါပဲ” ဟု သုံးသပ်ပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းယူပြီးသည့် အချိန်မှစတင်၍ ယခုနှစ် ဇွန်လ (၂၈) ရက်နေ့အထိ နိုင်ငံရေး လှုပ် ရှားသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ နှစ်သောင်းကျော်ရှိနေပြီး ထိုအထဲမှ ခြောက်ထောင် ကျော်သည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့အပြင် တော်လှန်ရေး ကာလအတွင်း နိုင်ငံတစ်ဝှမ်းသေဆုံးသူ သုံးထောင်ကျော်ရှိသလို လက်ရှိ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း တစ်ရာကျော်ရှိနေကြောင်း AAPP ၏ စာရင်းပြုစုချက်အရသိရသည်။

အဆိုပါ စာရင်းများသည် လက်လှမ်းမီနိုင်သလောက် ကောက်ခံပြုစုထားခြင်းဖြစ်၍ လက်ရှိမြေပြင်တွင် ဖော်ပြပါကိန်းဂဏန်းများထက် ပိုနိုင်သေးကြောင်း AAPP က ထည့်သွင်းဖော်ပြထားသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...