ရေး-ထားဝယ်ကားလမ်းတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီ တပ်ဖွဲ့များကို ရှာဖွေ

ရေး-ထားဝယ်ကားလမ်းတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီ တပ်ဖွဲ့များကို ရှာဖွေ

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမ တလျှောက် တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ် တို့က စစ်ဆေးမှု ဆက်တိုက်ပြုလုပ်လာနေသည်ဟု ဒေသခံများနှင့် ကားသမားများက ပြောသည်။

အမှတ် (၈) ကားလမ်းမတလျှောက်တွင် ဇွန်လ ၁၈ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ နေ့စဥ် စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်သားများ သွားလာမှုကို စောင့်ကြည့်နေသည်ဟု အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဥ် ခရီးသည်အသွင်ဖြင့် မော်တော်ယာဥ်ပေါ် အရပ်ဝတ်ဖြင့် လိုက်ပါစီးနင်းလာ သည့် စစ်ကောင်စီတပ်သား ၄ ဦးကိုလည်း ဖမ်းဆီးရမိထားပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

“သူတို့ အဓိက စစ်တာက ကားပေါ်က ပါလာတဲ့လူတွေကို စစ်တာ။ ဘယ်ကလာ ဘယ်သွားလဲပေါ့ အဲ့လောက် ပါ ပဲ။ သိပ်ပြီးတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုးတော့ မဟုတ်ဘူး။ အဓိက သွားလာတဲ့အခါ သတိနဲ့ သွား လာဖို့ပါ။ သူတို့နဲ့တိုးရင် အစစ်ဆေးခံဖို့က အရေးကြီးတယ်” ဟု မော်လမြိုင်-ရေး လိုင်းကားပြေးဆွဲနေသူ တစ်ဦးက ပြောသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးတလျှောက်သွားလာနေကြသည့်ခရီးသွားပြည်သူများ၊ ကားများ အနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွား ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံ ရန် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူလူထုအား အကာအကွယ်ယူ၍ သွားလာခြင်း၊ အင်အားဖြည့် တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုလို အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNLA က ဆိုထားသည်။

KNLA အနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် တိတိကျကျ လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိဘဲ တစုံတရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စ မျိုးကိုမဆို တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ် တိုက်ခိုက်ခံရသည့် ဖြစ်စဥ်များ၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့် ဖြစ်စဥ် လည်း ဆက်တိုက်ရှိလာခဲ့သည်။

ရေး-သံဖြူဇရပ် ကားလမ်းတလျှောက်တွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့ များကြား ပစ်ခတ်မှုတို့ကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်။

November 7, 2024
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော...
khonumthung (ပုံဟောင်း)
November 7, 2024
ချင်းပြည်၊ ပလက်ဝဒေသမှ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည့် စစ်ရှောင်များ ဆေးဝါး ပြတ်လပ်မှု၊...
November 7, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်တွင် ကလေး ၂၉...
November 6, 2024
မိုးကုတ် - မန္တလေးလမ်းလွှဲကို ယနေ့အချိန်ထိ ပိတ်ဆို့ထားမှုကြောင့် အခြားလမ်းလွှဲများမှ...