ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်ခြမ်းမှပေးသည့် WiFi အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ

ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်ခြမ်းမှပေးသည့် WiFi အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် လျှပ်စစ်မီးဖြတ်တောက် ထားရာမှ ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှ ယူထားသည့် အင်တာနက် WiFi လိုင်းများကိုလည်း ဖြတ်တောက် ခြင်းခံနေရသည်ဟု ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသတွင် ပြည်ပမှ လာရောက်သည့် တရုတ်လူမျိုးများအပြင် အခြားနိုင်ငံခြားသားများနှင့် နယ်ခြား စောင့်တပ် (BGF) တပ်များက လောင်းကစားရုံများ ဖွင့်ထားကြခြင်းဖြစ်သည်။

ကာစီနို လောင်းကစားရုံများ၊ အွန်လိုင်းလောင်းကစားများနှင့် အွန်လိုင်း လူခေါ် ပေးရသောလုပ်ငန်း စသည့် နေရာများတွင် ထိုင်းနိုင်ငံမှ WiFi အင်တာနက်များကို အဓိက အသုံးပြု လုပ်ကိုင် နေရပြီး လက်ရှိတွင် ထိုင်နိုင်ငံ ဘက်ခြမ်းမှ WiFi လိုင်းများကို ဖြတ်တောက်လိုက်သောကြောင့် အဆိုပါ လုပ်ငန်းအချို့မှာ ရပ်နားထားရကြောင်း ရွှေကုက္ကိုလ် ဒေသခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

“WiFi တွေ ထိုင်းဘက်က ဖြတ်လိုက်တယ်။ ကျနော်တို့အလုပ်လုပ်တဲ့ တရုတ်ကုမ္ပဏီမှာ ထိုင်းဘက်ခြမ်းက WiFi ဖြတ်လိုက်တော့ တရုတ် ကုမ္ပဏီတွေ တော်တော်များများက အလုပ်လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ လောင်း ကစား နေရာတွေ အွန်လိုင်း လူခေါ်လုပ်ငန်းတွေက အင်တာနက်ကောင်းမှ လုပ်လို့ရတာလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစတင်၍ မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ်တန်းပေးဝေထားသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ဖြတ်တောက် လိုက်ပြီး နောက် ယခုကဲသို့ အင်တာနက် WiFi လိုင်းများကိုလည်း ထပ်မံ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ လျှပ်စစ်မီးများ ဖြတ်တောက်ခံလိုက်ရသော်လည်း ရွှေကုက္ကိုလ်ဒေသအနီးရှိ ကျေးရွာ ၆ ခုတွင် မြဝတီမြို့ အမှတ် ၂ တံတားဘက်ခြမ်းမှ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားများကို အချိန်အကန့်အသတ်ဖြင့် ပေးနေ ကြောင်း ရွှေကုက္ကိုလ်ရွာသားတစ်ဦးက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

“အခုမီးက မြဝတီအမှတ် ၂ တံတားဘက်က လာတဲ့မီး မနက် ၆ နာရီသူပေးရင်နေ့လည်ပိုင်း ၁၁ လောက် ဆို ပြတ်သွားပြီ။ အချိန်ပိုင်းနဲ့မီးပေးနေတာ တစ်ပတ်လောက်ရှိပြီး။ ရပ်ကွက်တစ်ရပ်ကွက်ကို နာရီပိုင်းနဲ့ပေး တယ်။ တစ်ခါတစ်လေ နေ့လည်ပိုင်းလောက်ပေးလိုက်တယ်။ ညပိုင်း တစ်ညလုံးမလာတော့ဘူး” ဟု ၎င်းက ဆိုသည်။

ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပေးသည့် လျှပ်စစ်ဓာတ်အားနှင့် WiFi လိုင်းများလည်း ဖြတ်တောက် ခံ ထားရသော်လည်း တရုတ်ကာစီနိုရုံများတွင် မီးစက်ကြီးများကို အသုံးပြုလည်ပတ်နေဆဲ ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...