ရေးနှင့် ကျိုက်ထိုတွင် လက်နက်ကြီးများကျ အမျိုးသမီး ၂ ဦး သေ

ရေးနှင့် ကျိုက်ထိုတွင် လက်နက်ကြီးများကျ အမျိုးသမီး ၂ ဦး သေ

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ကွဲမှုကြောင့် အမျိုးသမီး၂ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် လူမှု ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အချိန်ခန့်က ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရ ၃၁ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေါဇာမြို့နယ်ခွဲ ဝင်းတမော့(ကျောက်အိုင်)ကျေးရွာရှိ နေအိမ် တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ နှစ်အရွယ် မိထွေးကြည် ဦးခေါင်းကျည်ထိမှန် သေဆုံး သွားခဲ့ကြောင်း ဒေသခံများ ပြောသည်။

“ညနေပိုင်း ၃ နာရီကျော်ကျော်လောက်မှာ ဖြစ်သွားတယ်။ လက်နက်ကြီးက အဲ့အမျိုးသမီး အိမ်ပေါ်မှာ ကျသွား တယ်။ ဦးခေါင်းထိသွားတယ်။ ခေါင်းတခုလုံး ကြေမွသွားပြီးတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ စစ်တပ်က မနက်ပိုင်းမှာလည်း လက်နက်ကြီးနဲ့ ပစ်သေးတယ်။ ရွာအပြင်ဘက်မှာကျသွားတော့ ထိခိုက်တာတွေတော့ မရှိခဲ့ဘူး” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သေးသည့်အြပင် လက်နက်ကြီး ပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်တာ မဟုတ်ကြောင်း လာရောက်ပြောဆိုသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ဇွန်လ ၁၆ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အမှတ် (၁) ရပ် ကွက်ထဲ လက်နက်ကြီး ကျရောက်ကွဲခဲ့မှုကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ် ကျည်ထိမှန် သေ ဆုံးသွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ ကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေ သည့်အတွက် ယခုလည်း အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်နိုင်ကြောင်း ဒေသခံများ က ပြောသည်။

သိမ်ဇရပ်မြို့ထဲက လက်နက်ကြီးကျည် ကျရောက်ကွဲသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး KNLA နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှု အားကောင်းပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေ သည့် ရေးမြို့နယ်နှင့် သထုံခရိုင်အတွင်းက ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်တို့မှ ကျေးရွာထဲ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်။

စစ်ကောင်စီတပ်များက ကျေးရွာများထဲသို့ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိလာနေသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...