လွှတ်မြောက်လာသည့် အထဲတွင် ရခိုင်နိုင်ငံရေး အကျဉ်းသား ရ ဦးသာ ပါ၀င်

လွှတ်မြောက်လာသည့် အထဲတွင် ရခိုင်နိုင်ငံရေး အကျဉ်းသား ရ ဦးသာ ပါ၀င်
by -
နိရဥ္စရာ သတင်းဌာန

၀ါကျွတ်လပြည့် အောက်တိုဘာလ ၁၂ ရက်နေ့ က လွတ်ပေးလိုက်သော နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးထဲတွင် ရခိုင်မှ နိုင်ငံရေး အကျဉ်းသား (၇) ဦးခန့်သာ ပါ၀င်ကြောင်း သိရသည်။

welcome-to-prisoner-release--in-Burma
ပါ၀င်ခဲ့သော အကျဉ်းသားများထဲတွင် ထောင် ၁၇ နှစ်ကျော် ချမှတ်ခံထားရသော တောင်ကုတ်မြို့မှ ကိုမင်းအောင်လည်း ပါ၀င်ပြီး စစ်ကိုင်းတိုင်း ကလေးထောင်မှ လွတ်မြောက်လာခဲ့သည်။

" ဟုတ်ပါတယ်။ ကိုမင်းအောင် ကလေးထောင်က လွတ်လာတယ်လို့ သတင်း ရပါတယ်။ မနက်ဖြန် လောက် မှ တောင်ကုတ်ကို ရောက်လာနိုင်ပါတယ်" ဟု သူ လုပ်ဖေါ် ကိုင်ဘက် တစ်ဦးက ပြောသည်။

နိရဥ္စရာ ဆက်သွယ်သည်ဟု မြန်မာ စစ်အစိုးရထံ သစ္စာဖေါက်သူ တစ်ဦး၏ သတင်းပေးချက်ဖြင့် ဖမ်းဆီးခံရပြီး ထောင်( ၅) နှစ် ချခံရသူ တောင်ကုတ်မြို့မှ ကိုစန်းလွင်လည်း သံတွဲထောင်မှလွှတ်မြောက် လာခဲ့သည်။

တခြား လွှတ်မြောက်လာသူ နာမည်ကြီး နိုင်ငံရေး အကျဉ်းသားမှာ အရှင်ဣဿရိယ ခေါ် ကိုအောင်စိုး ဖြစ်ပြီး ဘူးသီးတောင် ထောင်ထဲမှ လွှတ်မြောက်လာခဲ့သည်။

အရှင်ဣဿရိယသည် ရွေဝါရောင်တော်လှန်ရေး ဖြစ်ပွားပြီးနောက် ဘင်္ဂလာဒေချ့်ဘက်သို့ တိမ်းရှောင် ကြိုးစားစဉ် မောင်တောမြို့ မြို့မကျောင်းတွင် ဖမ်းဆီး လူဝတ်လဲခံရကာ ထောင်ဒဏ် (၇) နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

" ဦး အရှင်ဣဿရိယခေါ် ကိုအောင်စိုး လွှတ်ပါတယ်။ စုစုပေါင်း ဘူးသီးတောင်ထောင်ထဲက နိုင်ငံရေး အကျဉ်းသား ၄ ဦး လွတ်ပါတယ်။ ကျန်နေတာကတော့ ကိုဌေးကြွယ်တို့ရယ်၊ အသက် ရ၅ နှစ်ရှိနေပြီ ဖြစ်တဲ့ ဦးခွန်ထွန်းဦးတို့နဲ့ အမူတွဲ ဦးထွန်းညို စတဲ့ သူတွေ ဖြစ်ပါတယ်။ ထောင်မှာ ကျန်နေခဲ့တဲ့ နိုင်ငံရေးသမားက အများကြီးဘဲ။ လွတ်တာက နည်းနည်းပဲ" ဟု ဘူးသီးတောင်ထောင်မှ လွှတ်လာသူ စမ်းချောင်း ကိုကိုကြီးက ပြောသည်။

ပေါက်တောမြို့နယ် ဇာတိ နိုင်ငံရေး အကျဉ်းသား နှစ်ဦးလည်း လွှတ်မြောက်လာရာ အဆိုပါ ပုဂ္ဂိုလ်များမှာ ဦးကောဝိဒနှင့် ဦးမြတ်ထွန်းတို့ ဖြစ်ကြသည်။ ဦးကောဝိဒသည် ရန်ကုန် ငွေကြာယံ ကျောင်းတိုက်မှ ၂၀၀၇ အောက်တိုဘာ ၄ ရက်နေ့တွင် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင် ပါ၀င်မူဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၄ နှစ် ၆ လ ချမှတ်ခံခဲ့ရသည်။ ယခု သရက်ထောင်က လွှတ်မြောက်လာသည်။

ပေါက်တောမြို့ သဝင်ချောင်းမှ ဦးမြတ်ထွန်းမှာ ပြည်ပ သတင်းဌာနများနှင့် ဆက်သွယ်သည်ဟု ဆိုကာ မောင်တောမြို့မှ ဘူးသီးတောင်သို့ အပြန် ဗျူဟာဂိတ်တွင် ၂၀၀၈ ခုနှစ်က ဖမ်းဆီးခံရပြီး ထောင် (၅) နှစ် ချမှတ်ခံရကာ ယခုအခါ ဧရာဝတီတိုင်း မြောင်းမြထောင်မှ လွှတ်မြောက်လာခဲ့သည်။

တခြား လွတ်လာသူများမှာ ဘူးသီးတောင်မြို့ ညောင်ချောင်းကျေးရွာမှ ကိုနိုင်စိုး (အဖ-ဦးမောင်လှဖြူ) ဖြစ်ပြီး ဗန်းမော်ထောင်မှ လွတ်မြောက်သည်။ ကိုနိုင်စိုးသည် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) နှင့် ဆက်စပ်သည့် စွပ်စွဲဖြင့် ၂၀၀၉ စက်တင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

Ethnic Youth Network Group (EYNG) မှ ရခိုင်လူငယ် ကိုယ်စားပြု ကိုကျော်ဝင်းချေ (စစ်တွေ) (အဖ-ဦးဖြူအောင်) သရက်ထောင်မှ လွတ်မြောက် လာခဲ့သည်။ ကိုကျော်ဝင်းချေသည် ၂၀၀၈ ဇန်နဝါရီ ၂၀ တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရသည်။ ထို့နောက်တွင် ထောင်ဒဏ် ၆ နှစ်သို့ လျှော့ပေးခဲ့သည်။

Most read this week