လူမှုရေး လုပ်ငန်း အတွက် ဖားကန့်ရောက် ရခိုင်မိသားစု တခုမှ ကျပ်သိန်း ၁၆၀ လှူဒါန်း

လူမှုရေး လုပ်ငန်း အတွက် ဖားကန့်ရောက် ရခိုင်မိသားစု တခုမှ ကျပ်သိန်း ၁၆၀ လှူဒါန်း
by -
ထွန်းထွန်း

ကချင်ပြည်နယ် ဖားကန့်တွင် ရောက်ရှိနေသော ရခိုင်မိသားစု တစ်ခုမှ ပေါက်တောမြို့နယ်လူမှုရေး နှင့် နာရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ကျပ်သိန်း ၁၆၀ လှူဒါန်းလိုက်ကြောင်းသတင်းရရှိ သည်။

လှူဒါန်းသူ မိသားစုမှာ ဦးမြစိန်ထွန်းနှင့် ဇနီးဒေါ်ဖြူဖြူခိုင်တို့မိသားစု ဖြစ်ပြီး ရခိုင်ပြည်နယ်ပေါက်တော မြို့နယ် ဇာတိဖြစ်ကာ ယခုအခါ ကချင်ပြည်နယ် ဖားကန့်တွင်နေထိုင်နေကြောင်း သိရသည်။

" အလုပ်လုပ်ယင်းနဲ့ ချမ်းသာနေသူတွေ ဖြစ်ကြပါတယ်။ သာမန်မိသားစု ဘဝကနေ ချမ်းသာသွားတဲ့သူ တွေ ဖြစ်ပါတယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးရေး အတွက် ခုလို လှူဒါန်းတာက တော်တော် ၀မ်းသာပီတိဖြစ်ဖို့ ကောင်းပါတယ်" ဟု ပေါက်တောက လူငယ် တစ်ဦးက ပြောသည်။

အဆိုပါ လူငယ်မှာ ပေါက်တောမြို့မှ လူမှုရေးအကျိုးဆောင်လုပ်ဆောင်နေသူ လူငယ်တဦး ဖြစ်ပြီး စစ်တွေသို့ ရောက်စဉ် က ယခုလို ပြောကြားခြင်း ဖြစ်သည်။

" အဲဒီငွေအလှူပွဲကို စက်တင်ဘာ ၁ ရက်နေ့ မွန်း လွဲပိုင်း ၁၂ နာရီခန့်မှာ ပေါက်တောမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အဆောင်မှာ ကျင်းပခဲ့ပါတယ်။ အဓိက လှူတာကတော့ လူမှုရေး ရန်ပုံငွေ အတွက် ကျပ်သိန်း ၅ဝ နဲ့ မတည်ငွေ ၅ သိန်း၊ နိဗ္ဗာန်ယာဉ် အတွက် ကျပ်သိန်း ၂ဝ၊ မီးသတ်ကား အဆောက်အအုံ အတွက် ကျပ် ၁၅ သိန်း၊ ပေါက်တောမြို့တောင်ကျောင်း အတွက်ကျပ် ၁၅သိန်း၊ ပေါက်တောမြို့ သိမ် ကျောင်း ဘုန်းတော်ကြီးကျောင်း အတွက် ၅ သိန်းနဲ့ ကျန်ငွေများကို အမှတ်-၁ ရပ်ကွက်လမ်းမီးလင်း ရေးတို့ အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်တွင်း ပြည်ပရောက် ရခိုင့် အသိုင်းအဝိုင်းတွင် ချမ်းသာသူ မိသားစု တချို့ရှိသော်လည်း ယခုလို သာရေး၊ နာရေးနှင့် လူမှုရေး အတွက် မိမိပုဂ္ဂလိကငွေကို ၄င်းမိသားစုလို လှူဒါန်းခြင်း မရှိေ သးကြောင်း သိရသည်။

Most read this week