RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမူ နှောင့်ယှက်ဟန့်တားမူ မရှိ

RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမူ နှောင့်ယှက်ဟန့်တားမူ မရှိ
by -
နိရဥ္စရာ သတင်းဌာန

RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာတော်ဦးဥတ္တမ လက်ဆင့်ကမ်း စာစောင်များကို စစ်တွေ အပါအဝင် ရခိုင်တပြည်နယ်လုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေရာအာဏာပိုင်များ က တစုံတရာ နှောင့်ယှက် ဟန့်တားမူ ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

rndpရတပ ပါတီမှ ထုတ်ဝေသော ဦးဥတ္တမ အမှတ်တရ စာစောင်
စစ်တွေမှ လူငယ် တစ်ဦးက " ဆရာတော် ဦးဥတ္တမ စာစောင်တွေ ရပါတယ်။ ရခို်င်ပါတီက ဖြန့်ဝေတာ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်လို့ ဖြန့်နေကြပါတယ်။ အခု အချိန်ထိတော့ ဘာမှ ပြဿနာ မရှိပါဘူး" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ထုတ်ဝေသော ဆရာတော် ဦးဥတ္တမ စာစောင် အဖုံးတွင် မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ကျေးဇူးရှင် ဆရာတော် အသျှင် ဦးဥတ္တမ ( ၁၈၈၉- ၁၉၃၉) စာသားဖြင့် ရေးသားထားပြီး ဆရာတော်ပြောဆိုခဲ့သော " နောက်ဆုံး မှာ ဇာအရာမဆို မှန်ကန်ရေ တရားရေအောင်နိုင် စမြဲရာ" ကို ရေးသား ဖေါ်ပြထားသည်။

Saradaw-Ottama
၎င်းပြင် ဆရာတော် ဦးဥတ္တမ၏ သမိုင်းဝင် ဓါတ်ပုံများ၊ အဆိုအမိန့်များကိုလည်း စာစောင်တွင် ဝေဝေ ဆာဆာ ဖေါ်ပြထားကြောင်း သိရသည်။

အဆိုပါ စာစောင်အား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အောက်မေ့သတိရ ဂုဏ်ပြုသည့် အနေဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

ပုဏ္ဍားကျွန်းမှ လူငယ် တစ်ဦးကလည်း " ကျွန်တော်တို့ဆီမှာ ဆရာတော် အတွက် ရတပ ပါတီကထုတ်ဝေ တဲ့ စာစောင်အပြင် ဆရာတော် ဦးဥတ္တမ တီရှပ်တွေလည်း ရပါတယ်။ လူတွေက တက်တက်ကြွကြွနဲ့ အခမ်းအနားကို တက်ဖို့ စိတ်ထက်သန်နေကြပါတယ်" ဟု ပြောသည်။

အဆိုပါ ရတပ ပါတီမှ ထုတ်ဝေသော ဆရာတော် ဦးဥတ္တမ စာစောင်အား စစ်တွေတွင် သာမကနယ်မြို့များ တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြသည်ဟု သိရသည်။

ယခင်က ဆရာတော် ဦးဥတ္တမနေ့နှင့် ပတ်သက်ပြီး လုပ်ရှားမူများကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သည်။

Most read this week