၂၀၁၀ နိုဝင်္ဘာလ ရ ရက်နေ့က ပြုလုပ်သော ရွှေးကောက်ပွဲတွင် အနိုင်ရပြီး ကြ့ံခိုင်ရေး ပါတီက တိုင်ကြားမူကြောင့် အမူရှံုးခဲ့ရသောပေါက်တောမြို့ နယ်မှ ရတပ ပါတီ အမတ် (၃) ဦး၏ အမူကိုလာ မည့် စက်တင်္ဘာလ ၉ ရက်နေ့တွင် ဒုတိယ အကြိမ် ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ချက် ချမည် ဖြစ်သည်။
အဆိုပါ လွှတ််တော် ကိုယ်စားလှယ် (၃) ဦးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံံနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ ဖြစ်ကြသည်။
နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အထူးခုံရုံးမှ ဇူလိုင်လ ၆ ရက်နေ့က သူတို့ သုံးဦအား အရှုံးပေးခဲ့ပြီး ကြံ့ခိုင်ရေး ကိုယ်စားလှယ် (၃) ဦးကို အနိုင်ပေးခဲ့သည်။
သို့သော်လည်း အထူးခုံရုံး၏ ဆုံးဖြတ်ချက်မှာ ရွှေးကောက်ပွဲတွင် မဲအပြတ်သတ်နိုင်သူများကို အနိုင်မ ပေးဘဲ အရှံုးပေးခဲ့သဖြင့် သမာသမတ် မကျဟု ဆိုကာ ရတပ ပါတီမှ စောဒက တက်ပြီး ပြန်လည် စစ်ဆေးရန် အမူ အယူခံလွှာကို ဇူလိုင်လ ၂၀ ရက်နေ့က အမှုတခုကို ကျပ်ငွေ ၁၀ သိန်းဖြင့်တင်သွင်းခဲ့ သည်။
သို့ အတွက် အမူကို ရွှေးကောက်ပွဲ ကော်မရှင် အထူးခုံရုံးက ပြန်လည် စစ်ဆေးခဲ့ပြီး လာမည့် စက်တင်္ဘာလ ၉ ရက်နေ့တွင် အမူကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
သြဂတ်စ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့က အမူကို စစ်ဆေးခဲ့စဉ် ရတပ ပါတီမှ ရှေ့နေများ၏ ထောက်ပြ မေးမြန်းချက်များကြောင့် ခုံရုံး တရားသူကြီးများ မျက်နာ ပျက်ခဲ့ရသည်ဟု သိရသည်။
" ကျွန်တော်ဘက်က ရှေ့နေတွေ လျှောက်လဲတဲ့ လျှောက်ချက်ထဲမှာ ဖော်ပြတာက သိပ်ကောင်းပါတယ်။ အဓိကတော့ ဦးအောင်ကျော်ဇံတို့ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုကို ဖြိုခွဲတဲ့ စကားတွေကို ပြောခဲ့တယ်။ ဟောပြောပွဲတွေမှာ ဟောပြောတယ် ဆိုရင် အဲဒီကတည်းက အုပ်ချုပ်တဲ့ အာဏာပိုင်တွေက ဘာကြောင့် အရေးမယူခဲ့သလဲ ဆိုတဲ့ ကော်မရှင်တွေကို မေးတဲ့ မေးခွန်းပါ။ ရွေးကောက်ပွဲမှာ ရှုံးပြီးခါမှ စွပ်စွဲခြင်း ဖြစ်တယ်ဆိုတဲ့ အတွက် ဒါဟာ တမင်သက်သက် တရားစွဲဆိုတာကို ပေါ်လွင်အောင် ဒီဘက်က ရှေ့နေတွေက တင်ပြပါတယ်။ နောက်နဂိုမူလ စွပ်စွဲခံရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်ဟာ ဒီဟောပြောပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ပြီး မဲဆွယ် ဟောပြော ခဲ့တာ မရှိဘူး။ ဒါကြောင့် သူကို ဒီလို စွဲချက်နဲ့ စွဲပြီး အရှံုးပေးတာဟာ တရားမျှတမူ မရှိဘူးလို့ ဒီဘက်က ရှေ့နေတွေက လျှောက်လဲပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင်အမတ်ဦးဇော်အေးမောင် က ပြောသည်။
ရွှေးကောက်ပွဲ ကော်မရှင်က ပေါက်တောမြို့နယ်မှ ပယ်မဲမျာကို စစ်ဆေးရာတွင်လည်း ရတပ ပါတီ ကိုယ်စားလှယ်များကသာ အနိုင်ရရှိခဲ့သဖြင့် စွပ်စွဲချက် တစ်ခု ဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ ပြည်ထောင်စုကို ဖြိုခွဲသော စကားဖြင့် မဲဆွယ်ခဲ့သည်ဟု ဆိုသော စွပ်စွဲချက်ဖြင့် ရတပ ပါတီမှ ကိုယ်စားလှယ်များကို အရှံုးပေးခြင်းမှာ တရားမျှတမူ မရှိဘဲ ဖြစ်နေကြောင်း ပါတီ တာဝန်ရှိသူများက ပြေသည်။
အမည်မဖေါ်လိုသူ ရတပ ပါတီ ခေါင်းဆောင် တစ်ဦးက " ကျွန်တော်တို့ ရွှေးကောက်ပွဲ ကော်မရှင် ခုံရုံးကို တစုံတရာ ဖိအားပေးတာ၊ တရားခွင်ကို အကျပ်ကိုင်တာမျိုး မဖြစ်စေလိုတဲ့ အတွက် မပြောတာသာ ဖြစ်ပါတယ်။ နောက်ကွယ်က ဘယ်ပယောဂမှ မပါဘူးဆိုရင်၊ ခုံသမာဓိတွေက မှန်မှန်ကန်ကန် လွတ်လွတ် လပ်လပ် ဆုံးဖြတ်မယ်ဆိုရင် ရတပ ပါတီ ကိုယ်စားလှယ်တွေက နိုင်မှာပါ။ အဲသလို မဟုတ်ရင်တော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး " ဟု ပြောဆိုသွားပါသည်။