နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က ဝေဖန်

နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က ဝေဖန်
by -
နိရဥ္စရာ သတင်းဌာန

နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင်သတင်း စာ တစ်စောင် ဖြစ်သော ကြေးမုံသတင်း စာပါ ဆောင်းပါး တပုဒ်က ဝေဖန် ရေးသားလိုက်သည်။

burmese-news-photoဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ " တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါ၀င်ကြပါစို့ " ဆောင်းပါးတွင် ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင် သဘာဝနှင့် သယံဇာတ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက ရွှေသီးသည်ဟု တင်စားသည့် ကျွန်တော်တို့့ တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆ ရာခိုင်နုန်း ကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက်တိို့က ဆင်းရဲနွမ်းပါးသူတို့၏ အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာ ရေးသားဖေါ်ပြထားသည်။

၎င်းပြင်သူက အုပ်ချုပ်မူ အားနည်းခြင်းနှင့် အထူးအခွင့်အရေးများ ပေးခြင်း တို့ကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမူ မြင့်မားခြင်းတို့ကို ရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် အုပ်ချုပ်မူ အားနည်းခြင်းတို့၏ ရလဒ်ကြောင့် ဖွံ့ဖြိုးတိုးတက်မူ နှေးကွေးခဲ့ရကြောင်း၊ လက်တစ်ဆုတ်စာ လူတန်းစားတို့၏ အခွင့်ထူးခံ လုပ်ရပ်များကြောင်း ပြည်သူအများစု နစ်နာခဲ့ရသည်။ တိုင်းပြည်၏ အကျိုးစီးပွား အကျိုးမဲ့စွာ ဆုံးရှံုးခဲ့ရသည်ဟုလည်း ဖေါ်ပြထားသည်။

စာရေးသူ ဝေယံမောင်က တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို ပြောဆို ဝေဖန်ထားသဖြင့် တိုင်းပြည် အာဏာကို နှစ်ပေါင်း ၂၃ နှစ် ကြာ ရယူ ထားခဲ့သော စစ်အစိုးရအားလည်း သူ့ဆောင်းပါးက အရှက်ရစေလိမ့်မည်ဟု စာဖတ်သူများက သုံးသပ် ပြောဆိုသည်။

၎င်းပြင် ယနေ့ မြန်မာနိုင်ငံ တွင် ကောင်းစားနေသော လက်တဆုတ်စာ လူတန်းစားမှာ ယခင် တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများနှင့် နီးစပ်သူများ ဖြစ်သဖြင့် ဝေယံမောင်၏ ဆောင်းပါးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအပါအဝင် သန်းကြွယ် သူဌေး ဦးတေဇတို့၏ အရှိုက်ကို လက်သီး တိုက်ရိုက် ထိမှန်သွားသလို ခံစားရမည့် ဆောင်းတပါး တပုဒ်အဖြစ် စာဖတ်သူများက ရှု့မြင်နေကြရသည်ဟု သတင်း ရရှိသည်။

Most read this week