စစ်တကောင်း တောင်တန်းနယ် အရေးအတွက် ဂျပန်နိုင်ငံတွင် ဆန္ဒပြ

စစ်တကောင်း တောင်တန်းနယ် အရေးအတွက် ဂျပန်နိုင်ငံတွင် ဆန္ဒပြ
by -
နိရဥ္စရာ သတင်းဌာန

ဘင်္ဂလာဒေချ့် နိုင်ငံ ခါကာဆိုးရီ ခရိုင် (ဖလံထောင်) ၌ များမကြာမှီက ဖြစ်ပွားခဲ့သော ဒေသခံ မာရမာများနှင့် ဘင်္ဂလီ အခြေချသူများ အကြား ဖြစ်ပွားခဲ့သော အဓိဂရုဏ်းကို ဆန့်ကျင် ရှုတ်ချ သည့် ဆန္ဒပြပွဲ တစ်ခုကို မေလ ၂ရက်နေ့ က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

World-Jummo-Voice-of--Japanယင်းဆန္ဒပြပွဲကို The World Jummo Voice of Japan က ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ဂျပန်ရောက် မာရမာ၊ သက်၊မြို၊ မြုံ စစ်တကောင်း တောင်တန်းနယ်သား များအပြင် ဂျပန်ရောက် ရခိုင်များလည်း ပူးပေါင်း ပါ၀င်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၅၀ ခန့် ပူပေါင်း ပါ၀င်ခဲ့ပြီး နံနက် ၁၀ နာရီတွင် Godenta ဘူတာအနီးရှိ ပန်းခြံမှကြွေးကြော် သံများ ကြွေးကြော်ပြီး တိုကျိုမြို့ Meguro ရပ်ကွက်ရှိ ဘင်္ဂလာဒေချ့်သံရုံးသို့ စတင် ချီတက် ခဲ့ကြသည်ဟု သိရသည်။

The-World-Jummo-Voice-of--Japan

သူတို့ ကြွေးကြော်သော ကြွေးကြော်သံများမှာ

(၁) ဘင်္ဂလာဒေရှ်အစိုးရမှ နိူင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း စစ်တကောင်း တောင်တန်း ဒေသတွင် မြေပြန့်ဒေသမှ ဘင်္ဂါလီများ အခြေစိုက်ခြင်းကို ချက်ချင်း ရပ်တန့်ပေးရန်။
(၂)ယခုဖြစ်ပွားသော လူမျိုးရေးအဓိကရုဏ်းတွင် တာဝန်ရှိသူများကို အရေးယူပေးရန်။
(၃)လူမျိုးရေးနှင့်ဘာသာရေးအရ အနိုင်ကျင့်မှုကို ချက်ချင်းရပ်တန့်ရန် စသည်တို့ ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် ဘင်္ဂလာဒေချ့် သံရုံးသို့ ရောက်ရှိခဲ့ပြီး The World Jummo Voice of Japan ၏ သဘောထား ကြောငြာချက်ကို သံအမတ်မှ တဆင့် ဘင်္ဂလာဒေချ့် ၀န်ကြီး ချုပ်ထံသို့ ပေးပို့ ခဲ့ကြောင်း သတင်း ရရှိသည်။

Most read this week