မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။

indian-navyထွက်ခွာသွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘောနှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေချ့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေချ့်မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေချ့် ကမ်းခြေစောင့် တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေချ့်တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော နှစ်စီးမှာ အိန္ဒိယနိုင်ငံ Orisa ပြည်နယ်မှ ထွက်ခွာလာသော ကမ်းခြေစောင့် စစ်သင်္ဘောများ ဖြစ်ပြီး မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ပြီးနောက် အန်ဒမန် ပင်လယ်ပြင်သို့ ပြန်လည် ထွက်ခွာပြီး ပုံမှန် ကင်းတာဝန်ကို ဆောင်ရွက်မည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာဘက်မှ ယခုအချိန်ထိ တစုံတရာထုတ်ဖေါ်ပြောကြား ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week