လင်ယောကျင်္ား ဖြစ်သူက ဇနီးကို အလည်ရောက်နေသော အိမ်တွင် သတ်ပြီး အိမ်ကိုပါ မီးရှို့

လင်ယောကျင်္ား ဖြစ်သူက ဇနီးကို အလည်ရောက်နေသော အိမ်တွင် သတ်ပြီး အိမ်ကိုပါ မီးရှို့
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လင် ယောကျာင်္း ဖြစ်သူက အလည်ရောက်ရှိနေသော အိမ်တွင် ဇနီး ဖြစ်သူကို အသေသတ်ပြီး တည်းခို နေသော အိမ်ကိုပါ မီးရှို့ သဖြင့်အဆောက် အဦး ၃၁ လုံး မီးထဲပါသွားသော အဖြစ်အပျက် တစ်ခု ဧပြီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများက ရေးသားဖေါ်ပြသည်။

အစိုးရပိုင် သတင်းစာ၏ ဖေါ်ပြချက်အရ ကျောက်တော်မြို့နယ် အထက်ပိုင်း အထက် တင်းမ ကျေးရွာတွင် နေထိုင်သော ဦးမဲလား၏ နေအိမ်သို့ ဦးအကျော်ချေ အသက်(၃၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အဖြူချေ(၂၇)နှစ်တို့ အလည် လာရောက် တည်းခိုခဲ့သည်ဟု သိရသည်။

ထိုသို့ တည်းခိုနေစဉ် လင်မယား စကားများရန်ဖြစ်ခဲ့ရာမှ ခင်ပွန်း ဖြစ်သူဦးအကျော်ချေက ဓားဖြင့်ခုတ်၍ ဇနီးဖြစ်သူဒေါ်အဖြူချေ သေဆုံးခဲ့သည်။ သူမိန်းမအား သတ်ဖြတ်ပြီးနောက် သူတည်းခိုနေသော ဦးမဲလာ၏ အိမ်အား ထပ်မံ မီးရှို့ခဲ့သည်ဟု ဆိုသည်။

ဦးမဲလာ၏ အိမ်မှ နောက်အိမ်များသို့ မီးကူးစက်သွားခဲ့ပြီး အဆောက်အဦး ၃၁ လုံး မီးထဲပါသွားခဲ့ကြောင်း သိရသည်။

အဆောက်အဦး ၃၁ လုံးထဲတွင် နေအိမ် ၂၉ လုံး၊ ကျေးရွာမူလတန်းကျောင်းတစ်ကျောင်း၊ ဇရပ်တစ်ဆောင်တို့ ဖြစ်သည်။ တန်ဖိုးအားဖြင့် ငွေကျပ် ၈၆ သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်မှုကြောင့်အိမ်ထောင်စု ၂၉ စု၊ လူကြီး လူငယ် ရ၉ ဦး၊အမျိုးသမီး ရ၉ ဦးစုစုပေါင်း ၁၅၈ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သည်ဟု သတင်းစာက ဖေါ်ပြသည်။

Most read this week