ဖလောင်းချိတ် မဟာ ရခိုင် သင်္ကြန် အောင်မြင်စွာ ပြီးစီး

ဖလောင်းချိတ် မဟာ ရခိုင် သင်္ကြန် အောင်မြင်စွာ ပြီးစီး
by -
ထွန်းထွန်း

နှစ်ဆန်း တစ်ရက်နေ့က စတင်ခဲ့သောဖလောင်း ချိတ်မြို့ ရခိုင် သင်္ကြန်မှာ ယမန်နေ့ (ဧပြီလ ၁၉ ရက်) နေ့က အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

Coxsbazar-Thangran-2011-RDF

သုံးရက်တိုင်တိုင် ကျင်းပခဲ့သော ဖလောင်းချိတ် သင်္ကြန်တွင် ရေလောင်း မဏ္ဍပ်ပေါင်း ၁၀ ခု ပါ၀င်ကာ ထောင်ချီသော လူငယ်များက သင်္ကြန်တွင် ပါ၀င်ဆင်နွဲခဲ့ကြသည်။

ယခုနှစ် ဖလောင်းချိတ် သင်္ကြန်တွင် ရခိုင်ပြည်မှ အဆိုတော်များ လာရောက် ဖြေဖျော်ခဲ့ကြပြီး ပွဲတော်မှာ အထူး စည်းကားခဲ့ကြောင်း လူငယ် တစ်ဦးက ပြောသည်။

" အရင် သင်္ကြန်နှစ်တွေနဲ့ နှိုင်းယှဉ်လို့ရှိရင် ဒီနှစ် ဖလောင်းချိတ် သင်္ကြန်က တော်တော် စည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်က အဆိုတော်တွေ လာရောက် ဖြေဖျော်တဲ့ အတွက် ဖြစ်ပါတယ်။ သူတို့ လာရောက် ဖျော်ဖြေတဲ့ အတွက် ကျွန်တော်တို့ လူငယ်အရော၊ လူကြီးတွေရော အကုန်လုံး ပျော်ပျော် ရွှင်ရွှင်နဲ့ သင်္ကြန်ပွဲကို ဆင်နွဲခဲ့ကြပါတယ်။"

အဆိုတော် ကိုမြတ်ခိုင်ကျော်ကလည်း " ဖလောင်းချိတ် သင်္ကြန်မှာ ဖြေဖျော်ရတာ အားရကျေနပ်မှုရှိတယ်။ မြန်မာနိုင်ငံသင်္ကြန်နဲ့ နှိုင်းယှဉ်လို့ ကျနော့်အမြင်တခုပြောမယ်ဆိုတော့ ဒီနိုင်ငံမှာက အစိုးရက တားဆီး ပိတ်ပင်တာ စည်းကမ်းချက်တွေ မရှိဘူး။ အဲဒါကြောင့် လူကြီးလူငယ် လွတ်လွတ်လပ်လပ် ပျော်ကြတာ ကို တွေ့တယ်။ မိန်းမတွေဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ ပျော်ကြပါးကြတော့ မြန်မာနိုင်ငံက သင်္ကြန်နဲ့ အများကြီး ထူးခြားတယ်" ဟုဆိုသည်။

ဖလောင်းချိတ် သင်္ကြန်ကို ရခိုင် အဆိုတော်များ ဖြစ်ကြသော ကိုမြတ်ခိုင်ကျော်၊ ကိုလှသိန်း၊ ကိုမျိုးရခိုင်နှင့် မယုယုလိုင်တို့ ပါ၀င် ဖြေဖျော်ခဲ့ကြသည်။

ယခုနှစ် ဖလောင်းချိတ် သင်္ကြန် စတိတ်ရှိုးပွဲအား ရခိုင်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း (RDF) အကူအညီဖြင့် ပြုလုပ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ဖလောင်းချိတ်မြို့သင်္ကြန်ကို ဧပြီလ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့များတွင် ကျင်းပခဲ့ပြီး နောက်ထပ် ပန်းဝါမြို့နှင့် နတ်ကျော်ဆရီမြို့များတွင်လည်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week