ရာသီဥတု မညီမျှမှုကြောင့် ရခိုင် နှမ်းလုပ်ငန်း ထိခိုက်

ရာသီဥတု မညီမျှမှုကြောင့် ရခိုင် နှမ်းလုပ်ငန်း ထိခိုက်
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ ရာသီဥတု မညီမျှမှုကြောင့် နှမ်းစိုက် တောင်သူနှင့် လုပ်ငန်းရှင်များ အတွက် အထူးထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။ ...

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ ရာသီဥတု မညီမျှမှုကြောင့် နှမ်းစိုက် တောင်သူနှင့် လုပ်ငန်းရှင်များ အတွက် အထူးထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

“နှစ်စဉ်တဧကမှာ နှမ်း ၁၀ တင်းကျော်ထွက်ပါတယ်။ ဒီနှစ်တော့ တဧကမှာ ၃ တင်းလောက်ပဲရတယ်။ အရင်းတောင် မရဖြစ်သွားပါတယ်။ နှမ်းတဧက လုပ်ဖို့ အတွက် ကျပ်ငွေ တသိန်းနည်းပါး အရင်းစိုက်ရတယ်။ အငှားထည့်ပြီးမြက်ပင်တွေ ဘာတွေရှင်းပေးရတယ်။ အဲဒါကြောင့်တော်တော်အရှုံးရှိတယ်“ ဟုမာန်အောင်မြို့နယ် တောင်ဘက် နဂါးကျေးရွာသားတ ဦးကပြောသည်။

လွန်ခဲ့သည့်နှစ်များက တဧကတွင်နှမ်းအထွက်နှုန်း ၁၀ တင်းကျော်ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင်ရာသီဥတုမညီမျှ မှု ကြောင့် နှင်းတောင်သူများအတွက်အထိနာခဲ့ရသည်ဟု သိရသည်။

“နှမ်းပွင့်ချိန်မှာ မိုးရွာပေးတာတို့၊ ဆီးနှင်းကျတာတို့သိပ်မရှိတော့ နှမ်းပင်တွေမှာ အသီးတွေသိပ်မမြဲကြဘူး။ နှမ်းသီးတွေ တော်တော်နည်းတယ်။ ပီးရင်နှမ်းစိုက်ပျိုးချိန်မှာ ရာသီဥတွေမမှန်ဘူး။ နေခေါင်တာများတော့ နှမ်းပင်လည်းသိပ်မဖြစ်ဘူး“ ဟု၄င်းကပြောသည်။

ယခုနှစ်နှမ်းလုပ်ငန်းမှာ ကျောက်ဖြူခရိုင်တခုလုံးလိုလို၌ နှမ်းစိုက်တောင်သူတွေအတွက်အထူးနစ်ခဲ့ရပြီး တဖက်မှာလည်း နှမ်းစျေး နှုန်းမြင့်တက်ခဲ့သည်ဟုသိရသည်။

“တခြားနှစ်တွေမှာနှမ်းတတင်းကို တသောင်းနဲ့ တစ်သောင်း နှစ်ထောင် ကြေားမှာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ နှမ်းတတင်းကို တသောင်းလေး ထောင်ကနေ တသောင်းေြ ခာက်ထောင်ထိ ရောင်းရတယ်။ နှမ်းစျေးတက်တော့ ဆီစျေးကမြင့်တက်သွားပါတယ်။ ဆီက တပိဿာ ကို ကျပ် ၃၂၀၀ ရှိရာကနေ ၃၅၀၀ ထိဖြစ်သွားတော့ဆင်းရဲတဲ့မိသားစုတွေကျတော့ နှမ်းဆီ ၀ယ်မစားနိုင်ဘူးပေါ့နော်“ ဟု ဆက်ပြောပြသည်။

မာန်အောင်မြို့နယ် တောင်ဘက်ရှိနှမ်းလုပ်တောင်သူကျေးရွာတချို့မှာ နဂါးရွာ၊ ကုတ်ကိုရွာ၊ ကြောင်ဘုန်းကြီးရွာ၊ တောင် အုပ်ပြင်ရွာ၊ ချိန်လောင်းကွင်းရွာများနှင့် တခြားကျေးရွာများဖြစ်ပြီး မာန်အောင်အနောက်တောင်ဘက်တွင်ပီချောင်း ထဲရှိ ကျေးရွာများဖြစ်ကြောင်းသိရသည်။

ယခုလို ရာသီဥတု ဆိုးဝါးလာသဖြင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကျဆင်းလာကာ ကျောက်ဖြူခရိုင်အတွင်းတောင်သူလယ် သမားများအတွက် ထိခိုက် နစ်နာခဲ့ကြောင်း သိရသည်။

Most read this week