ယမန်နေ့က ခေါ်ယူ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုယ်စားလှယ်များကို ချင်းပြည်နယ် ...
ယမန်နေ့က ခေါ်ယူ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုယ်စားလှယ်များကို ချင်းပြည်နယ်လွှတ်တော် သဘာပတိ၊ ဥက္ကဌ နှင့်ဒု ဥက္ကဌ အဖြစ် လွှတ်တော်အမတ်များက မဲပေး ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ် ခေါ်ယူကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးပွဲကို ယမန် နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် မြန်မာနိုင်ငံ တဝန်းလုံးတွင် တပြိုင်တည်း ခေါ်ယူကျင်းပခဲ့ကြပြီး လွှတ်တော် အကြီးအကဲ နေရာအားလုံးတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။
ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးကို ပြည်နယ်၏မြို့တော် ဟားခါးမြို့ လွှတ်တော်ရုံးတွင် ကျင်းပခဲ့ကြပြီး ပြည်နယ် လွှတ်တော် သဘာပတိအဖြစ် ကြံ့ဖွံ့ပါတီမှ ဗိုလ်မှူးချူပ်ဟောင်းဦးဟုန်းငိုင်၊ လွှတ်တော် ဥက္ကဌအဖြစ် ကြံ့ဖွံ့ပါတီမှ ဦး Haukhenkham နှင့် လွှတ်တော်ဒု ဥက္ကဌအဖြစ် ကြံ့ဖွံ့ပါတီမှ ဦးအုန်းလွင်တို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ်လွှတ်တော်သဘာပတိနေရာကို မင်းတပ်အမှတ်(၂)မဲဆန္ဒနယ်မြေမှရွေးကောက်ခံကြံ့ဖွံ့ကိုယ်စားလှယ် ဗိုလ် မှူးချူပ်ဟောင်းဦးဟုန်းငိုင် နှင့် ဖလမ်းမြို့အမှတ်(၂)မဲဆန္ဒနယ်မြေမှရွေးကောက်ခံ ချင်းတိုးတက်ရေးပါတီကိုယ်စား လှယ် ဦး နိုးဆုန်းတို့က ယှဉ်ပြိုင်ခဲ့ကြပြီး ဦးဟုန်းငိုင်က ဦးနိုးဆုန်းကို ၂၁ မဲ ၊ ၃ မဲ ဖြင့်အပြတ်အသတ်အနိုင်ရရှိခဲ့သည်။
ပြည်နယ်လွှတ်တော် ဥက္ကဌ နေရာအတွက် တွန်းဇံမြို့မဲဆန္ဒနယ်(၂)မှရွေးကောက်ခံကြံ့ဖွံ့ကိုယ်စားလှယ် ဦး Hau Khen Kham နှင့် ထန်တလန်မြို့မဲဆန္ဒနယ်(၁)မှရွေးကောက်ခံ ချင်းအမျိူးသားပါတီကိုယ်စားလှယ်ဦး လာလ်းမောင်ကျံုး တို့ယှဉ်ပြိုင်ခဲ့ကြပြီး ၁၄ မဲ ၊ ၁၀ ဖြင့် ဦး Hau Khen Kham က အနိုင် ရရှိသွားသည်။
အလားတူ ပြည်နယ်လွှတ်တော် ဒုဥက္ကဌနေရာအတွက် မတူပီမြို့မဲဆန္ဒနယ်(၁)မှရွေးကောက်ခံကြံ့ဖွံ့ကိုယ်စားလှယ် ဦးအုန်းလွင် နှင့် တီးတိန်မြို့မဲဆန္ဒနယ်(၂)မှရွေးကောက်ခံ ချင်းအမျိူးသားပါတီကိုယ်စားလှယ်ဦးဇိုဇမ်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး ၁၄ မဲ၊ ၁၀ မဲဖြင့် ဦးအုန်း လွင်က အနိုင်ရရှိသွားခဲ့သည်။
တခြားပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်အသီးသီးတွင်လည်း ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များက လွှတ်တော် ဥက္ကဌ နှင့် ဒု ဥက္ကဌ နေရာကိုအများစုရရှိခဲ့သည်ဟုသိရသည်။
နေပြည်တော်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဌ အဖြစ် သူရဦးရွှေမန်းနှင့် အမျိူးသားလွှတ် တော် ဥက္ကဌ အဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကိုရွေးချယ်ခဲ့ကြကြောင်းသိရသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်၊တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ရာထူးများကို မဲခွဲ ဆုံးဖြတ်သော်လည်း တက်ရောက်သူများထဲတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ အများစု ဖြစ်နေသောကြောင့် ကြံ့ဖွံ့ပါတီဝင်များသာ ရရှိခြင်း ဖြစ်သည်ဟု နိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုခဲ့ကြသည်။