ချင်းပြည်နယ်တွင် မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်းများ ပို့ချ

ချင်းပြည်နယ်တွင် မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်းများ ပို့ချ
၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ချင်းပြည်နယ်တွင် မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်းများအား ပြည်နယ်ရွေးကောက်ပွဲကော်မီရှင်က ပြုလုပ်ပေး...

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ချင်းပြည်နယ်တွင် မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်းများအား ပြည်နယ်ရွေးကောက်ပွဲကော်မီရှင်က ပြုလုပ်ပေးလျက်ရှိသည်။

ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့တွင် ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အဆိုပါ သတင်းကို ကျင်းပပြုလုပ်ခဲ့ကြပြီး မဲရုံစောင့်ကြည့်ရေးဆိုင်ရာများကို အဓိက သင်ကြားခဲ့ရကြောင်း  Zimpui အုပ်စုမှ သွားရောက်တက်ရောက်ခဲ့သူတဦးက ပြောသည်။

“အဓိက သင်ပေးတာကတော့ မဲရုံမှူးတွေရဲ့ တာဝန်တွေပေါ့။ မဲပုံးတွေကို ဘယ်လို စီထားရမယ်။ မဲဆန္ဒရှင်တွေ မဲထည့်တဲ့ အချိန်မှာ ဘယ်လို ကြည့်ကြပ်ပြီး စောင့်ကြည့် ရမလဲ။  မဲဆန္ဒရှင်တွေ မဲထည့်လာတဲ့အခါ ဘယ်လိုဝင်ထွက်သွားလာခိုင်းရမယ်ဆိုတာ တွေကို သင်ပေးတယ်” ဟု သူက ပြောသည်။

တီးတိန်မြို့နယ်တွင် အုပ်စုပေါင်း ၅၉ အုပ်စု ရှိပြီး အဆိုပါ သင်တန်းတွင် တအုပ်စုလျင် လူ ၈ ဦး စီဖြင့်တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲကာလတွင် ၄င်းတို့က ကိုယ့်အုပ်စု အသီးသီးတွင် မဲရုံမှူးတာဝန်ကို ထမ်းဆောင်ကြမှာ ဖြစ်သည်။

သင်တန်းကာလအတွင်း စားစရိတ်အတွက် သင်တန်းသား တဦးလျင် ကျပ်ငွေ ၂၀၀၀ စီ ယူသွားရပြီး တီးတိန် မယက အဖွဲ့ထံသို့ အပ်နှံခဲ့ရကြောင်း အဆိုပါက ဆက်ပြော သည်။

အလားတူ ဖလမ်းမြို့နယ် သီးဘွလ်ကျေးရွာတွင်လည်း ယခုလ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ မဲရုံစောင့်ကြည့်ရေး ပညာသင်တန်းကို ရွေးကောက်ပွဲကော်မီရှင်အဖွဲ့က ပို့ချပေးခဲ့ပြီး သီးဘွလ် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာတို့မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

http://www.khonumthungburmese.org/index.php?subaction=showfull&id=127772...

Most read this week