ဟားခါးမြို့ပေါ်ရှိ ငါးကန်များကို အာဏာပိုင်များက ပျက်သိမ်းခိုင်း

ဟားခါးမြို့ပေါ်ရှိ ငါးကန်များကို အာဏာပိုင်များက ပျက်သိမ်းခိုင်း
(ဟားခါး) ချင်းပြည်နယ်၏မြို.တော် ဟားခါးမြို.ရှိ ပုဂ္ဂလိကပိုင် ငါးမွေးမြူကန်များကို ယခုလအတွင်း အကုန်ဖျက်သိမ်းရမည်ဟု ဟားခါးမြို. မယက အဖွဲ.ကအမိန်. ထုတ်ပြန် ထားသည်ဟုသိရ....

(ဟားခါး) ချင်းပြည်နယ်၏မြို.တော် ဟားခါးမြို.ရှိ ပုဂ္ဂလိကပိုင် ငါးမွေးမြူကန်များကို ယခုလအတွင်း အကုန်ဖျက်သိမ်းရမည်ဟု ဟားခါးမြို. မယက အဖွဲ.ကအမိန်. ထုတ်ပြန် ထားသည်ဟုသိရသည်။

ယခုလတစ်ရက်နေ.က စတင်ပြီး မယက ဥကဌ၏ အမိန့်ဖြင့် စည်ပင်သာယာရေးအဖွဲ့ က ဟားခါးမြို့ဧရိယာအတွင်း ငါးမွေးမြူရေး ကန်လုပ်ကိုင်နေသူများထံ  သွားရောက်ကာ ငါးကန်များကို ယခုလ (ဇွန်လ) အတွင်းတွင် အကုန်ဖျက်စီးကြရန် အသိပေးပြောဆိုခဲ့ ကြောင်း အမည်မဖော်လို ငါးကန်ပိုင်ရှင်တစ်ဦးကပြောသည်။

“ကျနော်တို့ အိမ်ကို အင်္ဂါနေ့ (ဇွန်လ ၁ ရက်နေ့)က စည်ပင်အဖွဲ့တွေလာပြီးတော့ ကျနော်တို့ ငါးကန်ကို ဒီလအတွင်း အကုန်ဖျက်စီး ဖို့ ပြောသွားတယ်” ဟုသူက ပြောသည်။

မြို့ဧရိယာအတွင်း ငါးမွေးမြူရေးကန်လုပ်ကိုင်နေသူများသည် မိမိတို့၏ငါးကန်များကို ယခုလအတွင်း မဖျက်စီးဘဲဆက်လက်ထား ရှိပါက စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လကုန်ပြီးနောက် စစ်ဆေးတွေ့ရှိလျှင်ကျပ်ငွေ (၅)သောင်းအထိ ဒဏ်ငွေဆောင်ခိုင်းမည်ဖြစ် ကြောင်း သူကဆက်ပြောသည်။

ယခုကဲ့သို. ဒေသအာဏာပိုင်များက ပုဂ္ဂလိကပိုင်ငါးကန်များဖျက်သိမ်းခိုင်းခြင်းမှာ တိကျသောအကြောင်းပြချက်မသိရသေးသော်လည်း ဟားခါးမြို့ လျှပ်စစ်ဝန်ကြီးဌာနမှ ၂၀၀၉- ခုနှစ်တွင် ဆောက်လုပ်ထားသော တိုက်ဂိုဒေါင်အဆောက်အဦး ဒီနှစ်မေလ (၂၅)ရက်နေ့ ညတွင် မြေပြိုပိမိသည့်အတွက် ယခုကဲ့သို.ငါးကန် လုပ်ကိုင်ခွင့်များ ပိတ်ပင် လိုက်ခြင်း ဖြစ်သည်ဟုမြို.ခံများကပြော ဆိုနေကြသည်။

ချင်းပြည်သူများသည် ယခုချိန်မိုးတွင်းကာလများတွင် မိမိတို.ခြံဝန်းအတွင်း ငါးကန်များတူဖော်ပြီး ငါးမွေးမြူခြင်းဖြင့် မိုးတွင်း ၀င်ငွေရှာ ဖွေလျက်ရှိကြသည်။

ယင်းကဲ့သို.ငါးကန်များတူးဖော်ရာတွင် မြေပြိုခြင်းများဖြစ်ပွားလျက်ရှိသည်ဟုဆိုကာ မယကအဖွဲ.ကပိတ်ပင်လိုက် ခြင်းဖြစ်ကြောင်း ဒေသ ခံများကပြောဆိုနေကြသည်။

ဟားခါးမြို့ပေါ်တွင် ငါးမွေးပြီး ၀မ်းစာရှာနေသူ အိမ်ထောင်မိသားစုပေါင်း (၁၀၀၀)ကျော်ခန့် ရှိပြီး ယခုလို ဒေသခံအာဏာပိုင်းများက ငါးမွေးမြူခွင့်တားမြစ်သည့်အပြင် ရှိပြီးသားငါးကန်များကို တလတွင်းဖျက်စီးရန် အမိန်.ထုတ်ပြန်ထားသည့်အတွက်  ငါးကန်ပိုင်ရှင်များ အလွန်အမင်းစိတ်ဆင်းရဲမှုများနဲ.ကြံုတွေ.နေရသည်ဟုသိရသည်။

ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများသည် တနှစ်လျင် အနည်းဆုံး ကျပ်ငွေ ၄ သိန်းမှ ၅ သိန်းအထိ၀င်ငွေရရှိလျက်ရှိကြောင်း ငါးကန်ပိုင်ရှင်တဦးကပြောသည်။
သို.သော်လည်း ငါးမွေးကန်များလုပ်ပိုင်ခွင့်ကို ပိတ်ပင်ကြမည်ဆိုပါက သူတို.အနေဖြင့် စီးပါွးရေးထိခိုက်နစ်နာမူများကြီးထွားလာနိုင် သည့်အပြင် စားဝတ်နေရေးတွင် ပိုမိုကျပ်တည်း လာကြမည်မှာ သေချာနေကြောင်း၄င်းကဆက်ပြောသည်။

Most read this week