ဓါးမြတိုက်မှု့ဆက်တိက်ဖြစ်ပွါးနေ၍ ပြည်သူများစိုးရိမ်နေ

ဓါးမြတိုက်မှု့ဆက်တိက်ဖြစ်ပွါးနေ၍ ပြည်သူများစိုးရိမ်နေ
by -
ခိုင်သော်က
ရခိုင်ပြည်နယ်မောင်တောမြို့နယ် နစကနယ်မြေများအတွင်း ဓါးမြတိုက်မှု ဆက်တိုက် ဖြစ်ပွါးနေ၍ ဒေသခံပြည်သူများ စိုးရိမ်ကြောင်းကြလျှက်ရှိနေသည်ဟု ဒေသခံ ပြည်သူ များ၏ပြောပြချက်အရ...

ရခိုင်ပြည်နယ်မောင်တောမြို့နယ် နစကနယ်မြေများအတွင်း ဓါးမြတိုက်မှု ဆက်တိုက် ဖြစ်ပွါးနေ၍ ဒေသခံပြည်သူများ စိုးရိမ်ကြောင်းကြလျှက်ရှိနေသည်ဟု ဒေသခံ ပြည်သူ များ၏ပြောပြချက်အရ သိရသည်။

နစက နယ်မြေ ၅ ပိုင် ဖက်ဝန်းချောင်းကျေးရွာကို မေလ ၆ ရက်နေ့တွင်၄င်း၊ နယ်မြေ ၁ ပိုင် ဆာလီတောင်ကျေးရွာကို မေလ ရ ရက်နေ့တွင်၄င်း၊ နယ်မြေ ၂ ပိုင် ငရမ့်ချောင်းအုပ်စု ကျီးနှုတ်သီးကျေးရွာကို မေလ ၈ ရက်နေ့တွင်၄င်း၊ မေလ ၉ ရက်နေ့တွင်နယ်မြေ ၅ ပိုင် ရွက်ညိုတောင်အုပ်စု သရက်အုပ်ကျေးရွာကို၄င်း အသီးသီး ဆက်တိုက်ဓါးမြ အတိုက််ခံ ရခဲ့ကြောင်း အမည်မဖေါ်လိုသူကျေးရွာဥက္ကဌတဦး၏ပြောပြချက်အရ သိရသည်။

ဆာလီတောင်ကျေးရွာမှ ဦးအောင်လှ အသက် ၄၈ နှစ် ဒိုင်နားလူမျိုးတဦး၊ သရက်အုပ် ကျေးရွာမှ မူဟာမတ်ဟူဆောင်း အသက် ၅၀ နှစ် ရိုဟင်ဂျာအမျိုးသားတဦး သေဆုံး ခဲ့ရပြီး၊ ကျီးနှုတ်သီးကျေးရွာဥက္ကဌ အဘူဆာယစ်မှာမူ ဒါဏ်ရာပြင်းထံစွာဖြင့် မောင်တောဆေးရုံး တွင် ဆေးကုသခံနေရကြောင်းနှင့် ရွှေချိန် ၄၀ ခန့် နှင့် ငွေအများ အပြား ဆုံးရှံုးခဲ့ရပြီး စုစုပေါင်းကာလတန်ဖို့ကျပ်ငွေသိန်းနှစ်ရာကျော်ဆုံးရှံုးခဲ့သည်ဟုစစ်အစိုးရအာဏာပိုင်တို့ ၏ စာရင်းအရသိရသည်။

စစ်အစိုးရ အာဏာပိုင်တို့၏အဆိုအရ ဓါးမြအုပ်စုမှာ တဖက်နိုင်ငံတွင် အခြေစိုက်ထားပြီး ပိုမိုအားကောင်းလာကာ အချိန်မရွေးဝင်ရောက်တိုက်နိုင်သဖြင့် နစက နယ်မြေရှိ လက် အောက်ခံကင်းစခန်းများကိုလည်း ည ၁၂ နာရီကျော်လျှင် လူအသွားအလာတွေ့ရှိပါက ပစ်မိန့်ထုတ်ထားကြောင်း အာဏာပိုင်တို့နှင့်နီးစပ်တဦး၏ ပြောပြချက််အရ သိရှိရပါသည်။

Most read this week