ကမန်လူမျိုး မဟုတ်သူက ကမန်တိုင်းရင်းသား ကတ်ကိုင်ပြီး လွတ်တော်ထဲ ရောက်နေ

ကမန်လူမျိုး မဟုတ်သူက ကမန်တိုင်းရင်းသား ကတ်ကိုင်ပြီး လွတ်တော်ထဲ ရောက်နေ
by -
နိရဥ္စရာ

ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ ကမန် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ သိရှိနိုင်ဖိုု့ လူဦးရေ စာရင်း ကောက်ယူုသွားမယ်လို့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ (ဗဟို)က နိုဝင်ဘာလ ၂၃ ရက်နေ့ ကျေညာချက်ထုတ်ပြန်ပါတယ်။

ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ ကမန် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ သိရှိနိုင်ဖိုု့ လူဦးရေ စာရင်း ကောက်ယူုသွားမယ်လို့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ (ဗဟို)က နိုဝင်ဘာလ ၂၃ ရက်နေ့ ကျေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီ ကျေညာချက်ကို ပါတီရဲ့ ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးတို့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျေညာချက်ကို လက်ခံ ရရှိပြီးနောက် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးတင်နိုင်ဝင်းကို ဘာကြောင့် အခုလို ကမန် လူဦးစာရင်းကို ကောက်ယူဖို့ စီစဉ် ရပါသလဲလို့ မေးကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။

ဦးတင်နိုင်ဝင်း။  ။ အဓိကတော့ဗျာ၊ ကျွန်တော်တို့ကတော့ အနှစ် ၆၀ ခန့်  စစ်အစိုးရ လက်အောက်မှာ ကျွန်တော်တို့ ဘာမှ မပြောခဲ့ရတဲ့ အနေအထားမှာ—-  အခု ဘယ်လိုပြောမလဲ။  ပွင့်လင်းလာတဲ့ အနေအထားမှာ ကျွန်တော်တို့ လူဦးရေ ဘယ်လောက်ရှိသလဲ။  နောက်တချက်က ကျွန်တော်တို့ ကမန် တိုင်းရင်းသား မဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဘင်္ဂလီတွေဟာ ကျွန်တော်တို့ ကမန် တိုင်းရင်းသားကတ်တွေကို ရယူ ကိုင်ဆောင်ထားတဲ့ အပေါ်မှာ ကျွန်တော်တို့ကလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြစ်စေချင်လို့ပါ။

မေး။  ။ ဟုတ်ကဲ့ အဲဒီ ကမန် လူဦးရေစာရင်းကို ဘယ်လို ပုံစံမျိုးနဲ့ ကောက်ယူသွားမှာပါလဲ ခင်ဗျာ။

ဦးတင်နိုင်ဝင်း။  ။ အဓိကတော့ ကျွန်တော်တို့ လဝက ပုံစံကို အခြေခံပြီး ကောက်သွားမှာပါ ခင်ဗျာ။

မေး။  ။ ဟုတ်ကဲ့။ အခုကောက်မယ့် အစီအစဉ်က ပါတီရဲ့မူလား။  (သို့မဟုတ်) အစိုးရရဲ့ ဟို— အစိုးရနဲ့ နားလည်မှုယူပြီး လုပ်တဲ့ အစီအစဉ်ပါလားခင်ဗျာ။

ဦးတင်နိုင်ဝင်း။  ။ ကျွန်တော်တို့ ကမန်လူဦးရေက ရှိသင့်တဲ့အထက်ကို တော်တော်လေး ဖောင်းပွ တယ်။ ဖောင်းပွတဲ့ အနေအထားမှာ ဟို–ရှိသင့်တဲ့ အနေအထားမှာ ဘယ်လာက်ရှိလဲ။   တကယ်လို့ နိုင်ငံတော်က ကြေငြာတဲ့ အထဲမှာလည်း များရင်လည်း များနေတယ် ဆိုတဲ့ ဟာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား သိချင်တယ်။ ကျွန်တော်တို့ကတော့  ကိုယ့်လူမျိုး ကမန်လူမျိုး ဘယ်လောက်ဆို ဘယ်လောက်ရှိတယ်။ မဟုတ်တာတွေကို ရှိရင်လည်း ဖယ်ထုတ်လို့ရအောင်သဘောပါ။ အဓိကတော့ ခုလို ရှင်းရှင်းလင်းလင်း သိရင် ပြဿနာ မရှိဘူးပေါ့ဗျာ။ တိုင်းရင်းသားဆိုရင် ကျွန်တော်တို့ ကမန်မှာ လည်း တခြားတိုင်းရင်းသားနဲ့ နွယ်တာလည်း ရှိတာပေါ့ဗျာ။ ဆိုတော့ တိုင်းရင်းသားက ပြဿနာမရှိဘူး။ တိုင်း ရင်းသားမဟုတ်တဲ့ ဟို— နိုင်ငံသားအဆင့်တောင်မရှိတဲ့ လူတွေက ကျွန်တော်တို့ တိုင်းရင်း သား ကတ်တွေကို ကိုင်ဆောင်ထားတဲ့အခါ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရော၊ မြန်မာနိုင်ငံမှာရော မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အေ– ဘာခေါ်မလဲ ဆိုတော့ အလွဲသုံးစားမှုတွေဟာ အခြေခံလာ တယ်လို့ ကျွန်တော်တို့ ဒီလိုဘဲ ယူဆတယ်လေ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ အစီအစဉ်ဟာ ကိုယ့်လူမျိုးအတွက်လည်းဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီလိုမျိုး ကျွန်တော်တို့ လူမျိုးစာရင်းကို ကောက်ခံဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

မေး။  ။ ဟုတ်ကဲ့။ ဦးတင်နိုင်ဝင်းတို့ အနေနဲ့ မြန်မာနိုင်ငံမှာ ကမန် လူဦးရေ ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းထားပါလည်း ခင်ဗျာ။

ဦးတင်နိုင်ဝင်း။  ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ကျွန်တော်တို့ ခန့်မှန်းစာရင်းက ၅ သောင်းအောက်ဘဲဗျာ။ ၃ သောင်းခွဲကျော် ကျော် ဒီလောက်ဘဲရှိမယ်။

မေး။  ။ ဟုတ်ကဲ့ အခုကနေပြီးတော့လေ အဲသလို ကမန် လူဦးရေကများနေတယ်လို့ ဘယ်လို အချက် အလက်တွေကြောင့် သိရှိရတာပါလဲ ခင်ဗျား။

ဦးတင်နိုင်ဝင်း။  ။ ကျွန်တော်တို့ကတော့ဗျာ။  ဒီဟာ မျိုးနွယ်စု တစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ သိတယ်ပေါ့နော်။ ကျွန်တော်တို့ လူမျိုးဘယ်မှာ  အခြေခံလည်းဆိုရင်  စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ ဒီဒေသတွေမှာ အခြေခံတာဘဲ၊ ဘယ်နေရာရောက်ရောက် ဒီ –ဘာခေါ်မလည်း မျိုးရိုးစဉ်ဆက် ဘယ်က လာသလဲပေ့ါနော်၊ ဒီလေးနေရာကို အခြေခံထားတော့ ကျွန်တော်တို့က ဘယ် သူ့အမျိုးလဲ၊ ဘယ်သူနဲ့ ပတ်သတ်သလည်း အဲဒါတွေကို အခြေခံပြီးမှ ကျွန်တော် တို့က ကောက်ခံလိုက်ရင် တိကျ စာရင်းတွေနဲ့ ဆုံးဖြတ်လို့ ရသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မီတီက ကိုယ်စားပြု ဖွဲ့ထားပြီး ဖြစ်ပါတယ်။

မေး။  ။ ဟို— အဲသလို စာရင်းကောက်ခံဖို့အတွက် နိုင်ငံတော်အစိုးရပိုင်းကိုရော ခွင့်ပြုချက် တင်ပြ တောင်းခံတာတွေ ရှိပါသလား ခင်ဗျာ။

ဦးတင်နိုင်ဝင်း။  ။ တင်ပြထားပါတယ်။ တင်ပြထားပါတယ်။ လဝက ၀န်ကြီး ဦးခင်ရီကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်။

မေး။  ။ ဟုတ်ကဲ့့- အဲလို ကောက်ခံတဲ့ အတွက် ရခိုင်ပြည်နယ်အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ဘယ်လို အကျိုးကျေးဇူးများ ရရှိနိုင်ပါမှာလဲ ခင်ဗျာ။

ဦးတင်နိုင်ဝင်း။  ။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်တော့ဘူးခင်ဗျာ။ အဓိကတော့ ကမန် တိုင်းရင်းသား ကတ်ကိုကိုင်ပြီး လွတ်တော်ထဲ အထိ ရောက်နေတဲ့ အနေအထားထိရှိတယ်ဗျာ။ ဆိုတော့ ကျွန်တော်တို့ ဘာခေါ်မလဲ။ ကျွန်တော် တို့ နိုင်ငံရဲ့ အရေးဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အားလုံးအရေးဘဲလေ။ ဆိုတော့ ဒီနိုင်ငံရဲ့ အရေးကို တိုင်းရင်းသားတွေကဘဲ ဆောင်ရွက်ရမယ်လေ။ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံသား အဆင့်တောင်မရှိတဲ့ လူတွေက လွတ်တော်ထဲကို ရောက်လို့လေ။ ကျွန်တော်တို့ကို အဲသလို အလွဲသုံးစား လုပ်လို့တော့ မရဘူးလေဗျာ။ အဲဒီအတွက် ကျွန်တော်တို့ လုပ်ရခြင်းဖြစ်တယ်။

Most read this week