သံတွဲတွင် သံသယရှိသူ (၄) ဦးကို နောက်ထပ်ဖမ်းဆီး

သံတွဲတွင် သံသယရှိသူ (၄) ဦးကို နောက်ထပ်ဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြိုနယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ဆက်စပ်သူများဟု သံသယ ဖြစ်ခံရသူ နောက်ထပ် ရခိုင်အမျိုးသား (၄) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် ဒွာရဝတီရပ်ကွက်မှ ကိုတွဋ်၊ ဗိုက်ကလေး၊ ကိုခင်ထွန်း နှင့် ကိုသိန်းဝင်းဦး တို့ ၄ ဦးအား လောလောဆယ်ရက်ပိုင်းအတွင်း နောက်ဆုံး ဖမ်းခံရသူများ ဖြစ်သည်ဟု သံတွဲမြို့နယ် RNDP အတွင်းရေးမှူး ကိုမောင်ဖြူက ပြောသည်။

သံတွဲတွင် သံသယရှိသူ (၄) ဦးကို နောက်ထပ်ဖမ်းဆီး

ကိုမောင်ဖြူက “ ရခိုင်တွေဘက်က ဖမ်းဆီးခံရတဲ့ သူက စုစုပေါင်း ၅၇ ဦး၊ ဒီအထဲက ၅ ဦးကို လွှတ်ပေး လိုက်တော့ အခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံထားရတာ ၅၂ ဦး ရှိပါသေးတယ်” ဟု ဆိုသည်။

၎င်းအပြင် သက်ဆိုင်ရာ ရဲထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက နိုင်ငံရေး လူုပ်ရှားသူများနှင့် လူုမူရေး လူပ်ရှားသူများကို အနီးကပ် စောင့်ကြည့်မူများ ရှိနေသဖြင့် အများစုက မဆီမဆိုင် အဖမ်းခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။

သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ သံတွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူ ရ၈ ဦးရှိပြီး ထိုအထဲမှ ၃၄ ဦးကို ရုံးတင် တရားစွဲဆိုမည် ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

“ အခုအချိန်ထိတော့ ရုံးတင် တရားစွဲဆိုတာမျိုးတော့ မလုပ်သေးဘူး။ သူတို့ကို ရုံးထုတ်တယ်ဆိုတာက လည်း စစ်ဆေးဖို့အတွက် တရားရုံးက ရမန်ယူတဲ့ အဆင့်လောက်ဘဲ ရှိပါသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခင် ဖမ်းဆီး စစ်ဆေးစဉ် မော်တော်ဆိုင်ကယ်သမားများကို ပါးစပ်မှ မော်တော်ဆိုင်ကယ် အသံထွက်ကာ မော်တော်ဆိုင်ကယ်စီးခိုင်းပြီး စစ်ဆေးသလို ကားသမားများကိုမူ ကားမောင်းခိုင်းကာ စစ်ဆေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု နောက်ပိုင်းတွင် ထိုသို့ ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးသည်ဆိုသော သတင်းများ မကြားရတော့ကြောင်း ကိုမောင်ဖြူက ပြောသည်။

Most read this week