ဂျပန် Nissan မြန်မာပြည်တွင် ကားထုတ်မည်

ဂျပန် Nissan မြန်မာပြည်တွင် ကားထုတ်မည်
by -
နိရဥ္စရာ

ဂျပန် ကုမ္ပဏီ Nissan သည် ယခုနှစ်အတွင်း မြန်မာပြည်တွင် ကားများ ထုတ်လုပ်သွားမည်ဟု သိရသည်။

မလေးရှား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အသေးစားကားများနှင့် ထရပ်ကားများကို မြန်မာပြည်တွင် ယခုနှစ်အတွင်း စောနိုင်သမျှ စောအောင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း AFP က  Nikkei Business daily  သတင်းကို ကိုးကားပြီး ယနေ့ သတင်း ဖေါ်ပြသည်။

Nissan Motor နှင့် မလေးရှား Tan Chong Motor တို့ ပူးပေါင်းပြီး ထုတ်လုပ်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမူများ ဖြစ်ပေါ်ပြီးနောက် ၂၀၁၁ ခုနှစ်မှ စ၍ ကားဝယ်လိုအား မြှင့်တက်လာခဲ့ပြီး ဂျပန်ကား မော်ဒယ်များမှာ မြန်မာ ကားစျေးကွက်တွင် လူကြိုက်များနေကြောင်း သတင်းတွင် ဖေါ်ပြသည်။

မြန်မာ ကားစျေးကွက်မှာ အလားအလာကောင်းများ ရှိနေပြီး နိုင်ငံတကာ ကားထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်ကြသည့် ဂျပန် Suzuki မှ မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ကားများ ပြန်လည် ထုတ်လုပ်မည် ဖြစ်ကြောင်းနှင့် Ford မှ အရောင်းပြခန်း ( Showroom) ဖွင့်လှစ်မည် ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော ကားများ အပေါ် အခွန် စည်းကြပ်မူမှာ အထူးကြီးမားနေပြီး ယခင်က အစိုးရ လက်ထက်က အမေရိကန်မှ စီးပွားရေး ရင်းနှီးမြုပ်နှံမူများကို ပိတ်ပင်ခဲ့သဖြင့် ကားစျေးနုန်းမှာ  ပြည်သူများ ၀ယ်မစီးနိုင်အောင်ထိ ကြီးမြှင့်နေသည်ဟု ဆိုသည်။

Most read this week