နယ်စပ်သို့ ကျည်ဆံပို့သူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ

နယ်စပ်သို့ ကျည်ဆံပို့သူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမဝင် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ ဦးေအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေချ့်နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ရ ရက်နေ့က  ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။

အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။

Most read this week