ဘင်္ဂလာအစိုးရမှ ကန်ဒေါ်လာ တစ်သန်းခွဲ အကုန်ခံ၍ ဘုန်းကြီးကျောင်းများ ပြန်ဆောက်မည်

ဘင်္ဂလာအစိုးရမှ ကန်ဒေါ်လာ တစ်သန်းခွဲ အကုန်ခံ၍ ဘုန်းကြီးကျောင်းများ ပြန်ဆောက်မည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နို်င်ငံမှာ မီးရှို့ ဖျက်ဆီးခံလိုက်ရတဲ့ ဘုန်းတော်ကြီးကျောင်း တွေကို ပြန်လည် တည်ဆောက်ပေးဖို့ အမေရိကန် ဒေါ်လာ တစ်သန်းခွဲ တာကာအားဖြင့် သန်း ၁၂၀ အကုန်အကျခံသွားမယ်လို့ ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်က မနေ့က ပြောဆိုလိုက်ပါတယ်။

Bangladesh-PM-meet-with-Buddhist-monks

ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး “ကျောင်းတွေကို နဂိုမူလအတိုင်း ဆောက်ပေးမယ်။ အရင်ကထက်တောင် ပိုလှနိုင်ပါတယ်။ ဆောက်လုပ်ရေး ဗိသုကာတွေကို အရင်ကျောင်းတော်တွေရဲ့ ဓါတ်ပုံတွေထဲက အတိုင်း ဒီဇိုင်းဆွဲခိုင်းပြီး တည်ဆောက် ပေးသွားမယ်” လို့လည်း ပြောဆိုသွားပါတယ်။

ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်း တည်ဆောက်ပေးမှာဖြစ်ပြီး အလျှင်အမြန် ပြီးစီးရေးနဲ့ လာဒ်ပေး လာဒ်ယူမူကင်းအောင် ဘင်္ဂလာဒေချ့် စစ်တပ်က တာဝန်ယူ သွားမယ်လို့လည်း သိရပါတယ်။

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်က နောက်နောင် ဘင်္ဂလာဒေချ့်မှာ ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်မျိုးတွေ မဖြစ်ပွားရအောင် လူနည်းစုတွေကို ကာကွယ်ပေးသွားမှာ ဖြစ်သလို ဘင်္ဂလာဒေချ့်နိုင်ငံမှာ ဘာသာရေး သဟဇာတ ဖြစ်မူအတွက် မလိုလားသူတွေရဲ့ နှောင့်ယှက် တားဆီးတာတွေကို ဆက်လက် ကာကွယ် သွားကြဖို့လည်း ဆော်သြသွားပါတယ်။

အခမ်းအနားမှာ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေကလည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အတွက် မိန့်ခွန်းစကား ပြောကြားခဲ့သလို ဆုတောင်း မေတ္တာပို့မူတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဘင်္ဂလာဒေချ့် နို်င်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)နဲ့ တစ်ခြားနေရာတွေမှာ စက်တင်ဘာလ (၂၉) ရက်နေ့က အကြမ်းဖက် မီးရှို့ တိုက်ခိုက်မူကြောင့် ဘုန်းတော်ကြီးကျောင်း ၂၀ လောက် မီးလောင်ပျက်စီး ဆုံးရှံုးသွားခဲ့ပါတယ်။ ဖျက်ဆီးသူ မွတ်ဆလင် အကြမ်းဖက် သမားတွေဟာ ရာနဲ့ ချီတဲ့ ဘုရား ဆင်းတုတော်တွေကို လုယက် ယူငင်သွားခဲ့သလို ပိဋကတ်တော်တွေ၊ ရှေးဟောင်း ကျမ်းစာတွေ၊ သယ်ယူလို့ မရတဲ့ ဗုဒ္ဓ ဆင်းထုတော်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ခုလို ဗုဒ္ဓဘာသာ အပေါ် တိုက်ခိုက်ဖျက်ဆီးမူဟာ ဘင်္ဂလာဒေချ့်မှာ အရင်က တစ်ခါမှ မရှိခဲ့ဖူးလို့လည်း သိရပါတယ်။ တိုက်ခိုက်မူဖြစ်ပွားပြီးတဲ့နောက် ဘင်္ဂလာဒေချ့် နိုင်ငံ အနှံ့အပြားမှာ အစ္စလာမ်ဘာသာဝင်တွေ အပါအဝင် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူ ဘာသာဝင်တွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Most read this week