တိုက်ခိုက်မူများ ရပ်တန့်ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို

တိုက်ခိုက်မူများ ရပ်တန့်ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် လူမှုအသိုင်းအဝိုင်း (၂) ခုအကြား ဆက်တိုက် ဖြစ်ပွားနေသည့် အပြန်အလှန် တိုက်ခိုက် နေမူများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ပြည်ပအခြေ စိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က စုပေါင်း  ကြေငြာချက်တစ်စောင် ထုတ်ပြန် တောင်းဆို လိုက်သည်။

တိုက်ခိုက်မူများ ရပ်တန့်ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို

ကြေငြာချက်ကို အောက်တိုဘာလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ထုတ်ပြန်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားကောင်စီ (အိန္ဒိယ-ANC)မှ  ဥက္ကဌ ဆရာတော် အရိယာ ၀ံသက ယခုကဲ့သို့ ပြောသည်။

“ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို ရပ်တန့်ပြီး အခုအခြေအနေ ကနေ နည်းနည်း ပိုမို ကောင်းမွန်လာအောင် ရည်ရွယ်ပြီးတော့ ထုတ်တာပါ။ မိမိတို့ဘက်က အမှန်ရှိနေတာကနေ နိုင်ငံတကာမှာ ရခိုင်တွေကို အကြမ်းဖက်သမားတွေလို့ ၀ါဒဖြန့်ပြီး အမြတ် မထုတ်ရအောင်နဲ့ ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ကြဖို့အတွက်ဖြစ်တယ်” ဟုဆိုသည်။

ပြည်ပအခြေစိုက် ရခိုင်ပြည်အမျိုး သားကောင်စီ (ANC အိန္ဒိယ)၊ ရခိုင်အသိုင်းအဝိုင်း (ဥရောပ)၊ ရခိုင်ပြည် အမျိုးသားကောင်စီ ထောက်ပံ့ရေးအသင်း (မလေးရှားနိုင်ငံ)နှင့် (အမေရိကန်)၊ ရခိုင် အလုပ်သမား သမဂ္ဂ(ထိုင်းနိုင်ငံ)၊ ရခိုင် ကုန်သည်ကြီးများအသင်း (အိန္ဒိယ)၊ ရခိုင်ပြည်လွပ်လတ်ရေး အင်အားစု(ဘင်္ဂလားဒေ့ရှ်)၊ ခမီး တိုင်းရင်းသား တိုးတက်ရေးပါတီ (ဘင်္ဂလားဒေ့ရှ်)၊ ရခိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(ဘင်္ဂလားဒေ့ရှ်) ထရီပူရ ရခိုင်စာပေယဉ်ကျေးမှုနှင့် ပညာရေးအသင်း (BHIC-အိန္ဒိယ)၊ ရခိုင်အမျိုးသားညီညွတ် ရေးပါတီ (NUPA-ဘင်္ဂလားဒေ့ရှ်)၊ ရခိုင်ပြည်ဒီမို ကရက်တစ်ပါတီ (DPA အိန္ဒိယ မြန်မာနယ်စပ်) စသည့် (၁၂) ဖွဲ့က ကြေညာချက် ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ခဲ့သည့် ဆူပူမှုမှာ အခုခါ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်မြို့များသို့ ကူးစက်ခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ ဆူပူမှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ရခိုင်ပြည်နယ်၏ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာရှိကြောင်း ဆရာတော် အရိယာဝံသက ယခုကဲ့သို့ပြောဆိုသည်။

“ဆက်ပြီးဖြစ်နေရင် ရခိုင်ပြည်အနေအထားက ပိုပြီး ဆိုးသွားမယ်။ အခုတောင်မှ ရခိုင်ပြည်နယ်ဟာ ပြာပုံ ဘဝကို ရောက်နေပြီလို့ ပြောနေကြတယ်။”

ယခု လတ်တလော ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မူ ပဋိပက္ခကြောင့် ရခိုင်ဘက်မှ လူပေါင်း ၅၀ ထက်မနည်း ဒဏ်ရာရရှိထားပြီး တစ်ဒါဇင်ကျော်ခန့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကြေငြာချက်တွင် နှစ်ဖက်စလုံး အနေဖြင့် ပြဿနာ ဆက်မဖြစ်ပွားရအောင် ပြန်လည် ထိမ်းသိမ်း ကြရန်နှင့် နောင်ကို ဘင်္ဂလီ မူဆလင်တွေရော ရခိုင်အမျိုးသားများပါ အကြမ်းဖက်မှုများ လုံးဝ မပြု လုပ်ကြရန်နှင့် အာဏာပိုင်အစိုးရများအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသအတွင်း တည်ငြိမ်ရေး၊ အသက်အိုးအိမ် လုံခြံုစေရေးစသည့် အစိုးရတရပ်၏ လုပ် ဆောင်ရမည့်တာဝန်ကို အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။

အလားတူ ယမန်နေ့ကလည်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပြီး ရခိုပြည်နယ်တွင် ဖြစ်ပွား နေသည့်ပြဿနာများကို နှစ်ဘက်လုံးမှ ရပ်တန့်ကြရန် မေတ္တာရပ်ခံ ထားသည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှလည်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်ကြရန် ယနေ့ နေ့စွဲဖြင့် ကြေငြာချက်ထုတ် မေတ္တာရပ်ခံထားသည်။

Most read this week