အိုအိုင်စီရုံး ဖွင့်ခွင့်ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြောင်းကြား

အိုအိုင်စီရုံး ဖွင့်ခွင့်ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြောင်းကြား
by -
နိရဥ္စရာ

မြန်မာနိုင်ငံ၌ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ)ရုံး ဖွင့်ခွင့်ပြုတော့မည် မဟုတ်ကြောင်း မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြောင်းကြားလိုက်ပြီဟု သတင်း ရရှိသည်။

myanmar-oic
မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီး ဌာမှ တဆင့် အကြောင်းကြားစာ ရောက်လာသော်လည်း အစိုးရက တရားဝင် ပြောဆိုခြင်း မဟုတ်ကြောင်း အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu မှ ယမန်နေ့က ပြောကြားခဲ့သည်ဟု အေပီ သတင်းတရပ်တွင် ဖေါ်ပြထားသည်။ ထို့အပြင် ယင်းကိစ္စအား နောက်လတွင် ကျင်းပမည့် အိုအိုင်စီ အစည်းဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် မြန်မာနိုင်ငံ တဝှမ်းလုံးက ကန့်ကွက် ဆန္ဒပြနေသဖြင့် ပြည်သူများ၏ ဆန္ဒကို လေးစားသည့် အနေနှင့် ရုံးဖွင့်လှစ်မည့် ကိစ္စအား ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ စစ်တွေနှင့် ရန်ကုန်မြို့တို့တွင် (အိုအိုင်စီ) ရုံးများ ဖွင့်လှစ်ရန် မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် အိုအိုင်စီ ကိုယ်စားလှယ်တို့ ၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့က  သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသို့ လက်မှတ်ရေးထိုး လိုက်သည့်အပေါ် ရဟန်းတော်များက ဦးဆောင်၍  မြန်မာနိုင်ငံ မြို့ကြီးများ၌ ကန့်ကွက် ဆန္ဒပြလူပ်ရှားမူများ နေ့စဉ် ပေါ်ပေါက်ခဲ့သည်။

Most read this week