ကျောက်တော် ထွက်ပြေးတရားခံများ ပြန်လည် ဖမ်းဆီးရ၊ ရဲမှူးနှင့် စခန်းမှူး အရေးမယူရန် တည်ငြိမ် အေးချမ်းမူ ကော်မီတီက စာရေးမေတ္တာရပ်ခံ

ကျောက်တော် ထွက်ပြေးတရားခံများ ပြန်လည် ဖမ်းဆီးရ၊ ရဲမှူးနှင့် စခန်းမှူး အရေးမယူရန် တည်ငြိမ် အေးချမ်းမူ ကော်မီတီက စာရေးမေတ္တာရပ်ခံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ထွက်ပြေးသွားသော လူသတ် တရားခံ (၂)  ဦးကို ပြန်လည် ဖမ်းမိခဲ့ပြီးနောက် ကျောက်တော်မြို့နယ် တည်ငြိမ်အေးချမ်းမူ ဖေါ်ဆောင်ရေး  မြို့မိ မြို့ဖများမှ  ယာယီ ပြောင်းရွှေ့ ခံထားရသော ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား ပြန်လည် တာဝန်ချထားပေးပါရန် အတွက် အထက်သို့ စာရေး မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။

အဆိုပါ စာအား ကော်မီတီဝင် ၁၉ ဦးက လက်မှတ်ထိုး ရေးသားကာ ပေးပို့လိုက်ခြင်း ဖြစ်ပြီး  စာပါ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။

အကြောင်းအရာ။      ။ ယာယီ ပြောင်းရွှေ့ ခြင်းခံထားရသော ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား ပြန်လည် တာဝန်ချထားပေးပါရန် မြို့မိမြို့ဖများနှင့် မြို့သူ/သားများအနေဖြင့် ရိုသေလေး စားစွာတင်ပြခြင်း။

၁။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့မှာ ယခုပေါ်ပေါက် နေသော ရခိုင်/ဘင်္ဂလီပဋိ ပက္ခများကို မဖြစ်ပေါ်စေရေးနှင့် မြို့နယ်အေးချမ်း တည်ငြိမ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် ရဲတပ်ဖွဲ့ ၀င်များဖြစ်ပါသည်။

၂။ ရခိုင်ပြည်နယ်အတွင်း ရခိုင်/ဘင်္ဂလီကုလားများ ပဋိပက္ခများဖြစ်နေစဉ် ကာလအတွင်း(၁၁-၉-၂၀၁၂)နေ့တွင် ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ အသတ် ခံရမှုဖြစ်စဉ်ကို တရားခံပေါ်ပေါက်မှုမရှိ ခဲ့သော်လည်း တရားခံ အစစ်အမှန်များကို ပေါ်ပေါက်ရေး အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးအောင်စောနှင့် စခန်းမှူး ရဲအုပ်လှမိုးအောင် တို့သည် ကျောက်တော်မြို့၊ ပိုက်သည် (မူဆလင်) ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဘင်္ဂ လီကုလာများ ပူးပေါင်းကာ တရားခံများနေထိုင်သည့် ကျောက်တော်မြို့၊ ပိုက်သည်(မူဆလင်) ကျေးရွာသို့သွား ရောက်၍ စုံစမ်းဖေါ်ထုတ် ဖမ်းဆီးခဲ့ရာ တရားခံ (၇)ဦးအနက် အောက်ဖေါ်ပြပါ အဓိကတရားခံ (၅)ဦးကိုဖေါ်ထုတ် ဖမ်းဆီးရရှိခဲ့သည်-

(၁) တရားခံ ကော်ရိန်မာ

(၂)တရားခံ နော်ကော်ရိန်

(၃)တရားခံ အဒူဆလင်

(၄)တရားခံ လာလု

(၅)တရားခံ ဇာဖောတို့ဖြစ်ပါသည်။

၃။ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးအောင်စော နှင့် စခန်းမှူး ရဲအုပ်လှမိုးအောင်တို့ ဦးဆောင်မှုဖြင့် (၁၆-၉-၂၀၁၂)နေ့နှင့် (၂၀-၉-၂၀၁၂)နေ့ (၂) ကြိမ်တိုင်တိုင် ဖမ်းဆီးရမိခဲ့ပါသည်။ ၄င်းတရားခံများအနက် ရဲစခန်းအချုပ်မှ ထွက်ပြေးသူ တရားခံ ကော်ရိန်မာနှင့် ဇာဖောတို့ (၂)ဦးမှာ ကျောက်တော်ရဲစခန်း၊ ကင်းတာ ၀န်ကျအဖွဲ့ သားများ၏ ပေါ့ဆမူကြောင့်သာ ထွက်ပြေးလွတ် မြောက်ရခြင်းဖြစ်ပါသည်။ မည်သည့်လာဘ်ငွေ တစ်ပြား တစ်ချပ်မှ ရယူပြီး လွှတ်ပေးခြင်းမဟုတ်ပါ။ အမှန်တစ်ကယ် လွှတ်ပေးမည် ဆိုပါက ဖမ်းဆီးမရရှိမှီ အချိန်ကတည်းကပင် တရားခံများ၏ ဆွေမျိုး မိသားစုနှင့် ရပ်မိရပ်ဖများထံမှ လာဘ်ငွေများ တောင်းယူ၍ဖမ်း ဆီးဖေါ်ထုတ်ခြင်း ပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် မည်သည့်လာဘ်ငွေမျှ မယူဘဲ ရဲတပ်ဖွဲ့၏ တာဝန်ကိုတာ ၀န်သိစွာဖြင့် တရားခံဖေါ်ထုတ် ရရှိရေးအတွက် ဆောင်ရွက်ခဲ့ခြင်းမှာ ထင်ရှားပေါ်လွင်နေ ပါသည်။

၄။ (၂၂-၉-၂၀၁၂)နေ့ (၁၂း၃၀) အချိန်မှ (၁၇း၅၀)အချိန်ထိ စစ်တွေခရိုက်ရဲတပ်ဖွဲ့မှူး ညွှန်ကြားချက်အရ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးအောင်စော၏ စီစဉ်ညွှန်ကြားမှုဖြင့် စခန်းမှူး ရဲအုပ်လှမိုးအောင် အပါအဝင် ရဲအရာရှိ (၅)ဦးနှင့် တခြားအဆင့် (၂၅)တို့သည် ပိုက်သည် (မူဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ကျော်နှင့်အတူ ဘင်္ဂလီအရပ်သား (၂၅)တို့ဖြင့် ပူးပေါင်းပြီး ထွက်ပြေးတရားခံ ကော်ရိန်မာနှင့် ဇာဖော တို့အား ဖမ်းဆီးခဲ့သည့် အချိန်တွင် ပိုက်သည် (မူဆလင်) ကျေးရွာနှင့် တစ်ဆက်တည်း လက်ဆောင်ကောက် ကျေးရွာသို့ ထွက်ပြေးခဲ့စဉ် ဆက်လက် ဖမ်းဆီးခဲ့ရာ ကျောက်တော်ရဲစခန်း (ပ)၁၀၈/၁၂ပြစ်မှုပုဒ်မ ၄၃၆အမှု မှအဓိက ဦးဆောင်တရားခံ မောင်နု(ခ) အာလာမော်ဒိန်နှင့် ရော်ရာမော်ဒိန်တို့(၂)ဦးကို ထပ်မံပြီး ဖမ်းဆီးဖေါ် ထုတ်ရရှိခဲ့သည်။

၅။ တရားခံ မောင်နု (ခ) အာလာမော်ဒိန်နှင့် ရောက်ရာမော်ဒိန်တို့ (၂)ဦးကို ဖမ်းဆီးဖေါ် ထုတ်ခြင်းမှာ တောင် ပေါက်ကျေးရွာနေ ဦးအောင်လှဇံ၏ (သိန်း ၅၀၀ကျပ်ခန့်) ဆန်စက်နှင့် ဆန်စပါးများကို အကြမ်းဖက်မီးရှို့ခဲ့သည့် တရားခံပြေးများ သာဖြစ်သည်။ ထိုသို့ဖမ်းဆီးစဉ် လက်ဆောင်ကောက် ကျေးရွာများကို ဘင်္ဂလီလူ (၃၀၀)ခန့်မှ အကြမ်းဖက်ပြုလုပ်ရန် ၀ိုင်းဝန်းလာခဲ့သည်။ လုံခြံုရေးတာဝန်ခံ တပ်မတော်နှင့် စခန်းမှူးအဖွဲ့မှ တရားခံများကို ဖမ်းဆီးခဲ့ခြင်း သာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့သည့်အတွက် ဘင်္ဂလီကုလားများမှာ မိမိနေအိမ်သို့ အေးချမ်း စွာပြန်လည် ထွက်ခွာသွားကြပါသည်။

၆။ ကျောက်တော်မြို့နယ်ရှိ ရခိုင်ပြည်နယ်သူ လူထုအားလုံးနှင့် ဘင်္ဂလီလူမျိုးအားလုံးတို့ကို မြို့နယ်တည်ငြိမ် အေးချမ်းရေးအတွက် နေ့/ညမပြတ် တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ဆောင်ရွက် ပေးနေသူများ ဖြစ်သည့် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးအောင်စောနှင့် စခန်းမှူး ရဲအုပ်လှမိုးအောင် တို့အား အရေးယူမည့် အစား အရေးကြီးသည့် လူသတ်တရားခံများကို ဖေါ်ထုတ်ဖမ်းဆီး ရရှိခဲ့သူများ ဖြစ်ပါသဖြင့် သင့်တော်သည့် ဂဏ်ထူးဆောင်ဆုတံဆိပ် များချီးမြှင့် သင့်ပါကြောင်းနှင့် ကျောက်တော်မြို့နယ်သို့ ပြန်လည်တာဝန်ပေးသင့် ပါကြောင်း ကျောက်တော်မြို့နယ် ပြည်သူလူထုကိုယ်စား တည်ငြိမ်အေးချမ်းမှု ဖေါ်ဆောင်နေကြသည့် မြို့မိ/ မြို့ဖများအနေဖြင့် ရိုသေလေးစားစွာဖြင့် တင်ပြအပ်ပါသည်။

ကျောက်တော်မြို့နယ် ပြည်သူလူထုကိုယ်စား တည်ငြိမ်အေးချမ်းမူ ဖေါ်ဆောင်နေကြသည့်

မြို့မိ/မြို့ဖများ (စာရင်းပူးတွဲလျက်)

မိတ္တူကို-

-ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် ထံသို့လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

-ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စစ်တွေမြို့ထံသို့ လေးစားစွာဖြင့်တင် ပြအပ်ပါသည်။

-ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး၊ နေပြည်တော်ထံသို့ လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

-ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ စစ်တွေမြို့ ထံသို့လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

-ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ စစ်တွေမြို့ ထံသို့လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

-လက်ခံ။

24-9-2012-burmese

Most read this week