အမေရိကန် စီးပွားရေး အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ

အမေရိကန် စီးပွားရေး အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ
by -
နိရဥ္စရာ

မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလားဒေချ့် နိုင်ငံမှ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို လာရောက် လည်ပတ်ခဲ့သော အမေရိကန် စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ဘင်္ဂလာဒေချ့် ခရီးစဉ် ပြီးဆုံးပါက  မြန်မာ နိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

 thedailystar

မြန်မာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်ဖွယ် ရှိကြောင်း  သိရသည်။

အမေရိကန် စီးပွားရေး အဖွဲ့သည် ယမန်နေ့က နံနက် ၁၀ နာရီခန့်က  ဘင်္ဂလာဒေချ့် နိုင်ငံ  တက်ကနက် ဆိပ်ကမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး အရ ရင်းနှီး မြုပ်နှံမူ ပြုလုပ်ရန် အမေရိကန် သံတမန် အဖွဲ့အား ဘင်္ဂလာဒေချ့် အစိုးရမှ တိုက်တွန်း ပြောကြားပြီးနောက် အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေချ့်နှင့် မြန်မာ စီးပွားရေး အခြေအနေ များကို လာရောက်လေ့လာခြင်း ဖြစ်သည်။

တက်ကနက် ဆိပ်ကမ်းကို လာရောက် လည်ပတ်စဉ် မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလီ ကုန်သည်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခက်အခဲများကိုလည်း မေးမြန်း သွားခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံမှ စီးပွားရေးအဖွဲ့မှာ စစ်တကောင်းဆိပ်နှင့် အိန္ဒိယနှင့်ဘင်္ဂလား နယ်စပ်ဂိတ်တခုဖြစ် သည့် ဘန်နာပူလ်သို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

တက်ကနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် အဓိက ကုန်သွယ်နေသော ဆိိပ်ကမ်း ဖြစ်ပြီး နို်င်ငံတော် ၀င်ငွေ အများအပြား ရရှိနေသာ ဆိပ်ကမ်းတစ်ခု ဖြစ်သည်။

၎င်းတက်ကနက် ဆိပ်ကမ်းကို ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လအတန်ကြာ ရပ်တန့်ခဲ့ပြီး နှစ်ဘက်နိုင်ငံ၏ နယ်စပ် စီးပွားရေးကို ထိခိုက်စေခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သော အဖွဲ့ ရောက်လာပြီးနောက်  ယခုစီးပွားရေး အဖွဲ့သည် တက်ကနက် မြို့သို့ ရောက်လာသော အဆင့်မြင့်ဆုံး စီးပွားရေး အဖွဲ့ ဖြစ်သည်။

တက်ကနက်သို့  လာရောက်သော အမေရိကန် စီးပွားရေး အဖွဲ့နှင့် အတူ ဒက္ကားမြို့ရှိ  အမေရိကန် သံရုံးမှ နိုင်ငံရေးနှင့် စီပွားရေး ဆိုင်ရာ သံအရာရှိများ  လိုက်ပါလာကြောင်း သိရသည်။

Most read this week