အရည်သွေးကောင်း စားသုံးဆီရဖို့ စက်ပိုင်းသာမက ကုန်ကြမ်းပါ အရေးပါ

အရည်သွေးကောင်း စားသုံးဆီရဖို့ စက်ပိုင်းသာမက ကုန်ကြမ်းပါ အရေးပါ
by -
မဇ္ဈိမ

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးကောင်းစားသုံးဆီများ ပြည်တွင်းတွင် စားသုံးဆီ ဖူလုံ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတွင်ကျယ်လာစေရန် အခြေခံ လိုအပ်ချက်များနှင့်

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးကောင်းစားသုံးဆီများ ပြည်တွင်းတွင် စားသုံးဆီ ဖူလုံ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတွင်ကျယ်လာစေရန် အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှုကုန် ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်တစ်ဦးလည်း ဖြစ် ပြီး ၁၉၉၂ ခုနှစ်မှ ဧရာဝတီ မြေပဲဆီ ထုတ်လုပ် ဖြန့်ဖြူးမှုကို ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့် ဦးခင်စိုးနှင့် မဇ္စျိမတို့ တွေ့ဆုံမေးမြန်း ထားသည်များထဲမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး

မေး။    ။လက်ရှိပြည်တွင်းစားသုံးဆီထုတ်လုပ်မှုအခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။    ။ပြည်တွင်းဆီထုတ်လုပ်မှုကတော့ အခုလက်ရှိက ကုန်ကြမ်းပေါ်ကာစဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊သြဂုတ်မှာက တရုတ်ကိုအထွက်များတဲ့အတွက် ကုန်ကြမ်းပြတ်တဲ့အထိဖြစ်သွားတယ်။ အချို့စက်တွေဆိုရင် တစ်လလုံးမှ ငါးရက်လောက်၊ ၁ဝရက်လောက်သာလည်ရတာမျိုးတွေဖြစ်သွားတယ်။ အခုတော့ ပဲဆန်အသစ် ပေါ်နေပြီ။ ဝယ်လို့လည်းရနေတယ်။

မေး။    ။ပြည်ပကတင်သွင်းတဲ့စားအုန်းဆီစျေးနှုန်းနဲ့ ပြည်တွင်းကထုတ်တဲ့ ပဲဆီ၊ နှမ်းဆီ စျေးနှုန်း ကွာဟမှု ရှိနေတဲ့အပေါ် မူတည်ပြီး စားအုန်းဆီစားသုံးမှုပမာဏများပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို စျေးနှုန်း ကွာဟမှုအပေါ် ထိန်းပေးနိုင်မယ့်နည်းလမ်းများရှိပါသလား။

မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေတဲ့ ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူးလား။ ဒါမှသာ ပြည်တွင်းစျေးကွက်အောင်မြင်လာမှာဖြစ်တယ်။ ပြည်တွင်း စျေးကွက်မအောင်မြင်ရင်၊ ပြည်တွင်းဆီစက်
တွေတိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူနိုင်မလဲ။

ဖြေ။    ။ စားအုန်းဆီနဲ့ယှဉ်ရင် ဆီစျေးကိုထိန်းပေးနိုင်မလားဆိုတာမှာ စားအုန်းဆီနဲ့ယှဉ်ရောင်းခိုင်းရင်တော့ ကျွန်တော်မရောင်းနိုင်ဘူး။ ပဲဆီ၊ နှမ်းဆီရဲ့ အားသာချက်က ကမ္ဘာမှာကိုက စားအုန်းဆီထက် အားသာပြီး စားသုံးသူတွေက တန်ဖိုးထားစားနေတာ တစ်ကမ္ဘာလုံးသိတယ်။

မေး။    ။အဲလို စျေးနှုန်းကို ယှဉ်ရောင်းတာမျိုးမဟုတ်တောင် စားသုံးသူအများစုလက်လှမ်းမီနိုင်မယ့်စျေးမျိုး ကိုရော ဆီလုပ်ငန်းရှင်တွေဘက်က လုပ်ဆောင်ပေးနိုင်ပါသလား။

ဖြေ။    ။ အရင်က တစ်နေ့ကို ပေပါသုံးဆယ်ရောင်းပြီးတော့ တစ်ပိဿာကို ၅ဝဝ မြတ်မှရောင်းမယ်။ ပီပါ ၁၅ဝ
ရောင်းရတဲ့နေ့ကျရင် တစ်ပိဿာကို ၁၅ဝ အမြတ်နဲ့ရောင်းချင်လည်းရောင်းမယ်။ စက်မှုလက်မှုလုပ်ငန်းက များများ ထွက်လေ။ ကုန်ကျစရိတ်နည်းလေ အကျိုးအမြတ်ကိုနည်းနည်းယူပြီးတော့ များများရောင်းရရင် အကျိုးအမြတ် အတူတူပဲ။ ရောင်းတဲ့စျေးကွက်ကျယ်ပြန့်ပြီး များများရောင်းရရင် ကျွန်တော်တို့ကစျေးလျှော့ ရောင်းမှာပဲ။

မေး။    ။ ပြည်ပကတင်သွင်းမှုမပြုဘဲ ပြည်တွင်းကစက်နဲ့ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပါ သလား။

ဖြေ။    ။ ပြည်တွင်းစားသုံးမှုဖူလုံဖို့အတွက်က ကျွန်တော်တို့စက်တွေသာ အကုန်လည်ခွင့်ရရင်ကျော်အောင်ကို ထုတ်နိုင်တယ်။ မြန်မာပြည်မှာ စက်ပေါင်း ၃,ဝဝဝ လောက်ရှိတယ်။

တကယ်လည်ပတ်နေတာ အနည်းဆုံး ၂,ဝဝဝ လောက်ရှိတယ်။ တစ်နေ့ ၂၅ ပီပါကျကြိတ်နိုင်တဲ့စက်က ထောင်နဲ့ချီ ရှိတယ်။  ပီပါ ၅ဝ အထက်ကြိတ်နိုင်တဲ့စက်ပေါင်းက ၂ဝဝ လောက်ရှိတယ်။ မြန်မာနိုင်ငံက တစ်ရက်ကိုပီပါ ၈၅ဝဝ လောက်ပဲ လိုတယ်။ တကယ်လို့ ဆီထွက်သီးနှံဖူလုံလို့လုံလုံလောက်လောက်ကြိတ် ခွင့်ရရင် မြန်မာပြည်စားတဲ့ဆီက ကျွန်တော်တို့ဆီက စက်တွေက အေးဆေးပဲ။

မေး။    ။ အဲဒီ့ပြည်တွင်းတစ်နှစ်လိုအပ်တဲ့ စားသုံးဆီပီပါ ၈၅ဝဝ ထုတ်နိုင်ဖို့ရော ဆီထွက်သီးနှံကလုံလောက် နိုင် ပါသလား။

ဖြေ။    ။ အခုလက်ရှိဆီထွက်သီးနှံစိုက်နေတာ ဧကနှစ်သန်းလောက်ရှိတယ်လို့သိရတယ်။ ပြည်ပက စားအုန်းဆီ တင်သွင်းမှုမရှိဘူးဆိုရင်လည်း ဒီဧကနဲ့တင် နိုင်ငံတွင်းလောက်အောင်ထုတ်လုပ်နိုင်ပါတယ်။

မေး။    ။စက်တွေအကုန်လည်ပတ်နိုင်ဖို့။ ပြည်တွင်းလိုအပ်တဲ့ ဆီပမာဏကို စက်ပိုင်းက အပြည့်အဝ ထုတ် လုပ် ခွင့်ရနိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ထင်ပါသလဲ။

ဖြေ။    ။ပြည်တွင်းစျေးကွက်ကနေပြီး ပြည်တွင်းဆီစက်တွေကို အားပေးမှုဖြစ်အောင် ပြည်တွင်းစျေးကွက်ကို ဖန်တီးပေးရမယ်။ ပြည်တွင်းအားက ကိုယ့်အားပဲ။ ပြည်တွင်း လူဦးရေ သန်း ၆ဝ ဝယ်စား တာသည် ပြည်ပကနေ တန်ချိန် သုံးသိန်းခွဲ ဝယ်စားနေမယ့်စျေးကွက်ကို သူများကိုပေးမယ့်ပိုက်ဆံစျေးကွက်ကို ကိုယ့်ပြည်တွင်း စျေးကွက်အဖြစ် ဖန်တီးယူလို့မရဘူးလား။ မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေ တဲ့ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူး လား။ ဒါမှသာ ပြည်တွင်းစျေးကွက် အောင်မြင်လာမှာဖြစ်တယ်။ ပြည်တွင်းစျေးကွက် မအောင်မြင်ရင်၊ ပြည်တွင်းဆီစက်တွေ တိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူ နိုင်မလဲ။

မေး။    ။ပြည်တွင်းစားသုံးဆီကို ပြည်ပတင်ပို့နိုင်တဲ့အဆင့်ထိ ရောက်အောင်ဆိုရင် စက်တွေ ခေတ်မီဖို့လို တယ်လို့ပြောကြပါတယ်။ စက်တွေခေတ်မီဖို့၊ အရည်အသွေးကောင်းတဲ့ဆီရရှိဖို့ ဆိုရင်ဘာတွေလိုအပ်ပါ သလဲ။

ဖြေ။    ။ ပြည်တွင်းစက်နဲ့တင် ပြည်ပတင်ပို့တဲ့အရည်အသွေးမီအောင်လုပ်နိုင်တယ်။ ပြည်ပကိုတင်ပို့နိုင်ဖို့ အမှန်တကယ် လိုနေတဲ့အချက်က သန့်စင်တဲ့ ကုန်ချောရဖို့ရယ်။ ကုန်ချောထုတ်လုပ်ရာမှာ ထုတ်လုပ်မှု အဆင့်တိုင်း သန့်စင်မှုလည်းရှိရမယ်။ ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့က မခဲယဉ်းဘူး။ မှိုတက်ပြီး ပိုးထိုးထားတဲ့ ပဲကိုကြိတ်တာ အစစ်လို့ပြောလို့ရပေမယ့် စားသုံးရန်သင့်တဲ့ ပဲဆီအသန့်လို့ပြောလို့မရဘူး။

မေး။    ။ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့မခဲယဉ်းဘူးဆိုတော့ ကုန်ကြမ်းကောင်းဖို့ ဘယ်လို လုပ်ဆောင် သင့်ပါသလဲ။

ဖြေ။    ။ အစိုဓာတ်ဘယ်လောက်နဲ့ မြေပဲဆန်ကိုထိန်းသိမ်းထားရမယ်။ အစိုဓာတ်များနေရင် အခြောက်ခံစက်နဲ့ အစိုဓာတ်ကိုချရမယ်။ အခြောက်ခံစက်နဲ့ချထားတဲ့ မြေပဲဆန်ကိုသာလျှင် သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း လုပ်ရ မယ်။ စိုနေတဲ့ မြေပဲ ဆန်ကို သိုလှောင်ခြင်း၊ ပုံထားခြင်းမလုပ်ရဘူး။

မေး။    ။အဲဒီလို့ မလုပ်ခဲ့ဘူးဆိုရင် ဘာဖြစ်နိုင်ပါသလဲ။ နောက်ဆက်တွဲအကျိုးဆက်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။    ။အဲကျရင် သူကအစိုဓာတ်များပြီးမှိုဖြစ်လာဖြစ်မယ်။ မြေပဲဆီရဲ့ အဓိကအဆိုးဆုံးအပြစ်က မှိုဆိပ်ပဲ။ အဲဒီ မှိုဆိပ်ကင်းစင်တဲ့ မြေပဲဆန်ဖြစ်ဖို့ အခြောက်ခံစက်ရှိရမယ်။ အစိုအဓါတ်ထိန်းညှိုပေးတဲ့စက်ရှိရမယ်။ ဒါမှသာလျှင် သတ်မှတ်တဲ့ အပူချိန်အတွင်း၊ သတ်မှတ်တဲ့အစို၊ အခြောက်အတွင်းမှာ ကုန်ကြမ်းကိုသိုလှောင် ထားတဲ့အတွက် မှိုဆိပ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပွားတာမရှိတော့ဘူး။ စားသုံးရန်သင့်တဲ့ ပဲဆီအသန့် ဆိုတာ မှိုကင်းစင်ရမယ်။

မေး။    ။အဲလိုအခြောက်ခံစက်တွေ ထားရှိလာအောင်နဲ့ စနစ်တကျသုံးစွဲလာအောင် ဘယ်လိုလုပ်ကိုင်ရင် အဆင်ပြေစေနိုင်ပါမလဲ။

ဖြေ။    ။အဲဒါကို ဆီစက်ပိုင်ရှင်တွေလည်း သိအောင်အသိပညာမျှဝေရမယ်။ အဲဒီလိုစက်မျိုးသူတို့ဆီမှာ ရှိအောင် လည်းလုပ်ရမယ်။ မလုပ်နိုင်ရင်လည်း ဘုံပိုင်ဆိုင်မှုမျိုး ဆီထွက်သီးနှံထွက်တဲ့ တစ်မြို့တစ်နယ်မှာ တစ်ခုနှုန်း တည်ထောင်ပြီးတော့မှ လိုတဲ့သူကသွားပြီး နဝလီပေးတဲ့စနစ်နဲ့ အခြောက်ခံတာတို့၊ အအေးခံတာတို့လုပ်လို့ရမယ်။ တစ်ဦးချင်းမဝယ်နိုင်ရင် စုပေါင်းဝယ်ပေါ့။ စိုက်ပျိုးတဲ့နေရာမှာ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်အောင် အကြံဉာဏ်
ပေးရမယ်။

မေး။    ။မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်ဖို့ လိုအပ်တာလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ။    ။အဲဒါက အသင်းအဖွဲ့နဲ့လုပ် မှရမယ်။ ဒါပေမယ့် မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်တဲ့ နယ တွေက သူနယ်နဲ့ သူရှိတယ်။ မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်ပြီးတော့ အခုအချိန်ထိလည်း ပစ္စည်းကောင်းကိုင်တဲ့ နယ်တွေကို စျေးကောင်းပေးပြီး ရွေးဝယ်ရမယ်။ ပစ္စည်းကောင်း ကောင်းကောင်း မကိုင်တတ်တဲ့နယ်တွေကိုလည်း
ကောင်းကောင်းကိုင်တတ်အောင် သင်ပေးပြီးတော့ စွဲခေါ်ရမယ်။ စည်းရုံးရမယ်။

မေး။    ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ဘယ်လောက်ထိထုတ်လုပ်ရပါမလဲ။ လက်ရှိ ပြည်ပက တင်သွင်း နေတဲ့ စားအုန်းဆီနဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စားသုံးဆီအပိုင်းကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။    ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ခန့်မှန်း ထားကြတာကတော့ တစ်နှစ်ကို တန်ချိန်ခြောက်သိန်း ခန့်မှန်း ထားတယ်။ အဲလိုခန့်မှန်းထားရာမှာ ပြည်ပကနေ တစ်လကို တန်သုံးသောင်းနဲ့ တစ်နှစ်ကို သုံးသိန်းခွဲ လောက်သွင်း တယ်။ ပြည်တွင်းက နှစ်သိန်းခွဲလောက်ထုတ်လုပ်တယ်လို့ပြောတယ်။

မေး။    ။ လက်ရှိမှာ ဆီထွက်သီးနှံတွေကို ပြည်ပတင်ပို့ခွင့်ပြုမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။    ။ အခုက ဆီကုန်ကြမ်းကို အားလုံးပြည်ပတင်ပို့ခွင့်ပြုလိုက်ပြီ။ အဲလိုဖွင့်ပေးလိုက်တဲ့အကျိုးဆက် ကတော့ နှမ်းဆီက အညာက အဓိကစားတာဆိုတော့ သိပ်ထိခိုက်မှုမရှိပေမယ့် နှမ်းဖက်ကတော့ ရှားသွား တယ်။ နှမ်းဖက် တစ်ပိဿာတစ်ထောင်လောက်ဖြစ်သွားတယ်။ မြေပဲကို ခွင့်ပြုလိုက်တာကတော့ တော်တော် ထိခိုက်တယ်။ နှမ်းဆီကို မြန်မာနိုင်ငံမှာ ၂ဝ ရာခိုင်နှုန်းလောက်ပဲစားတာ။ မြေပဲဆီကို ၈ဝ ရာခိုင်နှုန်းလောက် စားတယ်။

မေး။    ။ အဲလိုဆိုတော့ ပဲဆီ၊ နှမ်းဆီရဲ့ စျေးကွက်စျေးနှုန်းအပေါ် အကျိုးသက်ရောက်မှုကရော ဘယ်လို ရှိပါသလဲ။

ဖြေ။    ။ ဆီထွက်သီးနှံကို ပြည်ပကိုတင်ပို့တဲ့အတွက် စျေးတွေအရမ်းမြင့်သွားတယ်။ အရင်တုန်းက မြေပဲဆန် က တစ်ပိဿာ ၁၅ဝဝ၊ ၁၆ဝဝ ကနေ အခု ၂၅ဝဝ ထိအောင်ဖြစ်သွားတယ်။ အဲဒီအတွက် လယ်သမားတွေက
စျေးကောင်းရသွားတယ်။ ပို့တဲ့သူ တွေအလုပ်ဖြစ်သွားတယ်။ ဒါပေမယ့် ပြည်တွင်းဆီစားသူတွေက အရင်က ၃၈ဝဝ လောက်နဲ့ဝယ်စားရ တာကနေ ၅၃ဝဝ ဖြစ်သွားတယ်။ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်တွေက ပဲဖတ် ၆၅ဝ လောက်နဲ့ ဝယ်လို့ရနေရာကနေ ၁ဝဝဝ လောက်ဖြစ်သွားတယ်။ ကုန်ကြမ်းစျေးတက်ပြီဆိုတာနဲ့ အဲဒီကုန်ကြမ်းနဲ့ ဆက်စပ်နေတဲ့ ကုန်ချော၊ ဘေးထွက်ပစ္စည်းအားလုံး လိုက်တက်သွားတယ်။

မေး။    ။ ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ဖို့နဲ့ပတ်သက်ပြီး ဆီစက်လုပ်ငန်းရှင်တွေဘက်က သဘော ထားနဲ့ တာဝန်ယူမှုအပိုင်းကို ပြောပြပေးပါဦး။

ဖြေ။    ။ မြန်မာနိုင်ငံပြည်တွင်းစားသုံးဆီ ဖူလုံဖို့နဲ့ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ဖို့ ကိစ္စသည် ပြည်တွင်း စက်မှု လက်မှု လုပ်ငန်းရှင်ဖြစ်တဲ့ ဆီစက်လုပ်ငန်းရှင်များရဲ့ ရပိုင်ခွင့်ဖြစ်သလို တာဝန်လည်းဖြစ်တယ်။ ပြည်တွင်း ဆီဖူလုံဖို့ က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်။ အဲဒီ ပြည်တွင်းဆီရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်တွင်း ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်အောင် အားပေးခြင်းဆိုတဲ့ကဏ္ဍတွေကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ အဲဒီက ဖြစ်ပေါ်လာတဲ့။ စားသုံးသူတွေက ပေးလာတဲ့အကျိုးအမြတ်တွေကလည်း ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ပဲ။

မေး။    ။ အဲလိုရပိုင်ခွင့်နဲ့ တာဝန်ယူလုပ်ဆောင်နိုင်မှုအတွက် အသင်းအဖွဲ့တစ်ခုအနေနဲ့ ရပ်တည်လုပ်
ဆောင် သင့်တယ်လို့ မြင်ပါသလား။ အသင်းတစ်ခုရဲ့ အရေးပါမှုကိုလည်း ပြောပြပေးပါဦး။

ဖြေ။    ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာရေး အရေးပါမှုက မြန်မာနိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လည်း အခြေခံအကြောင်းတရားထဲမှာပါတယ်။ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စသည် ဆီထွက်သီးနှံ စိုက်ပျိုးပြီး ဆီထွက် သီးနှံကုန်ကြမ်းရောင်းရရုံလောက်နဲ့တော့ စိုက်ပျိုးသူနဲ့ ရောင်းသူပဲ ပိုက်ဆံရသွားမယ်။ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းတိုးတက်လာမှာမဟုတ်ဘူး။

မေး။    ။အဲဒီအသင်းဖြစ်ပေါ်လာဖို့ရော လုပ်ဆောင်နေပါသလား။

ဖြေ။    ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာဖို့ ဆီစက်ပိုင်ရှင်တော်တော်များများက သက်ဆိုင်ရာလူကြီး တွေ ဆီကို ဆင့်ကဲဆင့်ကဲတင်ပြထားတယ်။ အခုလက်ရှိပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ဖွဲ့ပေးဖို့ ပြောထားပြီးပြီ။ ဘယ်အချိန်မှာ အခြေအနေပေးမယ်ဆိုတာကတော့ မသိရသေးဘူး။ အဲဒီ့အသင်း မြန်မြန်ဖြစ် လေကောင်းလေပဲ။ မြန်မြန်ဖြစ်ရင် စိုက်ပျိုးတဲ့တောင်သူတွေလည်း စိုက်ပျိုးသီးနှံအတွက် အာမခံချက် ရှိလာ မယ်။

မေး။    ။အဲဒီအသင်းပေါ်ပေါက်လာရင် ရရှိမယ့်အကျိုးကျေးဇူးကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ။    ။ မြန်မာနိုင်ငံကို စိုက်ပျိုးရေးအခြေခံစက်မှုလက်မှုနိုင်ငံလို့ပြောလိုက်တာနဲ့ကို ဆီစက်လုပ်ငန်းရှင်များ အသင်း ဟာ ဂုဏ်ဒြပ်အနေနဲ့ရှိကိုရှိရမယ်။ ဆီစက်လုပ်ငန်းရှင်များအသင်းပေါ်လာတာနဲ့ ဆီစက်လုပ်ငန်း ရှင်များ အသင်းရဲ့ ရည်ရွယ်ချက်က ပါလာရမယ်။ အဲဒီမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူတွေဘဝမြင့်မား ဖို့။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ သန့်ရှင်းလက်ဆတ်တဲ့ဆီရရှိဖို့။ မွေးမြူရေုးလုပ်ငန်းရှင်တွေအတွက် ဘေးထွက် ပစ္စည်းတွေကိုလည်း သန့်ရှင်းကောင်းမွန်တဲ့ ဘေးထွက်ပစ္စည်းတွေ ရရှိဖို့။ နိုင်ငံတကာ ကျန်းမာရေးအဆင့် အတန်းနဲ့ညီတဲ့ စားသုံးဆီ တွေတင် ပို့နိုင်ဖို့။ အဲဒီ့ရည်ရွယ်ချက်တွေ ပါလာမှာပဲ။
oiol
မှတ်ချက်။ အဆိုပါစျေးနှုန်းများသည် စက်တင်ဘာလ ၁၂ ရက်နေ့ စျေးနှုန်းများ ဖြစ်သည်။