စစ်တွေတွင် ရခိုင်အမျိုးသမီး အလောင်းနှင့် လူမပါသော သရက်သီး အပြည့့်ဖြင့် သမ္ဗာန်နှစ်စီး ဆယ်ယူရရှိ

စစ်တွေတွင် ရခိုင်အမျိုးသမီး အလောင်းနှင့် လူမပါသော သရက်သီး အပြည့့်ဖြင့် သမ္ဗာန်နှစ်စီး ဆယ်ယူရရှိ
by -
နိရဥ္စရာ

စစ်တွေမြို့ ကျေးတော ရွာမ ပိုက်ဆိပ်တွင် ရခိုင် အမျိုးသမီး အလောင်းတစ်လောင်းနှင့် လူမပါသော သရက်သီး သမ္ဗာန် နှစ်စီးကို ဆယ်ယူ ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

Sittwe-Jetty-with-Fishermens-Boat
“ သီးခြားစီ ရရှိတာပါ ခင်ဗျား။ အမျိုးသမီး အလောင်းကို ရေထဲက သက်သက် ဆယ်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်။ သရက်သီး အပြည့်နဲ့ သသမ္ဗာန် နှစ်စီးကိုလည်း ကမ်းကပ်လာတဲ့ အတွက် သီးခြားစီ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စစ်တွေရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးမှာ မည်သူ မည်ဝါ ဖြစ်သည်ကို ယခု အချိန်ထိ မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။

သရက်သီး သသမ္ဗာန်နှစ်စီးတွင်လည်း သရက်သီး အပြည့်ပါရှိပြီး လူများ မပါရှိကြောင်း သူက ဆိုသည်။

“ အခုက စုံစမ်းတုန်းဘဲ ရှိသေးတယ်။ ဘယ်လို ဖြစ်ပြီး အလောင်းရော သသမ္ဗာန်တွေရော ဒီနေရာမှာ ကမ်းလာပါးသလဲဆိုတာ စုံစမ်းတုန်းဘဲ ရှိပါသေးတယ်” ဟုသူက ဆက်ပြောသည်။

စစ်တွေ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ကျေးတော ပိုက်ဆိပ်မှာ သူတို့စခန်း အပိုင် မဟုတ် သဖြင့် မပြောကြားနိုင်ကြောင်း ပြောကြားပြီး ဖုံးချသွားခဲ့သည်။

၎င်းပြင် ပေါက်တောမှ စစ်တွေသို့ ထွက်ခွာလာသော စက်လှေ တစ်စီးကိုလည်း မသမာသူ ဆူပူအကြမ်းဖက် သမားများက မြစ်မှ ဖြတ်၍ တိုက်ခိုက်ခဲ့သည် ဆိုသော် သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော်လည် လောလောဆယ်တွင် အတည်မပြုနိုင်သေးကြောင်း  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးမှ ပြောကြားသည်။

Most read this week