“လက်ရှိ အိန္ဒိယ ဗဟိုအစိုးရရဲ့ လုပ်ကိုင်ပုံက စကစနဲ့ ပူးပေါင်းနေတဲ့ အနေအထားဖြစ်တယ်”

“လက်ရှိ အိန္ဒိယ ဗဟိုအစိုးရရဲ့ လုပ်ကိုင်ပုံက စကစနဲ့ ပူးပေါင်းနေတဲ့ အနေအထားဖြစ်တယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပြည်တွင်းစစ်ရေး ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားတွေ အထူးသဖြင့် စစ်ကိုင်းတိုင်း ကလေး-ကဘော်ဒေသနဲ့ ချင်းပြည်နယ်က ပြည်သူတွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်တို့မှာ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရပါတယ်။

မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်ကြသော စစ်ဘေးရှောင်တွေဟာ အစိုးရနဲ့ ပြည်သူလူထုတွေရဲ့ ကူညီထောက်ပံ့မှု ရရှိခဲ့ပေမယ့် မဏိပူရ်ပြည်နယ်မှာ ထွက်ပြေးကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကတော့ မဏိပူရ်ပြည်နယ်အစိုးရရဲ့ ဖမ်းဆီးထောင်ချမှုတွေ ခံနေရပါတယ်။ လက်ရှိ မဏိပူရ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေရဲ့အခြေအနေ၊ အိန္ဒိယဗဟိုအစိုးရ

မူဝါဒသဘောထားတွေက ဘယ်လိုရှိနေလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး India for Myanmar အဖွဲ့ဦးဆောင်သူ ဆလိုင်းဒိုခါရ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ယခုလက်ရှိ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေ ဖမ်းဆီးခံရမှုအခြေအနေကို ရှင်းပြလို့ရမလား။ လူဦးရေဘယ်လောက်လောက် ဖမ်းခံရလဲ။ဘယ်မှာတွေ ထိန်းသိမ်းထားလဲ။

ဖြေ- မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားအာဏာသိမ်း

မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းက စတင်ပြီးတော့မှ မြန်မာပြည်ကနေ ပြည်တွင်းမလုံခြုံမှုကြောင့်အိန္ဒိယဘက် ထွက်ပြေးလာကြတာဖြစ်တယ်။ ဒီဘက်ခြမ်းမှာဆိုရင် တော့မီဇိုရမ်ပြည်နယ်၊မဏိပူရ် ပြည်နယ်၊ Nagaland ပြည်နယ် တွေမှာ မြန်မာစစ်ဘေးရှောင် refugee တွေ ရောက်ကြ

တာဖြစ်တယ်။ မဏိပူရ်မှာဆိုရင်တော့ အခုချိန်မှာ တစ်သောင်းပတ်ဝန်ကျင်ရှိနေတဲ့ အနေအထားဖြစ်ပြီးတော့မှ ဖမ်းဆီးခံရတဲ့သူတွေကတော့ ၄၀၀ ဝန်းကျင်လောက်ရှိတယ်။ မဏိပူရ်ပြည်နယ်

ဝန်ကြီးချုပ်ကိုယ်တိုင် လွတ်တော်မှာ ဖြေကြားခဲ့တဲ့ စာရင်းဖြစ်ပါတယ်။ အဲ့ဒီစာရင်းအရအဲ့ဒီထဲမှာဆိုရင် မူးရစ်ဆေးဝါးမှုတွေပါတယ်။ နောက်ပြီးတော့မှ ဒီလက်နက်မှုတွေလည်းပါတယ်။ နောက် Foreigner Act နှင့် အဖမ်းခံတဲ့သူဆိုပြီးတော့မှရှိတယ်ပေါ့။အဲ့ထဲမှာ တရားမဝင် ဝင်ရောက်လာမှု Foreigner Act နဲ့ စွပ်စွဲပြီးမှ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူက အခုလက်ရှိ အခြေနေထိတော့ ၁၇၀ နှင့် ၁၈၀ ကြားရှိတယ်လို့ မှတ်ယူလို့ရတယ်။ ဒါပေမယ့် ဒီကြားထဲမှာ လွတ်လာတဲ့သူတွေလည်းရှိသလို နောက်ထပ်ဖမ်းတဲ့သူတွေလည်း ရှိတယ်။ ဆိုတော့ ဒီတောက်လျှောက်လည်း ဒီမဏိပူရ်မှာ လက်ရှိအချိန်ထိ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်။

မေး- အခုအဖမ်းခံရတဲ့သူတွေဟာ ဘယ်ဒေသမှာနေထိုင်ကြတဲ့ သူတွေအများစု ဖြစ်လဲ။

ဖြေ- အထူးသဖြင့်တော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကနေလာတဲ့သူတွေများတယ်။စစ်ကိုင်းတိုင်းဆိုရင်တော့ တမူး ကလေး အပါအဝင် မကွေးတိုင်းလည်း အနည်းငယ်ပါတယ်လို့ကျွန်တော်တို့ သိရပါတယ်။ နောက်တစ်ဖက်က တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ချင်းပြည်နယ်ကလာတဲ့ သူတွေလည်း ပါတယ်။ ဆိုတော့ အားလုံးကတော အထူးသဖြင့် NewLamka နှင့် မိုးရေးခရိုင်မှာရှိနေတဲ့ မြန်မာပြည်ဘက်က လူတွေဖြစ်တယ်လို့တော့ အကြမ်းအားဖြင့်ကျွန်တော်တို့တော့ သိထားရပါတယ်။

မေး- အခုအဖမ်းခံရသူတွေထဲမှာ အရင်ကထောင်ထဲမှာ သေဆုံးမှုလည်း ရှိခဲ့တယ်လို့သိရတယ်။ဆိုတော့ ထောင်ထဲမှာ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောင်မှုအခြေအနေကဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ- ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ဖျားရင်ဖျားသလို ကုသမှုလေးတွေကိုသင့်သလို စီစဥ်ပေးတယ်လို့တော့ အကြမ်းအားဖြင့် သူတို့ရဲ့ပြောပြချက်အရတော့ သိရပါတယ်။သို့သော်လည်း ထောင်ထဲမှာ Detention Center လို့ခေါ်တဲ့ ဒီထိန်းသိမ်းရေးစင်တာဟာမျိုးမှာ ဆိုလို့ရှိရင်တော့ အဆောက်အဦးမသန့်ရှင်းမှု၊ ရေမသန့်ရှင်းမှု နောက်ပြီးတော့မှ အခင်းတွေဘာတွေ မပါပဲနဲ့ ထားရှိမှု၊ နောက်ပြီးတော့မှ အဟာရပြည့်ဝတဲ့ အစားစာမရှိမှုတွေကြုံတဲ့ အခါကြတော့ ရောဂါအခံရှိတဲ့သူတွေကကြတော့ ထိန်းသိမ်းရေးစင်တာလို့ခေါ်တဲ့ Detention Center ကတော့ တော်တော်လေး အန္တရာယ်များတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်ပဲ တစ်ယောက် ဒီထိန်းသိမ်းရေးစင်တာထဲမှာ သေဆုံးသွားတဲ့ သူတစ်ယောက်ကလည်း အထူးသဖြင့်တော့ ဒီကျန်းမာရေးအခံရှိခြင်း မရှိခြင်းကတော့ စစ်ဆေးချက်အရ ကျွန်တော်တို့ မသိသေး၊ စစ်ဆေးချက်လည်း မထွက်လာသေးတဲ့အခါကျတော့၊ သို့သော်လည်း သေချာတာ တစ်ခုကတော့ထိန်းသိမ်းရေးစင်တာမှာ လုံးဝ အဆင်မပြေမှု ကြောင့် သေဆုံးမှုဖြစ်တယ်လို့တော့သူ့ရှေ့နေအပါဝင် ကျွန်တော်တို့ အဖွဲ့ဝင်ကိုယ်တိုင်က လေ့လာမှုတွေ့ရှိချက်အရ ကျွန်တော်တို့ပြောနိုင်တာဖြစ်တယ်။အများသောအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေကတော့ ရောဂါပြင်းပြင်းထန်ထန်ရှိမှသာလျှင် ကုသခွင့်ရှိတယ်ဆိုတဲ့ အနေအထား ဖြစ်တယ်။ ဆိုတော့ ထိန်းသိမ်းရေး စင်တာမှာရှိတဲ့ အသက်ကြီးပိုင်းဟာ မျိုးဆိုရင်တော့ မကြာခဏ ဖျားပြီးတော့ မှ ဆေးရုံတင်ရတဲ့ဟာမျိုးရှိတယ်။ ဒါကြောင့် လက်ရှိ Foreigner Act နဲ့ ဖမ်းခံရတဲ့ သူတွေအားလုံးဟာ ဒီမြန်မာပြည်ဘက်က အစားသောက်တွေလည်း သွင်းပြီးတော့မှ ထောင်ဝင်စာပို့လို့ မရဘူး။ နောက်ပြီးတော့မှ သူတို့ ထိန်းသိမ်းရေး စင်တာမှာလည်း လွတ်လပ်စွာ တွေ့စုံခွင့်မရှိတဲ့အနေ ထားဖြစ်တဲ့အခါကြတော့ သူတို့ရဲ့ လက်ရှိအနေထားက ပြောင်းလဲမှုရှိလား မရှိဘူးလား ဆိုတဲ့ဟာကတော့ သေဆုံးမှုရှိတဲ့နောက်ပိုင်း ကျွန်တော်တို့လည်း ဘာမှ သတင်းတွေရရှိနိုင်တဲ့ အနေအ ထားမရှိဘူး။ သို့သော်လည်း အဲ့ဒီမတိုင်ခင်ထိဆိုရင်လည်း

မြန်မာပြည်က အစားစာတွေဆိုရင်တော့ သူတို့ပို့လို့မရဘူးဆိုတဲ့အနေထားထိ သူတို့တင်းကျပ်ထားတာတွေလည်းရှိတယ်။ ဆိုတော့ ကျန်းမာ ရေးစောင့်ရှောက်မှု

အပြောင်းလဲရှိလာသလား မရှိလာဘူးလား ဆိုတာတော့ မသိသေးဘူး။ သေချာ တာကတော့ လွန်ခဲ့တဲ့ သေဆုံးမှုမရှိခင်အထိတော့ ဒီကျန်မာရေးစောင့်ရှောက်မှု အခြေနေက အင်မတန် အန္တရာယ်များတဲ့ အနေထားဖြစ်ပြီးတော့မှ အခက်ခဲများစွာရှိတဲ့အနေအထားဖြစ်တယ်လို့တော့ ကျွန်တော်တို့ သိထားရတာဖြစ်တယ်။



မေး- မြန်မာ့နိုင်ငံရေးအခြေနေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေးကြတဲ့ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေ အများကြီးရှိကြတယ်။ ဥပမာ မီဇိုရမ်ပြည်နယ်မှာဆိုရင် အများဆုံးပေါ့။မီဇိုရမ်မှာဆိုရင် ခုလိုဖမ်းဆီး တာမျိုးမရှိတဲ့အပြင် အစိုးရက ပါကူညီမှုတွေပေးနေတယ်၊မဏိပူရ်အစိုးရကတော့ ဘာကြောင့် ခုလို မြန်မာစစ်ဘေးရှောင်တွေကို ဖမ်းဆီးနေရတာလဲ။

ဖြေ- ပထမအနေနဲ့ မီဇိုရမ်အစိုးရသည္ မီဇိုပြည်သူတွေကနေ ပေါက်ပွားလာတဲ့ နိုင်ငံရေးပါတီရဲ့အစိုးရအောက်မှာရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကို နားလည်မှုပေးနိုင်သလို ဆက်ပြီးတော့အစိုးရက ကျွန်တော်တို့ကို လိုလိုလားလားနဲ့ ဗဟိုအစိုးရက ကွန့်ကွက်ရှုပ်ချတဲ့ကြားက ကျွန်တော်တို့ကို ပြုစုပေးတယ်။ ဆိုတော့ ယာယီ ကဒ်လေးတွေလည်းထုတ်ပေး တော့မှစနစ်တကျနဲ့ ကျွန်တော်တို့ကို ကြည့်ရှု့စောင့်ရှောက်ပေးတဲ့အခါကျတော့ အင်မတန်မှကျွန်တော်တို့ ဝမ်းသာသလို မီဇိုရမ်ပြည်သူတွေနဲ့ မီဇိုရမ်အစိုးရရဲ့ ကူညီမှုတွေက ကျွန်တော်တို့မြန်မာပြည်သူတွေအတွက် မေ့လို့မရတဲ့ ကျေးဇူတင်စရာတွေ အများကြီးရှိပါတယ်။ဒီ မဏိပူရ်ပြည်နယ်ကတော့ တစ်ခုထူးခြားတာကတော့ ဗဟိုအစိုးရမှာ အစိုးရဖွဲ့တဲ့ BJPပါတီကနေ တိုက်ရိုက်အုပ်ချုပ်တဲ့ နယ်မြေဖြစ်တယ်။ အဲ့ဒီမှာ သူတို့ရဲ့ ဗဟိုအစိုးရ မှာ Refugeeကိုလက်မခံတဲ့ မူဝါဒ ရှိတဲ့အခါကျတော့ အဲ့ဒီမူဝါဒရှိခြင်းကြောင့် တစ်ခုဖြစ်တယ်။ နောက် ဒုတိယအချက်ကတော့ အခုလက်ရှိအချိန် မဏိပူရ်ဝန်ကြီးချုပ်ရဲ့ တောက်လျှောက် လှုပ်ရှားမှုတွေ ပထမ ဖမ်းဆီးတာက မတရား ဝင်ရောက်လာမှုကို အကြောင်းပြတယ် ဒုတိယ ဖမ်းဆီးမှုကတော့ ရွေးကောက်ပွဲကို အကြောင်းပြ ပြီးတော့မှ မဲစာရင်းစစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဖမ်းတယ်။ တတိယကတော့ မတရား မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လုပ်တယ်။ အဓိကအားဖြင့် ဒီဟာ ဘာကြောင့်လည်းဆိုရင်တော့ မဏိပူရ်မှာ မကြာခင် ရွေးကောက်ပွဲလုပ်ဖို့ရှိလာမယ့်အပေါ်မှာ သူ့အနေနဲ့ သူ့ကိုထောက်ခံတဲ့သူတွေများလာအောင် အကြောင်းအမျိုးမျိုးဖန်တီးပြီးတော့မှ မြန်မာနိုင်ငံရေးအရ အသုံးချမှုဖြစ်တယ်လို့တော့ ကျွန်တော်မြင်ပါတယ်။ အဓိကအားဖြင့်တော့ ဒီနိုင်ငံရေးအသုံးချမှုတွေရှိ လာတဲ့အခါကျတော့ ဒီပြည်သူက ထောက်ခံလာအောင် မူးယစ်ဆေးဝါးအကြောင်းပြပြီး မြန်မာပြည်က

စစ်ဘေးရှောင်တွေကိုဖမ်းလိုက် နောက်ပြီးတော့မှ ထောက်ခံလာ အောင်လုပ်ပြီးတော့မှ မတရား ဝင်ရောက်မှုပါဆိုပြီးတော့မှ စွပ်စွဲပြီးတော့မှ တောက်လျှောက် ဖိနှိပ်မှုတွေလုပ်တဲ့ အနေထားဖြစ်တယ်။ ဒီလက်ရှိ မဏိပူရ်အစိုးရရဲ့ လုပ်ပုံက တော်တော်လေးကို လူသားစံမှုမရှိဘဲနဲ့ တင်းကျပ်ကျပ်ကို လုပ်ကိုင်တဲ့ အခါကျတော့ သူ့ပြည်နယ်အစိုးရရဲ့နာမည်လည်းပျက်သလို အိန္ဒိယနိုင်ငံတစ်ခုလုံးရဲ့ ဒီမိုကရေစီပုံရိပ်ကိုလည်း အလွန်ဖျက်စီးတဲ့အနေထားထိကိုတောင် ရောက်နေတယ်။ မဏိပူအစိုးရရဲ့ လက်ရှိအခြေနေ ဖမ်းဆီးမှု အကြောင်းပြချက်ကတော့ ဗဟိုပါတီရဲ့ မူဝါဒ နဲ့ လည်း ဆိုင်နေသလို လက်ရှိလာမယ့်ရွေးကောက်ပွဲမှာ ပြည်သူထောက်ခံမှုတွေ ရရှိလာအောင် အကြောင်းအမျိုးမျိုးပြပြီးတော့မှ ဒီလိုလုပ်ဆောင်တာလို့ အကြမ်းအားဖြင့် မှတ်ယူလို့ရတယ်။ ဆိုတော့တောက်လျှောက်လည်း လုပ်လာနိုင်တဲ့အခြေနေလည်းရှိတယ်။

မေး- မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်တွေအဖမ်းခံရတဲ့ကိစ္စအပေါ်

ဆရာတို့အဖွဲ့အစည်းအပါအဝင် ပြည်တွင်း/ပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ တယ်။ အဲဒီနောက်ပိုင်းမှာ တစုံတရာ ထူးခြားလာတာမျိုးရှိလား။

ဖြေ- အခုချိန်မှာ တရားဝင် ထုတ်ပြန်ချက်တွေမရှိသော်ငြားလည်း ထူးခြားမှုပုံစံတစ်ခုအနေနဲ့ ဖြစ်လာတာ တစ်ခုက မတရားဝင်ရောက်လာမှုဆိုတဲ့ အသုံးနှုန်းဟာမျိုးကို ပြောင်းလာပြီးတော့ မူးယစ်ဆေးဝါးကို အကြောင်းပြပြီးတော့ ဖမ်းဆီးနိမ်နင်းမှုတွေလုပ်လာတဲ့အနေထားကိုတော့ ကျွန်တော်တို့ တွေ့ရတယ်။ သို့သော်လည်း ကျွန်တော်တို့ တောက်လျှောက်စကားပြောဆိုမှုတွေထဲမှာ အစိုးရ အရာရှိတစ်ချို့နဲ့ ဆက်သွယ်ဆွေးနွေးမှုတွေအရ မီဇိုရမ်ပြည်နယ်ပုံစံ ဒီ ယာယီလက်ခံမှုကို စီစဥ်ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်ပေးတဲ့ဟာမျိုးတော့ ကျွန်တော်တို့ တွေ့ရတယ်။ ဒါပေမဲ့ တရားဝင်ကြေညာမှုတွေ၊ တရားဝင်လုပ်ဆောင်ချက်တွေ မတွေ့တဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ ဘာမှအတိကျပြောလို့မရသေးဘူး။

မေး- မဏိပူရ်မှာ မြန်မာစစ်ဘေးရှောင်တွေအဖမ်းခံရတဲ့ကိစ္စကို ဘယ်လိုကူညီဆောင်ရွက်ပေးသင့်လဲ။ ဘယ်လိုဖြေရှင်းပေးနိုင်မလဲ။

ဖြေ- အဓိကအားဖြင့် အိန္ဒိယပြည်အစိုးရအနေနဲ့ ဆိုရင်တော့သူ့ရဲ့မူဝါဒတွေ အပြောင်းလဲရမယ်။ သူ့မှာ နကိုရှိပြီးသားမူဝါဒက ကြားနေမူဝါဒဖြစ်တယ်။ သို့သော်လည်း လက်ရှိ အိန္ဒိယ ဗဟိုအစိုးရအနေနဲ့ သူလုပ်ကိုင်နေတဲ့ ပုံစံကတော့ ကြားနေမဟုတ်ပဲနဲ့ စကစနဲ့ ပူးပေါင်းနေတဲ့ အနေအထားဖြစ်တယ်။ လက်ရှိအချိန်မှာ ကုန်သွယ်ရေးလုပ်မယ်ဆိုပြီးတော့ မိုရေးဘက်မှာ မဏိ

ပူရ်ဝန်ကြီးတစ်ဦးက သွားပြီးတော့ လေ့လာနေတယ် ဆိုတဲ့ဟာမျိုးတွေ၊ ပလက်ဝမြို့နယ်ထဲကို ဒီ Assam Rifle တပ်တွေ ဝင်ပြီးတော့မှ ဒီနယ်မြေ လုံခြုံရေးဝင်ကြည့်တယ်ဆိုတဲ့ ဟာမျိုး။ ဆိုလိုတာက မကြာခင် ဒီ ၂၀၂၃ အတွင်းမှာ မြန်မာပြည်မှာရှိတဲ့ အိန္ဒိယရဲ့ အကျိုးစီးပွားတွေ ပြန်လည် လည်ပတ်နိုင် အောင်လုပ်ဆောင်ဖို့ ကြိုးစားလုပ်နေတဲ့အနေအထားဖြစ်တယ်။

ဆိုတော့ လက်ရှိ အိန္ဒိယက ခေတ်အဆက်ဆက် တရုတ်က ကျင့်သုံးလာပြီးတော့မှ လုံးဝအသုံးမတည့်တော့တဲ့ မူဝါဒဟာမျိုးကို မြန်မာပြည်မှာ သုံးနေတယ်။ ဆိုတော့

တရုတ်ကတောင်မှ အခုချိန်မှာ ဒီစကစနဲ့ ဆက်စံမှုပြေ လည်အောင်လုပ်ခြင်းက အလုပ်မဖြစ်ဘူး ဆိုပြီးတော့မှ စကစကိုလည်း အတိုင်းတာတစ်ခုထိပဲ ဆက်ဆံရေးလုပ်သလို ဒီတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးကိုလည်း သင့်တော်တဲ့

ဆက်စံမှုတွေ ကူညီမှုတွေလုပ်နေတယ်။ ဆိုတော့ အဲ့လိုပုံစံတွေ သူ့အနေနဲ့ မူဝါဒတွေအများကြီး ပြောင်းလာပြီးမှ တရုတ်ကတောင်မှ ဒီလိုလုပ်လာတဲ့အချိန်မှာ၊ တရုတ်ကတောင် စွန့်ပစ်ထားတဲ့မူဝါဒကို ကိုင်ပြီးမှ တရုတ်နဲ့ ယှဥ်ပြိုင်မှုတွေလုပ်လိုက် ဒီမြန်မာပြည်မှာ ကိုယ်ကျိုးစီးပွားရှာဖို့ လုပ်နေလိုက်ဆိုတဲ့ဟာက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။

အိန္ဒိယအနေနဲ့ သူ့ကိုယ်ကျိုးစီးပွား အတွက်သော်လည်းကောင်း ဒီမိုကရေစီစံတန်းဖိုးကိုထားခြင်းအနေနဲ့သော်လည်းကောင်း၊ တရုတ်ကို ယှဥ်ပြိုင်တဲ့အနေနဲ့သော်လည်းကောင်း ဘယ်လိုအကျိုးကိုပဲတွေးတွေး၊ ဘယ်စံတန်ဖိုးကိုပဲထားထား သည်မြန်မာ refugee တွေနင့် မြန်မာတော်လှန်ရေးအင်အားစုတွေကို လုံးဝ မျက်ကွယ်ပြုလို့ရမှာမဟုတ်ဘူး။ သူ မျက်ကွယ်ပြုရင် သူ့ကိုယ်ကျိုးစီးပွားလည်း အောင်မြင်မှုရမှာမဟုတ်ဘူး။

မေး- တခြားဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။

ဖြေ- အဓိက အနည်းငယ် ဖြည့်စွပ်ပြောချင်တာကတော့ လက်ရှိ အိန္ဒိယရဲ့အနေအထားက စကစကို သံတမန်ရေးအရသော်လည်းကောင်း နောက်ပြီးတော့မှ ဒီစစ်ရေးအရသော်လည်းကောင်း ကူညီနေပြီးတော့မှ မြန်မာ ပြည်ကနေ ကိုယ်ကျိုးစီးပွားရှာနေပြီးတော့မှ လုပ်နေတာဖြစ်တယ်။ လက်ရှိအခြေနေအရဆိုလျှင် စကစနဲ့ ပူးပေါင်းပြီးမှ စီးပွားရှာခြင်း၊ စကစပေါ်မှာ အခွန်ဆောင်ခြင်းဟာ ဆိုလို့ရှိရင် သွယ်ဝိုက်အားဖြင့်

မြန်မာပြည်ကို သွေးစွန်းအောင်လုပ်နေတာဖြစ်တယ်။ တာကြောင့် အိန္ဒိယအနေနဲ့ လက်ရှိအခြေနေမှာ သူ့မှာရှိပြီးသား ကြားနေမူဝါဒကိုင်သုံးပြီးတော့မှ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးကိုလည်း မကူညီရင်နေပါစေ၊ မြန်မာပြည်သူ စစ်ဘေးရှောင်လာတဲ့သူတွေကိုတော့ နိုင်ငံတကာစံချိန် ဒီမိုကရေစီ စံနှုန်းအရသော်လည်းကောင်း၊ နိုင်ငံတကာ ဥပဒေကို လေးစားအသိ မှတ်ပြုခြင်းကို အခြေခံအားဖြင့်သော်လည်းကောင်း မြန်မာပြည်ကနေ

ပြေးလာတဲ့စစ်ဘေးရှောင်တွေကို ကူညီပြီးတော့မှ လုပ်ဆောင်တယ်ဆိုရင်တော့ အိန္ဒိယအနေနဲ့ အသင့်တော်ဆုံး ကူညီရာ ရောက်လိမ့်မယ်လို့ ကျွန်တော် မှတ်ချက်ပေးချင်တယ်။ ဒါကြောင့် သည်နေရာကနေ တောင်းဆိုချင်တာကတော့ အိန္ဒိယအနေနဲ့ ကိုယ့်ရဲ့ မူဝါဒ ပေါ်မှာပဲ ကောင်းကောင်းမွန်မွန်ရပ်တည်ပါ စကစနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းကတော့ ဘယ်တော့မှ

မြန်မာပြည်သူတွေကလည်း လက်ခံမှာ မဟုတ်သလို ကို့ကိုယ်ကို တရုတ်ရဲ့ ချိန်းခြောက်မှုအောက်ကို ပိုပြီးတော့မှ ရောက်စေတဲ့ အနေထား ဖြစ်တယ်။ ဒါ ကြောင့် အိန္ဒိယအနေနဲ့ အခုလက်ရှိ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်ပြီးတော့မှ အမြန်ဆုံး မြန်မာနိုင်ငံပေါ်မှာထားတဲ့ မူဝါဒပြောင်းလဲပေးဖို့ ကျွန်တော် ဒီနေရာကနေ ထပ်မံပြီးတော့မှ တောင်းဆိုချင်ပါတယ်။

Most read this week

May 8, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း...
May 7, 2024
အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ရန် ဗဟိုအစိုးရကနေ...
May 3, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဒေသထဲက တစ်နေရာကို  စစ်ကောင်စီက လေကြောင်းမှ...