မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-Mindat တို့ ၈ ရက်တာအတွင်း အနည်းဆုံး တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွား

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-Mindat တို့ ၈ ရက်တာအတွင်း အနည်းဆုံး တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွား

ခရစ္စမတ်နေ့မတိုင်ခင် ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ အနည်းဆုံး တိုက်ပွဲ ၈ ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က NLD လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ ဒါဟာ ချင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ နေအိမ် ပထမဆုံးအကြိမ် ချိပ်ပိတ်ခံရတာဖြစ်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့မှာ ဓာတ်ဆီတွေပြတ်လပ်နေပြီး တစ်ဂါလံ နှစ်သောင်းနီးပါး ဈေးနှုန်းမြင့်တက်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ မတူပီမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

May 9, 2024
- ကရင်နီပြည် ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်တာအတွင်း စစ်ကောင်စီဘက်က ၂၀...
May 8, 2024
- ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့်တောင်သူတွေ စက်သုံးဆီရရှိနိုင်ဖို့အတွက် စစ်ကောင်စီက...
May 8, 2024
- KNLA စစ်ဆေးဌာနနဲ့  BPHWT တို့ ပူးပေါင်းပြုလုပ်တဲ့ တိုင်းရင်းသားတွေပါဝင်တဲ့ ဆေးသင်တန်း...
May 7, 2024
- စစ်ရေးကြောင့် ဒေသထွက်ကုန်မတင်ပို့နိုင်လို့ ရခိုင်ပြည်စီးပွားရေးကျဆင်းနေပါတယ်။ -...