NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေး

NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေး

NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ယနေ့ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်သည်ဟု ယနေ့ ဧပြီလ ၂၂ ရက်ညတွင် စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ထန်တလန်မြို့နယ်မှာ ရွေးကောက်ခံရပြီးနောက် နိုင်ငံတော် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်သိမ်းယူခဲ့သည့်နောက်တွင် ဦးဟင်နရီဗန်ထီးယူသည် စစ်ကောင်စီက နေအိမ်အကျယ်ချုပ်သဘောဖြင့်ထိန်းသိမ်းထားပြီး စစ်အာဏာသိမ်းမှုအရေပေါ်ကာလသက်တမ်းတိုးသည့် ကာလုံအစည်း အဝေးတွင် ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည်။

Most read this week

May 9, 2024
ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ...
May 8, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း...
May 7, 2024
အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ရန် ဗဟိုအစိုးရကနေ...