ပြည်သူ့ စစ်မှုထမ်း ဥပဒေ ကရင်နီ တွင် ထိရောက်မှု ရှိမည်မဟုတ်

ပြည်သူ့ စစ်မှုထမ်း ဥပဒေ ကရင်နီ တွင် ထိရောက်မှု ရှိမည်မဟုတ်

စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေသည် ကရင်နီပြည်ရှိ တော်လှန်ရေး နယ်မြေများတွင် သက် ရောက်မှုမရှိဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ တော်လှန်ရေး နယ်မြေက ရမှာမဟုတ်ဘူးနော်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စစ်ယန္တယား ထိန်းချုပ်မှုမှမရှိတော့တာ။”

လက်ရှိ ကရင်နီပြည် တစ်ပြည်နယ်လုံးတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဘောလခဲမြို့တွင် စစ်တပ် ထောက်ခံသူ လူနည်းစုနေထိုင်သည့် နေရာများနှင့်နှင့် မြို့တော်လွိုင်ကော်၏ ၃ ပုံ ၁ ပုံခန့်ကိုသာ စစ်ကောင်စီ၏ စစ်အာဏာ သက်ရောက်မှု ရှိတော့သည်ဟု KNDF မှ တာဝန်ရှိသူများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့များတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအတိုင်း ပြည်သူများ စစ်မှုထမ်းဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန်ရှိသည်ဟု စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေး ဗဟိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီအတည်ပြုလိုက်ခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အဲဒီဟာတွေကတော့ ပြည်နယ်နဲ့ တိုင်းက ဝန် ကြီးချုပ်က သတ်မှတ်မှာပါ ဘယ်ဟာကအကျုံးဝင်တယ် ဘယ်နယ်မြေထိ အကျုံးဝင်တယ်ဆိုတာလေ သူတို့က ပြောပါလိမ့်မယ်။ ရပ်ကျေးအထိ ဆင်းကောက်မှာ ဆိုတော့လေ” ဟု ပြောသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် အဖွဲ့များအား အဆင်ဆင့် ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်သည်ဟု ပြည်သူ့ စစ်မှု ထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“ပြည်နယ်နဲ့တိုင်းမှာ ဝန်ကြီးချုပ်ကနေ အဆင့်ဆင့်ဖွဲ့ထားတယ်လေ။ ကျနော်တို့ ဗဟိုအဖွဲ့ရယ် ပြည်နယ်နဲ့ တိုင်း အဖွဲ့ရယ် ဆင့်ခေါ်ရေး အဖွဲ့ရယ် ပြီးတော့ ခရိုင်အဖွဲ့ရယ် မြို့နယ်အဖွဲ့ ရပ်ကျေးအဖွဲ့ အဆင့်ဆင့် ဖွဲ့ထားတာလေ။”

ထိုအစီအစဉ်အား မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကိုမူ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးဟု ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ ရှိရာ ၂၀၂၃ နိုဝင်ဘာလအထိ မြို့နယ်ပေါင်း ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်များ အဖြစ် စစ်ကောင်စီက ကြေညာထားသည်။

ကရင်နီပြည်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် စစ်အုပ်ချုပ်ရေးမြို့များအဖြစ် သတ်မှတ်ကာ ကြေညာထားခြင်း ဖြစ်သည်။

အဆိုပါ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့များကို စစ်ကောင်စီဘက်မှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ပြည် နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်များမှ ထိန်းချုပ်ထားသည်။

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့များထဲမှ ရှားတောမြို့ကိုလည်း ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များမှ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ရှားတောမြို့ကို အပြည့် အဝ ထိန်းချုပ်ထားနိုင်ပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

အလားတူပင် ချင်းပြည်နယ်တွင်လည်း ပြည်နယ်၏ နယ်မြေအများစုကို ချင်း တော်လှန်ရေး တပ်များက ထိန်းချုပ်ထားသည်၊။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...