AA ၏ တိုက်ခိုက်မှုကြောင့် မင်းပြားတွင် စစ်သင်္ဘောတစင်းထပ်မံနစ်မြုပ်

AA ၏ တိုက်ခိုက်မှုကြောင့် မင်းပြားတွင် စစ်သင်္ဘောတစင်းထပ်မံနစ်မြုပ်

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီ၏ ရေယာဉ်များ AA ၏ တိုက်ခိုက်ခံရပြီး နစ်မြုပ်လျက်ရှိရာ မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ သင်္ဘောတစင်း ထပ်မံနစ်မြုပ်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် AA က မင်းပြားမြို့နယ်တွင် စစ်သင်္ဘောကို နစ်မြုပ်ခဲ့သည့်အ‌ကြောင်းကို ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ကျောက်တော်မြို့၌ AA က စစ်ကောင်စီ၏ သင်္ဘောသုံးစင်းကို တိုက်ခိုက်ကာ နစ်မြုပ် နိုင်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့ခြင်း လည်းဖြစ်ကာ နစ်မြုပ်ခဲ့သည့် စစ်သင်္ဘော လေးစင်းအထိ ရှိလာပြီဖြစ်သည်။

ထို့ပြင် ယင်း သင်္ဘောသုံးစင်းကို လာကူသည့် သင်္ဘောလေးစင်းကို လည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ရခိုင်တိုက်ပွဲများတွင် စစ်ကောင်စီက ကြည်းရေလေ ပပူးပေါင်းမှုဖြင့် AA ၏ ထိုးစစ်ကို ခုခံလျက်ရှိသော်လည်း စစ်စခန်းများ၊ မြို့များကို လက်လွတ်ဆုံးရှုံးလျက်ရှိသည်။

ကြည်းရေလေ ပူးပေါင်းခုခံနေသော်လည်း ကြည်းတပ်ထက် ရေတပ်နှင့် လေတပ်ကို ပိုမိုအသုံးပြုနေသည်ဟု AA က သုံးသပ် ထားသည်။

စစ်ကောင်စီ၏ ရေတပ်သင်္ဘောများကလည်း ရခိုင်ပြည်နယ်အတွင်း ရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူအချို့အသက် ဆုံးရှုံးခဲ့ရသည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...