အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်တွင် အရပ်သား ၁၀၀ ကျော်သေဆုံးဟု ISP ထုတ်ပြန်

အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်တွင် အရပ်သား ၁၀၀ ကျော်သေဆုံးဟု ISP ထုတ်ပြန်

စစ်တပ် အာဏာသိမ်းပြီးနောက် ယခု ၂၀၂၃ခုနှစ်၊ မေလအထိ ကောက်ယူထားသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု-ISP စစ်တမ်းများအရ စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကရင်ပြည်နယ်တွင် သေဆုံးသူ အရပ်သား ၁၀၀ ကျော်ရှိကြောင်း ISP ၏ ထုတ်ပြန်ချက်အရ သိရ သည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာ နိုင်ငံတဝှမ်း သေဆုံးသူ အရပ်သားစုစုပေါင်း (၈,၀၀၀) ကျော်ရှိပြီး ထိုအရပ်သား ၈,၀၀၀ ကျော်အနက် ၂,၁၀၀ ကျော်သည် ဆန္ဒပြပွဲများ တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုနှင့် ဖမ်းဆီးထိန်းသိမ်းထားစဥ် အတွင်း သေဆုံးခဲ့ရသူများဖြစ်ပြီး တိုက်ပွဲ ပဋိပက္ခ များကြောင့် သေဆုံးသူ ၂,၄၀၀ ကျော်နှင့် ISP ကအတည်ပြုနိုင်ခြင်းမရှိသေးသည့် ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ ၄,၀၀၀ ကျော်ဖြစ်ကြောင်း ဇွန်လ (၁၄) ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲပဋိပက္ခများကြောင့် သေဆုံးသူအရပ်သားများ အနက် တိုင်းဒေသကြီး အလိုက်အားဖြင့် စစ်ကိုင်းတိုင်းမှသေဆုံးသူစုစုပေါင်း တစ်ထောင် ကျော်ဖြင့် ပထမနေရာတွင်ရှိနေသလို ကရင်ပြည်နယ်မှ သေဆုံး သူ တစ်ရာကျော်ရှိကာ ဆဋ္ဌမနေရာတွင် ရှိနေကြောင်း ISP က ဆိုထားသည်။

အဆိုပါ ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှုသည် ယခုနှစ်အတွင်း များလာပြီး စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် အများဆုံး ထိခိုက်သေဆုံးကြရကြောင်း ကရင် လူ့ အခွင့်အရေးအဖွဲ့ - KHRG၏ ပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

၎င်းက “ကျနော်တို့ ဒေသမှာတော့ ပဋိပက္ခတွေကြောင့် သေဆုံးသူ အရပ်သားဦးရေက များသထက် များလာ တယ်။ တိုက်ပွဲဖြစ်ပွားတာကြောင့်ရော၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာရယ်၊ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အများဆုံး သေဆုံးရ တာမျိုးပေါ့” ဟု ပြောသည်။

ထို့အတူ ခက်ခဲဆိုးဝါးသည့် အခြေအနေများကြား ထွက်ပြေးတိမ်းရှောင်ကြရသော အချို့စစ်ဘေးရှောင်များသည် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမရရှိသည့်အတွက် ဖျားနာ၍ သေဆုံးကြရသလို တိုက်ပွဲဖြစ်ပွားသည့် အနီး အနားရွာများရှိ ဒေသခံများသည်လည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို ခံနေရကြကြောင်း ၎င်းက ဆက်ပြောသည်။

ISP ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်း ၂ နှစ်ကျော်အတွင်း အရပ်သားသေဆုံးမှုသည် ရုရှားကျုးကျော်စစ် နှင့် ဖျက်အားပြင်းလက်နက်များကြောင့် သေဆုံးခဲ့ရသည့် ယူကရိန်း နိုင်ငံရှိအရပ်သားဦးရေနှင့် နှိုင်းယှဥ်ပါက ကွာခြားမှု သိပ်မရှိကြောင်းနှင့် မြေပြင်အခြေအနေအရ သေဆုံးသူ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း ဆက် လက် ဖော်ပြထားသည်။

အလားတူ ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ ဖြစ်သော ကော်သူးလေဒေသများတွင် အာဏာသိမ်း ၂ နှစ် ကျော် ကာလအတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ အရပ်သားဦးရေ (၁၃၄) ဦး ရှိနေပြီး တပ်မဟာ (၃) ထိန်းချုပ် နယ် မြေ ညောင်လေး ပင်ခရိုင်နှင့် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်တို့တွင် သေဆုံးမှု အများဆုံး ဖြစ် ကြောင်း KHRG ၏ မှတ်တမ်းပြုစုချက် အရ သိရသည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...