ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသ ၂ ခုကို ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်း ထိုင်းဖြတ်တောက်

ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသ ၂ ခုကို ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်း ထိုင်းဖြတ်တောက်

မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ်တန်း ပေးဝေနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ဇွန်လ ၅ ရက်နေ့ ညသန်းခေါင် အချိန်တွင် ဖြတ်တောက် လိုက်ပြီဖြစ်သည်။

အဆိုပါ ဒေသ ၂ ခုကို ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီးလိုင်း နှစ်ကြောင်းဖြင့် ပေးဝေရာတွင် လျှပ်စစ်မီး ပေးဝေ ရေး နှစ်နိုင်ငံကုမ္ပဏီများ၏ စာချုပ်သက်တမ်းများ ကုန်ဆုံးသွားခြင်းကြောင့် လျှပ်စစ်မီးဖြတ်တောက်မည်ဟု ကနဦးသတင်းများထွက်ပေါ်လာရမှ မီးအမှန်တကယ်ဖြတ်တောက် သွားခြင်းဖြစ်သည်ကြောင်း ရွှေကုက္ကိုလ်ဒေသခံရွာသားတစ်ဦးက ပြောသည်။

“ည ၁၂ နာရီက မီးပြတ်ကုန်ပြီး။ တရုတ်ကာစီနိုတွေရော ရပ်ကွက်တွေကရော အကုန်ပြတ်ကုန်ပြီး။ တရုတ် ဆိုက်ဘက်ကျတော့ မီးစက်ကြီးနဲ့မောင်းတော့ ရတယ်။ ထိုင်းကပေးတဲ့ မီးလိုင်းက ၂ လိုင်းရှိတယ်။ မြဝတီ ဘက် ပေးတဲ့ တစ်လိုင်းကလာတယ်။ ရွှေကုက္ကိုလ်တစ်ကြောပေးတဲ့လိုင်းကျတော့ ပြတ်သွားတယ်။ မီးသမားတွေ ပြောတာတော့ တစ်ပတ်လောက် စောင့်ကြည့်ရမယ်တဲ့” ဟု ပြောသည်။

ထိုသို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းသည် ထိုင်းအစိုးရနှင့် ရွှေမြစ်သောင်ရင်း ကုမ္ပဏီတို့အကြား ချုပ်ဆို ထားသည့် လျှပ်စစ်ဓါတ်အားပေးဆိုင်ရာ သဘောတူညီချက် စာချုပ်သက်တမ်းကုန်ဆုံးမှုကြောင့် ဖြစ်သည်ဟု ရွှေကုက္ကိုလ်ဒေသခံ ရွာသားများက ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသရှိ ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံထားရမှုကြောင့် လျှပ်စစ်ဖြင့် အသုံးပြုလုပ်ကိုင်နေသည့် ဒေသခံရွာသားများ အနေဖြင့် လုပ်ငန်းတွင်ခက်ခဲမှုများ ရှိလာကြောင်း အခြား ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“မီးဖြတ်မယ်ဆိုတာတော့ သတင်းကြားနေတာ ၄ ရက်လောက်ရှိပြီး။ ညက မီးစပြတ်သွားတယ်။ ကျနော်တို့ အလုပ်က အဲယားကွန်းပြင်၊ ဝရိန်တို့အလုပ်လုပ်နေတော့ မီးစက်ကြီးရှိတဲ့ အိမ်လောက်ပဲ ခေါ်လုပ်တော့တယ်။ ဒီနေ့တော့ အလုပ်မသွားရတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ရွှေကုက္ကိလ်ဒေသတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ဒေသခံရွာသာများနှင့် ပြည်ပ မှရောက်ရှိလာသည့် တရုတ်၊ ထိုင်းစသည့်နိုင်ငံသားများက မီးစက်များကို အသုံးပြုရန် ရှာဖွေ ဝယ်ယူမှုများ ပြုလုပ်နေကြကြောင်းလည်း ဒေသခံရွာသားများက ပြောသည်။

ထိုသို့ လျှပ်စစ်မီး ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် မြဝတီမြို့မှလွဲ၍ ရွှေကုက္ကိုလ်ကျေးရွာ နှင့် မြို့သစ် စီမံကိန်း နေရာရှိ ကာဆီနို လောင်းကစားရုံများအပြင် အင်ကြင်းမြိုင် ဒေသရှိ မင်းလက်ပံ၊ မယ်ထော်သလေး၊ ဖလူးနှင့် အင်ကြင်းမြိုင်အစရှိသည့် ဒေသများတွင် လျှပ်စစ်မီးပြတ်တောက်သွားပြီးဖြစ်ကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...