မြင်းမူမြို့နယ်ရှိ Non CDM ပညာရေးဝန်ထမ်းများအား အရေးယူမည်ဟု ပအဖ သတိပေး

မြင်းမူမြို့နယ်ရှိ Non CDM ပညာရေးဝန်ထမ်းများအား အရေးယူမည်ဟု ပအဖ သတိပေး

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသာ Non CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံး ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူ စီရင်ခြင်းခံရမည် ဖြစ်ကြောင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြင်းမူ) က ဇွန်လ ၂ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။

ဇွန်လ ၁ရက်နေ့မှစ၍ စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဟု ကြားသိရ ကြောင်း၊ ယင်းစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည်လည်း စစ်ကောင်စီ နည်း တူ ရာဇဝတ်မှုကျူးလွန်နေကြသူများဟု သတ်မှတ်နိုင်ကြောင်းဆိုသည်။

မြင်းမူ ပကဖ တာဝန်ရှိသူတစ်ဦးက “အခု မြန်မာပြည်ထဲမှာဗျာ နေစရာ၊ အိပ်စရာမရှိ၊ စားစရာခက်ခဲ၊ ဝတ်စရာ ခက်ခဲတဲ့ ကျောင်းသူ၊ ကျောင်းသား မြောက်မြားစွာရှိပါတယ်။ စစ်ဘေးရှောင်နေကြရတဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာမှာ အဲဒီလိုရှိနေတဲ့ ကလေးတွေရဲ့မျက်နှာကိုမှ မထောက် ပြည်သူ့အစိုးရနဲ့လည်း မပူးပေါင်းဘဲ စစ် ကောင်စီရဲ့ ယန္တရားလည်ပတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ Non CDM တွေကို အရေးယူဖို့ရှိပါတယ်” ဟု မဇ္စျိမ ကို ပြောသည်။

အရေးယူရာတွင် အဆိုပါ၀န်ထမ်း၏ လုပ်ဆောင်မှု၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေပေါ် မူတည် စဥ်းစားကာ ထိုက်သင့်သည့် အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အရေးယူဆောင်ရွက်သွားမည့် ပုံစံနှစ်မျိုးမှာ လူမှုရေး အပြစ်ဒဏ်ပေးခြင်း၊ စစ်ကောင်စီနှင့် ပတ်သက်ခြင်း မရှိ တော့ကြောင်း ခံဝန်ကတိထိုးကာ ပြည်သူ့အစိုးရ ဖွင့်လှစ်သည့် ကျောင်းတွင် တာ၀န်ထမ်းဆောင်စေခြင်း ဖြစ် ကြောင်း ဆိုသည်။

ထို့အပြင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စစ်ကောင်စီအား ကြေညာထားပြီး ဖြစ်ရာ ၎င်းတို့နှင့် ပူးပေါင်း ဆောင် ရွက်သူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ-၅၂(က)ဖြင့် အရေးယူမည် ဖြစ်သည်။

စစ်ကောင်စီတပ်သည် မတရားအာဏာသိမ်းသည့် နေ့မှစတင်၍ ပြည်သူများအား အစုလိုက်၊ အပြုံလိုက် ရက် ရက်စက်စက် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီး ထောင်ချခြင်း၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း စသည့် ရာဇဝတ် မှုများကို ဆက်တိုက်ကျူးလွန်နေသော အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ကြောင်း မြင်းမူ ပအဖ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးအနာဂတ်အတွက် စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းများ တွင် ပညာသင်ကြားစေခြင်း မပြုဘဲ တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြရန်လည်း တိုက်တွန်း နှိုး ဆော်ထားသည်။

မြင်းမူမြို့နယ်တွင် မူလတန်း ၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သုံးကျောင်းရှိ ပြီး CDM ပြုလုပ်ထားသူ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိသည်။

မြင်းမူမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပညာရေးဝန်ကြီးဌာန လက်အောက်တွင် KG အဆင့် မှ အထက်တန်းအထိ ကျောင်း ၆၅ ကျောင်းဖွင်လှစ်ထားပြီး လတ်တလောတွင် ပညာရေးအခြေခံ ပြီးဆုံးကြောင်း စာမေးပွဲများ ဖြေဆိုလျက်ရှိကာ အရည်အချင်းစစ် စာမေးပွဲများကိုလည်း သတ်မှတ်ထားသည့် အချိန်ဇယားများ အတိုင်း ပုံမှန်ကျင်းပလျက်ရှိနေသည်ဟု ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

Most read this week

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...