စမ်းချောင်းတွင် လူငယ် ၁၆ ဦးအား အရပ်ဝတ်စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီး

စမ်းချောင်းတွင် လူငယ် ၁၆ ဦးအား အရပ်ဝတ်စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်မှ လူငယ် ၁၆ ဦးအား အရပ်ဝတ် စစ်ကောင်စီ တပ်သားများက မေလ ၂၅ ရက်နေ့က တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

“အစက ကောင်လေးနှစ်ယောက်ကို ဖမ်းသွားတာ၊ သူတို့လာတဲ့ အချိန်မှာလည်း လက်ထဲမှာ စာရွက်ပါလာ တယ်။ နာမည်စာရင်းဖြစ်ဖို့ များတယ်။ နောက်တော့ ဖမ်းခံရတဲ့ ကောင်လေးတွေကို မေးပြီး နောက်ထပ် တစ် အိမ်ကို သွားဖမ်းတယ်။ အဲ့မှာကြတော့ ဒီရက်ပိုင်းမှာ ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ထုတ်ဆိုပြီးတော့ စစ်တယ်။ စစ်ပြီးတော့ အိမ်တော်တော်များများ ဝင်ဖမ်းပြီး ၁၆ ယောက်ကို ကားပေါ်တင်ဖမ်းသွားတယ်” ဟု ရပ်ကွက်နေ ပြည်သူများထံကတစ်ဆင့် သိရသည်။

ဖမ်းဆီးသည့်ဖြစ်စဉ်မှာ မေလ ၂၅ ရက် နံနက်အစောပိုင်း ၂ နာရီခွဲမှ ၄ နာရီ အကြားတွင်ဖြစ်ပြီး ဖမ်းဆီးရသည့် အကြောင်းအရင်း အသေးစိတ်အား မသိရှိရသေးသော်လည်း ထိုထဲတွင် ဆရာဝန်နှစ်ဦး ပါဝင်သည်ဟု ဆိုကြသည်။

ယခင်က ဖမ်းဆီးမှုများတွင် အဖမ်းခံရသူများအား စမ်းချောင်းရဲစခန်းသို့ အရင်ပို့ဆောင်ခဲ့ကြသော်လည်း ယခုဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရပေ။

ဖမ်းဆီးခံရသော လူငယ် ၁၆ ဦးအနက် နှစ်ဦးမှာ ပြန်လည်  လွတ်မြောက်လာသော်လည်း ကျန် ၁၄ ဦး၏ သတင်းမှာတော့ ပျောက်နေဆဲဖြစ်ကြောင်း ပြောသည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက တာဝန်ရှိသူက“စစချင်းဖမ်းခံရတာ ၁၃ ယောက်၊ နောက်ကျတော့ ကားပေါ်ဖမ်းတင်သွားတာ ၁၆ ယောက်ဖြစ်သွားတယ်။ ဖမ်းသွားပြီးတော့ နှစ်ယောက်ကို ပြန်လွှတ်လိုက် ပြီး တော့ ၁၄ ယောက်ကိုတော့ ဘယ်နေရာခေါ်ထားမှန်း မသိ ဘူး။ ရဲစခန်းမှာလည်းလုံးဝမရှိဘူး” ဟု မဇ္ဈိမ ကို ပြောသည်။

ဖမ်းဆီးမှုဖြစ်ပွားသည့်နေရာမှာ စမ်းချောင်း ၊ ဝေဠုဝန်မြောက်ရပ်ကွက်တွင် ဖြစ်ပြီး ထိုရပ်ကွက်၌ စစ်ကောင်စီ သတင်းပေး သုံးဦးရှိကာ အဆိုပါ သတင်းပေးများ၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရမှု ဖြစ်စဉ်ရှိခဲ့ခြင်း ဖြစ်သည် ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကလည်း စမ်းချောင်းတွင် လမ်းသွားလမ်းလာ လူငယ်ပါမကျန် စစ်ဆေးဖမ်းဆီး ခံရပြီး တစ်ပတ်အတွင်း အယောက် ၃၀ ခန့် ဖမ်းဆီးခံရသည့် အခြေအနေဖြစ်ခဲ့ကာ ထိုကဲ့သို့ ဖမ်းဆီးမှုများ ပြု လုပ်ပြီးနောက် ရန်ကုန်ရှိ မြို့ပြပြောက်ကျားများကို စစ်ကောင်စီဘက်မှ ဖမ်းမိထားကြောင်းဆိုကာ ပုဒ်မမျိုးစုံ တပ်၍ သတင်းထုတ်ပြန်ကြေညာခြင်းများလည်း ရှိသည်။

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...