စစ်တပ်က KIA တပ်ရင်း ၄၄ ဘက် စစ်ကြောင်းထိုးနေသောကြောင့် ဖားကန့်ဒေသခံများ တိမ်းရှောင်နေရ

စစ်တပ်က KIA တပ်ရင်း ၄၄ ဘက် စစ်ကြောင်းထိုးနေသောကြောင့် ဖားကန့်ဒေသခံများ တိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ ဘက်သို့ စစ်ကောင် စီတပ်မှ စစ်ကြောင်းထိုးနေသော ကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ သည်ဟု ဒေသခံများက ပြောသည်။

KIA တပ်ရင်း ၄၄ နယ်မြေရှိ နန့်တိန်းကျေးရွာနှင့် နန့်ယားကျေးရွာကြားမှ ဆိုင်းဖရာ၊ ကပ်မှော်ကျေးရွာ၊ ဂတ်နွယ် ကျေးရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း နန့်ယားကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“နန့်ယားဒေသခံတွေကတော့မပြေးကြဘူး အဲ့မှာတော့နဂိုကတည်းက စစ်တပ်ရှိတယ်။ ရွာလည်းကြီးတယ်။ အခု က ဆိုင်းဖရာရယ်၊ ကပ်မှော် အဲ့ရွာတွေပြေးနေကြတယ်။ တချို့က ဖားကန့်မြို့ထဲမှာတချို့က ကာမိုင်းမှာပေါ့ နီးစပ်ရာကိုတိမ်းရှောင်နေကြတယ်” ဟု ပြောသည်။

မိုးကောင်းဘက်မှ တက်လာသည့် စစ်အင်အား ၁၀၀ ကျော်ပါသော အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ KIA တပ်ရင်း ၄၄ နယ်မြေဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ ၂ ဖက်တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

လက်ရှိတွင် စစ်ရှောင်ပြည်သူ ၆၀၀ ခန့်ရှိနေပြီး နန့်ယားကျေးရွာရှိ KBC ခရစ်ယာန်ဘုရားကျောင်းတွင် ၂၀၀ ကျော်၊ စပေါ့ကျေးရွာရှိ KBC ဘုရားကျောင်းတွင် ၂၀၀ ကျော်နှင့် ကျန်ဒေသခံ ၁၀၀ နီးပါးသည် နန့်ယားကျေးရွာ၊ ကာမိုင်းမြို့ပေါ်နှင့် ဖားကန့်မြို့ပေါ်ရှိ အသိဆွေမျိုးများ၏ နေအိမ်တို့တွင် တိမ်းရှောင်နေကြရသည်။

“စစ်ကြောင်းက နန့်ယားမှ ပြန်ဆုတ်လာတယ်။ ဘယ်ကိုပြန်ထွက်မလဲတော့ မသိရသေးဘူး။ မနေ့ကညနေ လည်း နန့်ယားဘက်မှာ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ပစ်နေသေးတယ်။ အခြေနေကတော့ မငြိမ် သေးဘူး အဲ့ဘက်က” ဟု လဝါးကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများသည် မိုးကောင်း-ကာမိုင်း- ဖားကန့် လမ်းမပေါ်တွင် ရှိသည့် ကျေးရွာများဖြစ်ပြီး အိမ်ခြေ ဆယ်ဂဏာန်းခန့်သာရှိသည့် ရွာငယ်များ ဖြစ်ကြသည်။

မေလ ၁၄ ရက်နေ့က KIA တပ်ရင်း ၄၄ ဘက်သို့ စစ်ကြောင်းထိုးသွားစဥ်တွင် နန့်တိန်းကျေးရွာအနီး ဖြစ်ပွားခဲ့ သည့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ဖားကန့်ဒေသက KIA၊ PDF အဖွဲ့တို့နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“အဲ့နေ့ တိုက်ပွဲကတော့ အတော်လည်း ပြင်းထန်သွားတယ်ဗျ။ မနက်ကတည်းကနေ ဖြစ်တာ။ ညအထိပဲ တစ်နေ ကုန် ဖြစ်သွားတာပေါ့။ သူတို့ဘက်က လှုပ်ရှားလာတာဆိုတော့ ဒီဘက်က အသာစီးရထားတဲ့ သဘောမှာ ရှိတယ်။ စစ်ကောင်စီတပ်တွေ ဘက်ကတော့ ထိခိုက်ကျဆုံးမှုများတယ်လို့တော့ သိရတယ်” ဟု ပြောသည်။

KIA တပ်ရင်း ၄၄ ဘက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး တင်းမာမှုများကြောင့်ဟု ဆိုကာ ဖားကန့်-နန့်ယားသွားသည့်လမ်းကို နန့်ယားဂိတ်မှ မေလ ၁၅ ရက်နေ့တွင် စစ်တပ်ဘက်က ပိတ်ထားခဲ့သည်။

ထိုသို့ ပိတ်ထားခဲ့သောကြောင့် ကုန်ကားများ၊ ခရီးသည်တင်ကားများ လမ်းတလျှောက်တွင် ပိတ်သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လမ်းကို ပြန်ဖွင့်ပေးခဲ့သည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...