ရိုဟင်ဂျာ ၇၀ ပင်လယ်ပြင်တွင် ဖမ်းခံရ

ရိုဟင်ဂျာ ၇၀ ပင်လယ်ပြင်တွင် ဖမ်းခံရ

ဂေါ်ရန်ဂျီကျွန်းအနီး ပင်လယ်ပြင်တွင် အသက် ၁၈ နှစ်အောက် အမျိုးသားငယ် ၅ ဦးအပါအဝင် ရိုဟင်ဂျာ အယောက် ၇၀ ဦးကို စစ်ကောင်စီ လက်အောက်ခံ ရေတပ်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများ က ပြောသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ဂေါ်ရန်ဂျီကျွန်းအနီး ပင်လယ်ပြင်တွင် စက်လှေဖြင့် လိုက်ပါ လာသည့် ရိုဟင်ဂျာ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၇၀ ဦးတို့ကို စစ်ကောင်စီ လက်အောက်ခံ ရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “အခုကတော့ ငရုတ်ကောင်းမြို့ပေါ်ကို ခေါ်လာပြီ။

ရေသန့်စက်ရုံက ဂို ထောင်ထဲမှာထားပြီး ရဲနဲ့ လဝက တွေက စစ်ဆေးနေတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများမှ ဖြစ်ပြီး ပွဲစားများ၏ ချိတ် ဆက်မှုဖြင့်၊ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာလာကြခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆက်လက်၍လည်း “သူတို့ကို စက်လှေနဲ့ ခေါ်လာတဲ့ မြန်မာ ၇ ယောက်ကိုလည်း စစ်ဆေးနေတယ်။

ပွဲစားတွေ လား၊ စက်လှေအဌား လိုက်လာတဲ့ သူ‌တွေလား ဆိုတာကိုတော့ မသိဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ပြော သည်။

ရခိူင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ကြရပြီး အနာဂတ်ပျောက် ဆုံးနေကြသူများ ဖြစ်၍ စွန့်စားထွက်ခွာကာ နေရသစ်ရှာဖွေလိုကြသည့် သနားစရာ လူငယ်များ ဖြစ်ကြသည်ဟု ပုသိမ်မြို့မှ ရိုဟင်ဂျာများအရေး ဆောင်ရွက်နေသူ တစ်ဦး က ဆိုသည်။

ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦး က “အခုမဖ်းမိထားတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ် - ၁၄ နှစ် အရွယ် ယောက်ကျားလေးတွေ ၅ ယောက် လောက်လည်း ပါတယ်” ဟု ပြောသည်။

ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာများကို ဒုတိယအကြိမ် ဖမ်းဆီးမိခြင်း ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်၊ ဇန္နဝါ ရီလ ၁ ရက်နေ့ကလည်း ရိုဟင်ဂျာ ၃၉ ဦး ကို ဟင်္သာတမြို့၊ လယ်တီကွင်းမြို့ အဝင် စစ်ဆေးရေးဂိတ်နေရာတွင် ဖမ်းဆီးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ အယောက် ၇၀၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ရဲများက ဖမ်းဆီးခဲ့ပြီး လူ၀င်မှုကြီးကြပ်ရေး ဥပဒေများနှင့် တရားစွဲဆိုခံကြသည်။

ဖမ်းဆီးခံရသူ အယောက် ၇၀၀ အနက် အယောက် ၅၀၀ ကျော်ကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့‌ပြီး ဖြစ် သည်ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများ က ပြောသည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...